Spots news

ကိုဗစ်ဖြစ်နေတဲ့ နည်းပြဇီဒန်းကို‌ ကျေနပ်အောင်ခြေစွမ်းပြသ ခဲ့တဲ့ ဟာဇက်

Unicode Version

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ တိုက်စစ်ကစားသမား ဟာဇက်ဟာ ၂၀၂၁ ခုနှစ် အတွင်း ပထမဆုံး လာလီဂါ သွင်းဂိုး ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အလာဗက်စ် နဲ့ ကစားခဲ့တဲ့ မနေ့က ပွဲစဉ်မှာ ဟာဇက် က တစ်ဂိုးသွင်းကာ တစ်ဂိုး ဖန်တီး ပေးခဲ့ပြီး နည်းပြဇီဒန်း ဗိုင်းရပ်စ် ကူးစက်နေချိန် အသင်းကို မကိုင်တွယ် နိုင်ခဲ့ ပေမယ့် ဘယ်လ်ဂျီယံသားက ခြေစွမ်း ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ နောက်ပိုင်းက စကာ လာလီဂါမှာ ဂိုးမသွင်း နိုင်ခဲ့တဲ့ ဟာဇက်က အဝေးကွင်း မှာ ၁-၄ နဲ့ အသင်း အနိုင်ရရှိအောင်  ကူညီပေးနိုင်ခဲ့ သလို ဝေဖန်ခံ နေရမှု တွေကိုလည်း လျှော့ချနိုင်ခဲ့ ပါတယ်။

ဘန်ဇီမာအတွက် တစ်ဂိုးဖန်တီးပေးခဲ့ပြီး ဟာဇက်ရဲ့ခြေစွမ်းဟာ ချယ်လ်ဆိးမှာပြသခဲ့တဲ့ပုံစံကို ပြန်လည်မြင်တွေ့ခဲ့ရပြီး ရီးရဲလ်အတွက်တော့ အားတက်စရာဖြစ်လာခဲ့ရပါတယ်။

သူ့အပေါ်  စိတ်ရှည်ရှည် နဲ့ စောင့်ကြည့် နေခဲ့တဲ့ အကျိုး ကျေးဇူးဖြစ်တယ် လို့ ဒီပွဲကို တာဝန်ယူခဲ့တဲ့ လက်ထောက် နည်းပြ ဘက်တိုနီက ပွဲအပြီးမှာ ပြောဆိုခဲ့ ပါတယ်။

အသင်းဖော် ဘန်ဇီမာကလည်း ဟာဇက်က ရီးရဲလ်မှာ သူ့ရဲ့သမိုင်းကြောင်းကို စတင် ရေးထိုးနေပြီလို့ ချီးကျူးခဲ့ကာ ဘယ်လ်ဂျီယံသား ဟာ ချယ်လ်ဆီး မှာ ပြသခဲ့တဲ့ ခြေစွမ်းကို အမှန်တကယ် ပြန်ရပြီလား ဆိုတာ စောင့်ကြည့် ရတော့မှာ ဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် ကိုပါဒယ်ရေးဖလားပြိုင်ပွဲမှာ အသင်းငယ်လေးအယ်လ်ကိုရာနိုကို အရေးနိမ့်မှုကနေ ရီးရဲလ်တို့ ပြန်လည်ရုန်းထွက်နိုင်ခဲ့ပါတယ်။

နိုင်ပွဲရအပြီးမှာ ဘက်တိုနီက ဇီဒန်းကို အလျင်အမြန် ဆက်သွယ်ကာ ပြောဆိုခဲ့တယ်လို့ သိရပြီး ပြင်သစ်သား နည်းပြကြီးကလည်း အသင်း စွမ်းဆောင်ရည် အတွက် ကျေနပ်ပျော်ရွှင်နေတယ်လို့ သိရပါတယ်။

Zawgyi Version

ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ တိုက္စစ္ကစားသမားဟာဇက္ဟာ ၂၀၂၁ ခုႏွစ္အတြင္း ပထမဆုံးလာလီဂါသြင္းဂိုး ရယူနိုင္ခဲ့ၿပီျဖစ္ပါတယ္။

အလာဗက္စ္နဲ႕ ကစားခဲ့တဲ့ မေန႕ကပြဲစဥ္မွာ ဟာဇက္က တစ္ဂိုးသြင္းကာ တစ္ဂိုးဖန္တီးေပးခဲ့ၿပီး နည္းျပဇီဒန္း ဗိုင္းရပ္စ္ကူးစက္ေနခ်ိန္ အသင္းကို မကိုင္တြယ္နိုင္ခဲ့ေပမယ့္ ဘယ္လ္ဂ်ီယံသားက ေျခစြမ္းျပနိုင္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလေနာက္ပိုင္းကစကာ လာလီဂါမွာ ဂိုးမသြင္းနိုင္ခဲ့တဲ့ ဟာဇက္က အေဝးကြင္းမွာ ၁-၄ နဲ႕ အသင္းအနိုင္ရရွိေအာင္ ကူညီေပးနိုင္ခဲ့သလို ေဝဖန္ခံေနရမႈေတြကိုလည္း ေလွ်ာ့ခ်နိဳင္ခဲ့ပါတယ္။

ဘန္ဇီမာအတြက္ တစ္ဂိုးဖန္တီးေပးခဲ့ၿပီး ဟာဇက္ရဲ႕ေျခစြမ္းဟာ ခ်ယ္လ္ဆိးမွာျပသခဲ့တဲ့ပုံစံကို ျပန္လည္ျမင္ေတြ႕ခဲ့ရၿပီး ရီးရဲလ္အတြက္ေတာ့ အားတက္စရာျဖစ္လာခဲ့ရပါတယ္။

သူ႕အေပၚ စိတ္ရွည္ရွည္နဲ႕ ေစာင့္ၾကည့္ေနခဲ့တဲ့ အက်ိဳးေက်းဇူးျဖစ္တယ္လို႔ ဒီပြဲကို တာဝန္ယူခဲ့တဲ့ လက္ေထာက္နည္းျပ ဘက္တိုနီက ပြဲအၿပီးမွာေျပာဆိုခဲ့ပါတယ္။

အသင္းေဖာ္ဘန္ဇီမာကလည္း ဟာဇက္က ရီးရဲလ္မွာ သူ႕ရဲ႕သမိုင္းေၾကာင္းကို စတင္ေရးထိုးေနၿပီလို႔ ခ်ီးက်ဴးခဲ့ကာ ဘယ္လ္ဂ်ီယံသားဟာ ခ်ယ္လ္ဆီးမွာ ျပသခဲ့တဲ့ေျခစြမ္းကို အမွန္တကယ္ျပန္ရၿပီလားဆိုတာ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

ဒီနိုင္ပြဲေၾကာင့္ ကိုပါဒယ္ေရးဖလားၿပိဳင္ပြဲမွာ အသင္းငယ္ေလးအယ္လ္ကိုရာနိုကို အေရးနိမ့္မႈကေန ရီးရဲလ္တို႔ ျပန္လည္႐ုန္းထြက္နိုင္ခဲ့ပါတယ္။

နိုင္ပြဲရအၿပီးမွာ ဘက္တိုနီက ဇီဒန္းကို အလ်င္အျမန္ဆက္သြယ္ကာ ေျပာဆိုခဲ့တယ္လို႔ သိရၿပီး ျပင္သစ္သားနည္းျပႀကီးကလည္း အသင္းစြမ္းေဆာင္ရည္အတြက္ ေက်နပ္ေပ်ာ္႐ႊင္ေနတယ္လို႔ သိရပါတယ္။