Spots news

နေမာ နဲ့ ဘာပေ ကိုဆက်‌နေဖို့ ခယနေမှာ မဟုတ်ကြောင်း PSG ဒါရိုက်တာ လီယိုနာဒို သတိပေး

Unicode Version

ပီအက်စ်ဂျီ အသင်း အားကစား ဒါရိုက်တာလီယိုနာဒိုက အသင်း အနေနဲ့ အမ်ဘာနဲ့ နေမာတို့ကို အသင်းမှာ ဆက်လက် ရှိနေ ဖို့အတွက် တောင်းပန်ခယ သွားစရာ မရှိကြောင်း ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

ပီအက်စ်ဂျီ တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ အမ်ဘာပေနဲ့ နေမာတို့ နှစ်ဦးစလုံးဟာ ၂၀၂၂ ခုနှစ်၊ ဇွန်လမှာစာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး အသင်းကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေတဲ့ သူတွေလည်း ဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်း အနေနဲ့ သူတို့ နှစ်ဦးစလုံး ကို အသင်းမှာ ဆက်လက် ရှိနေဖို့ အတွက် မျှော်လင့်ထား ပေမယ် အတင်းအကြပ် တောင်းပန်း ခယသွားဖို့တော့ မရှိဘူးလို့ ပြတ်ပြတ် သားသား ဆိုထားတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းအားကစား ဒါရိုက်တာလီယိုနာဒိုက ”ကစားသမားတွေ အနေနဲ့ မှန်ကန်တဲ့နေရာ၊ ကောင်းမွန်တဲ့အဆင့်မှာသက်သောင့် သက်သာ နဲ့  ရှိနေတယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အ နေနဲ့ သူတို့ကို အသင်းမှာ ဆက်လက် ရှိနေဖို့ အတွက် တောင်းပန်သွား စရာ မ ရှိပါဘူး။

သူတို့ရဲ့ဆန္ဒ၊ တောင်း ဆိုမှုနဲ့ ကျွန်တော်တို့အသင်းရဲ့လုပ်အပ်ချက်၊မျှော်လင့်ချက်တွေ အဖြေရှာပြီး သဘောတူညီချက် ယူသွားဖို့သာရှိပါ တယ်။ ကစားသမား တစ်ဦး က သူနှစ်သက်ရင် အသင်းမှာ ဆက်လက် ရှိနေမှာပါ”လို့ပြောဆိုခဲ့ပါတယ်။