Unicode Version
မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ပြောင်းရွှေ့လာခဲ့တဲ့ ဥရုဂွေး လူငယ် တောင်ပံ ကစားသမား ပယ်လီစထရီဟာ ယခု ဇန်နဝါရီလ
အပြောင်းအရွှေ့ အတွင်းမှာ စပိန်လာလီဂါ ပြိုင်ပွဲဝင် အသင်းတစ်သင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်း သူ့ရဲ့ အေးဂျင့်ဖြစ်သူက အတည်ပြု ပြောကြား သွားခဲ့ပါတယ်။
အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ဥရုဂွေး လူငယ်ကြယ်ပွင့် ပယ်လီစထရီဟာ မန်ချက်စတာ ယူနိုက်တက် အသင်းထံကို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဥရုဂွေးကလပ် ပီနာရိုးလ်အသင်းကနေ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူဟာ
တောင်အမေရိကတိုက် ကနေ ပြောင်းရွှေ့လာတဲ့ ကစားသမား တစ်ဦးဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူ့ကို ဥရောပရဲ့ ဘောလုံး ကစားဟန်နဲ့ ပိုမို ရင်းနှီးအောင် ပွဲထွက်ခွင့် ရမယ့် အခြား အသင်းတစ်သင်းထံ အငှားချချင်နေတာပါ။
ပယ်လီစထရီဟာ ပြီးခဲ့တဲ့ ရာသီဝက် ကာလအတွင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ စီနီယာ အသင်းကြီးနဲ့ ရံဖန်ရံခါ လေ့ကျင့်ခန်း
ဆင်းခွင့် ရရှိခဲ့ပေမယ့် အသင်းအတွက် တရားဝင် ပွဲဦးထွက်ကိုတော့ ကစားခွင့် မရရှိသေးပဲ ယူ-၂၃အသင်းနဲ့သာ ကစားခွင့် ရရှိထားပါတယ်။
ပယ်လီစထရီဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ယူ-၂၃ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၈ပွဲပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူ နိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ် ထားနိုင်ခဲ့ပါတယ်။
ဥရောပ အခြေစိုက် သတင်းမီဒီယာ တချို့ကတော့ ပယ်လီစထရီကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းတွေဟာ အိုဆာဆူနာ ၊ အီဘာနဲ့ ဂရန်နာဒါတို့ ဖြစ်ကြောင်း ဖော်ပြထားကြပြီ
ပယ်လီစထရီဟာ တစ်ချိန်က ပါရဲရားကို မန်ချက်စတာ ယူနိုက်တက် အသင်းကနေ အငှားနဲ့ ခေါ်ယူခဲ့ဖူးတဲ့ ဂရန်နာဒါကို ပြောင်းရွှေ့ဖွယ် ရှိကြောင်း သတင်းများက ဆိုပါတယ်။