Spots news

ချဲလ်ဆီးကို ကျော်ဖြတ်ပြီး ဒီကလင်းရိုက်စ်ကို မန်ယူ ခေါ်ယူနိုင်မည်

Unicode Version

လာမည့် နွေရာသီ အပြောင်းအရွေ့ကာလမှာ မန်ချက်းတာ ယူနိုက်တက် အသင်း အနေနဲ့ ချဲလ်ဆီး အသင်းရဲ့ ပစ်မှတ် ဝက်စ်ဟမ်း အသင်း ကွင်းလယ် ခံစစ် ကစား သမား ဒီကလင်းရိုက်စ် ကို လာ မယ့် ပေါင်သန်း ၇၀ နဲ့ အရ ခေါ်ယူ ဖို့ အင်တိုက်အားတိုက် ပြင်ဆင် နေပြီ ဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြ လမ်းပတ်ရဲ့ နည်းပြ ရာထူး သေချာ မှု မရှိတော့သည် အတွက် ချဲလ်ဆီး အသင်းဟာ ဒီကလင်းရိုက်စ် ကို ခေါ်ယူမှာ မဟုတ်တော့ ကြောင်း တာဝန်ရှိသူများက ပြောဆိုထားတဲ့ အတွက် ဆိုးလ်ရှား အနေနဲ့ ပြိုင်ဘက် မရှိတော့ဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။

မန်ယူ  အသင်း နည်းပြ ဆိုးလ်ရှား ဟာ လာမယ့်နွေရာသီ မှာအသင်း ရဲ့ ကွင်းလယ် ခံစစ်ကစားသမား တစ်ဦး နဲ့ ဗဟို ခံစစ် ကစား သမားတစ်ဦး ကို ခေါ်ယူသွား ဖို့ ဆန္ဒရှိ နေတာ ဖြစ်ပါတယ်။

အသက်၂၂ နှစ် သာ ရှိသေး တဲ့ ဝက်စ်ဟမ်း ကွင်းလယ် ကစား သမား ဒီကလင်း ရိုက်စ် ဟာ မန်ယူ အသင်း က ခေါ်ယူ ချင်နေတဲ့ နေရာ နှစ်နေရာ စလုံး မှာ ကစားနိုင် တဲ့သူ ဖြစ်ပါတယ်။

မန်ယူ နိုက်တက် ဟာ အခု ဆိုရင် ပရီးမီးယားလိဂ် ဆုဖလား ကို တစ်ဖန် ခြိမ်းခြောက် နိုင်တဲ့အသင်း အဖြစ် တွေ့မြင် ရတာ ကြောင့် လည်း အသင်း ရဲ့ အမှုဆောင် အက်ဝုဒ်က

ဆိုးလ်ရှား ကို အပြည့် အဝ ထောက်ခံမှု ပြုလုပ် ထားကာ နွေရာသီ မှာတော့ ဒီကလင်း ရိုက်စ် ကို အရ ခေါ်ယူ ပေးဖို့ ပြင်ဆင် ထား တယ် လို့ ESPN ရဲ့ သတင်း တွေ အ ရ သိရ ပါတယ်။

ဆိုးလ်ရှား အနေ နဲ့ ဒီကလင်း ရိုက်စ် ဟာ မာတစ်ရဲ့ နေရာ အတွက် ဆက်ခံ နိုင် တာကြောင့် လည်း ခေါ်ယူ ဖို့ အပြင်း အထန် စိတ်ဝင်စား နေရတာဖြစ် ပါတယ်။

ဒီကလင်း ရိုက်စ် ရဲ့ လက်ရှိ အသင်း နဲ့ စာချုပ် သက်တမ်း က ၂၀၂၄ ခု နှစ် မှ ကုန်ဆုံးမှာ ဖြစ်ပြီး ဝက်စ်ဟမ်း အသင်း အနေနဲ့ သူ့ရဲ့ ပြောင်းရွှေ့ကြေး ကို ပေါင်သန်း ၇၀ သတ်မှတ် ထားတာ ဖြစ်ပါတယ်။

Zawgyi Version

လာမည့္ ေႏြရာသီ အေျပာင္းအေ႐ြ႕ကာလမွာ မန္ခ်က္းတာ ယူနိုက္တက္ အသင္း အေနနဲ႕ ခ်ဲလ္ဆီး အသင္းရဲ႕ ပစ္မွတ္ ဝက္စ္ဟမ္း အသင္း ကြင္းလယ္ ခံစစ္ ကစား သမား ဒီကလင္းရိုက္စ္ ကို လာ မယ့္ ေပါင္သန္း ၇၀ နဲ႕ အရ ေခၚယူ ဖို႔ အင္တိုက္အားတိုက္ ျပင္ဆင္ ေနၿပီ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးနည္းျပ လမ္းပတ္ရဲ႕ နည္းျပ ရာထူး ေသခ်ာ မႈ မရွိေတာ့သည္ အတြက္ ခ်ဲလ္ဆီး အသင္းဟာ ဒီကလင္းရိုက္စ္ ကို ေခၚယူမွာ မဟုတ္ေတာ့ ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာဆိုထားတဲ့ အတြက္ ဆိုးလ္ရွား အေနနဲ႕ ၿပိဳင္ဘက္ မရွိေတာ့ဘူးလို႔ ေျပာရမွာ ျဖစ္ပါတယ္။

မန္ယူ  အသင္း နည္းျပ ဆိုးလ္ရွား ဟာ လာမယ့္ေႏြရာသီ မွာအသင္း ရဲ႕ ကြင္းလယ္ ခံစစ္ကစားသမား တစ္ဦး နဲ႕ ဗဟို ခံစစ္ ကစား သမားတစ္ဦး ကို ေခၚယူသြား ဖို႔ ဆႏၵရွိ ေနတာ ျဖစ္ပါတယ္။

အသက္၂၂ ႏွစ္ သာ ရွိေသး တဲ့ ဝက္စ္ဟမ္း ကြင္းလယ္ ကစား သမား ဒီကလင္း ရိုက္စ္ ဟာ မန္ယူ အသင္း က ေခၚယူ ခ်င္ေနတဲ့ ေနရာ ႏွစ္ေနရာ စလုံး မွာ ကစားနိုင္ တဲ့သူ ျဖစ္ပါတယ္။

မန္ယူ နိုက္တက္ ဟာ အခု ဆိုရင္ ပရီးမီးယားလိဂ္ ဆုဖလား ကို တစ္ဖန္ ၿခိမ္းေျခာက္ နိုင္တဲ့အသင္း အျဖစ္ ေတြ႕ျမင္ ရတာ ေၾကာင့္ လည္း အသင္း ရဲ႕ အမႈေဆာင္ အက္ဝုဒ္က ဆိုးလ္ရွား ကို အျပည့္ အဝ ေထာက္ခံမႈ ျပဳလုပ္ ထားကာ ေႏြရာသီ မွာေတာ့ ဒီကလင္း ရိုက္စ္ ကို အရ ေခၚယူ ေပးဖို႔ ျပင္ဆင္ ထား တယ္ လို႔ ESPN ရဲ႕ သတင္း ေတြ အ ရ သိရ ပါတယ္။

ဆိုးလ္ရွား အေန နဲ႕ ဒီကလင္း ရိုက္စ္ ဟာ မာတစ္ရဲ႕ ေနရာ အတြက္ ဆက္ခံ နိုင္ တာေၾကာင့္ လည္း ေခၚယူ ဖို႔ အျပင္း အထန္ စိတ္ဝင္စား ေနရတာျဖစ္ ပါတယ္။

ဒီကလင္း ရိုက္စ္ ရဲ႕ လက္ရွိ အသင္း နဲ႕ စာခ်ဳပ္ သက္တမ္း က ၂၀၂၄ ခု ႏွစ္ မွ ကုန္ဆုံးမွာ ျဖစ္ၿပီး ဝက္စ္ဟမ္း အသင္း အေနနဲ႕ သူ႕ရဲ႕ ေျပာင္းေ႐ႊ႕ေၾကး ကို ေပါင္သန္း ၇၀ သတ္မွတ္ ထားတာ ျဖစ္ပါတယ္။