Spots news

မန်ယူ ခေါ်ယူမည့် ဘရာဇီး လူငယ်ကြယ်ပွင့် နှင့် မနက်ခင်းသတင်းတိုများ

Unicode Version

ပရီးမီးယားလိဂ် ကလပ် ဝုလ်ဗ်အသင်း ဟာ ဆိုစီဒက် အသင်းရဲ့ ဘရာဇီးလ် ယူ-၂၀ တိုက်စစ်မှူးဟောင်း ဝီလျံဟိုဆေး (၂၉ နှစ်)အား ရာသီဝက်အငှား စာချုပ် ဖြင့် ခေါ်ယူခဲ့ပြီး ရာသီကုန် တွင် ယူရိုသန်း (၂၀) ဖြင့် အပြီးသတ် ခေါ်ယူနိုင်မည့် သဘော တူညီချက် ပါရှိကြောင်း သတင်းများအရ သိရပါတယ်။

ဝီလျံဟိုဆေး ဟာ ဆိုစီဒက် အသင်း အတွက် (၄)ရာသီခွဲ ကာလ အတွင်း ပြိုင်ပွဲစုံ (၁၇၀) ပွဲကစားကာ၊ (၆၂)ဂိုး သွင်းယူ ပေးခဲ့ပြီး အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြ နိုင်ခဲ့သူ ဖြစ်ပါတယ်။

ဝက်စ်ဟမ်း ယူနိုက်တက် အသင်းရဲ့ အင်္ဂလန်လက်ရွေးစင် ကွင်းလယ် ကစားသမား ဒစ်ကလန်ရိုက်စ် ကို ချယ်လ်ဆီး မန်ချက်စတာ ယူနိုက်တက် အသင်းတွေ အပြင် မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ ကလည်း ရိုက်စ်ကို

ခေါ်ယူ သွားဖို့ အတွက် စိတ်ဝင်စား လျက် ရှိနေတယ်လို့ 90Min ကနေ ဖော်ပြလာ ခဲ့ပါတယ်။ဝက်ဟမ်းစ် ကတော့ သူတို့ရဲ့ ကြယ်ပွင့်ကစားသမား ကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်း သွားချင် နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်း ဟာ ပယ်လ်မေးရီးယား အသင်း တိုက်စစ်မှူး ဂါဘရီရယ် ဗာရွန် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သတင်းတွေက ဖော်ပြ လာပါတယ်။ ဗာရွန်ကို ခေါ်ယူနိုင်ဖို့ အတွက် တော့ ယူနိုက်တက် က ထိပ်ဆုံးက ဦးဆောင် နေပြီး မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီး နဲ့ လာလီဂါ ထိပ်သီး ဘာစီလိုနာ တို့ကလည်း စိတ်ဝင် စားလျက် ရှိပါတယ်။

တောင်ပံ တွေမှာလည်း ကစားလေ့ ရှိတဲ့ ဘရာဇီးလူငယ် လက်ရွေးစင် ကစားသမားလေးကို ခေါ်ယူဖို့ ယူနိုက်တက်က နောက်ကွယ်မှာ ကြိုးစား နေတယ် လို့ ယူဆ ရပါတယ်။ ဗာရွန်ဟာ ပယ်လ်မေးရီးယား အတွက် စီနီယာ အသင်းမှာ ၃၄ ပွဲကစားပြီး ၁၅ ဂိုး သွင်းယူ ထား ပါတယ်။