Spots news

ယူနိုက်တက် လူစာရင်းမှာ ဒိုင်ယာလို နဲ့ အစားထိုး ခံလိုက်ရတဲ့ လင်ဂတ်

Unicode Version

မန်ချက်စတာယူနိုက်တက်အသင်းကွင်းလယ်လူဂျက်ဆီလင်ဂတ်ဟာ အသင်းရဲ့ ကစားသမား ၂၂ဦးစာရင်းကနေ ချန်လှပ်ခံလိုက်ရပြီဖြစ်ပါတယ်။ လက်ကျန်ဘောလုံးရာသီအတွက် အသင်းလူစာရင်းကို ဆိုးလ်ရှားက ရွေးချယ်ခဲ့တာဖြစ်ပြီး အသစ်ရောက်ရှိလာတဲ့ လူငယ်ကြယ်ပွင့် အာမက်ဒီယာလိုကိုတော့ အသင်းကြီးလူစာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။

လင်ဂတ်အနေနဲ့ အသင်းကြီးမှာ ပါဝင်ခွင့်မရတော့တာကြောင့် လေ့ကျင့်ခန်းဆင်းခွင့်သာ ရရှိတော့မှာလည်းဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အသင်းသစ်ရှာဖွေဖို့ လိုအပ်နေပြီဖြစ်ပြီး သူ့ရဲ့အေးဂျင့်ရွိုင်အိုလာအတွက်တော့ အလုပ်ရှု့ပ်လာတော့မှာဖြစ်ပါတယ်။ လင်ဂတ်ကို ဗလန်စီယာ၊ အေစီမီလန်နဲ့ အဲဗာတန်တို့က စိတ်ဝင်စားနေတယ်လို့ သိရပေမယ့် ကစားသမားရဲ့ လုပ်ခလစာက အဟန့်အတားဖြစ်နေပါတယ်။

မော်ရင်ဟိုလက်ထက်မှာ အဓိကကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့ပြီး ခြေစွမ်းပြခဲ့တဲ့ လင်ဂတ်ဟာ ဆိုးလ်ရှားလက်အောက်မှာတော့ နေရာပျောက်ခဲ့ရပါတယ်။ တစ်ဖက်မှာတော့ ဒီယာလိုကို ဆိုးလ်ရှားက ယုံကြည်မှုပေးခဲ့ပြီး လက်ကျန်ရာသီဝက်မှာ သူ့ခြေစွမ်းကို ပရိသတ်တွေ မြင်တွေ့ရဖို့ရှိနေပြီး ဘယ်လောက်ထိ အစွမ်းပြနိုင်မလဲဆိုတာက စိတ်ဝင်စားဖွယ်ရာ ကောင်းလာခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် လင်ဂတ်ကို ဝက်စ်ဟမ်း၊ စပါးနဲ့ ရှက်ဖီးတို့ကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်နေပြီး မော်ရင်ဟိုရဲ့စပါးကသာ အမှန်တကယ်ကမ်းလှမ်းခဲ့မယ်ဆိိုရင် ပြောင်းရွှေ့နိုင်ချေရှိပါတယ်။ မန်ချက်စတာညနေခင်းသတင်းစာရဲ့ ဖော်ပြချက်အရတော့ လင်ဂတ်ဟာ ဒီရာသီမှာ အသင်းအတွက် ကာရာဘောင်းဖလား ၂ပွဲ နဲ့ အက်ဖ်အေဖလား ၁ပွဲတည်းသာ ကစားပေးထားခဲ့ရတယ်လို့ သိရပါတယ်။

Zawgyi Version

မန္ခ်က္စတာယူနိုက္တက္အသင္းကြင္းလယ္လူဂ်က္ဆီလင္ဂတ္ဟာ အသင္းရဲ႕ ကစားသမား ၂၂ဦးစာရင္းကေန ခ်န္လွပ္ခံလိုက္ရၿပီျဖစ္ပါတယ္။ လက္က်န္ေဘာလုံးရာသီအတြက္ အသင္းလူစာရင္းကို ဆိုးလ္ရွားက ေ႐ြးခ်ယ္ခဲ့တာျဖစ္ၿပီး အသစ္ေရာက္ရွိလာတဲ့ လူငယ္ၾကယ္ပြင့္ အာမက္ဒီယာလိုကိုေတာ့ အသင္းႀကီးလူစာရင္းထဲ ထည့္သြင္းခဲ့ပါတယ္။

လင္ဂတ္အေနနဲ႕ အသင္းႀကီးမွာ ပါဝင္ခြင့္မရေတာ့တာေၾကာင့္ ေလ့က်င့္ခန္းဆင္းခြင့္သာ ရရွိေတာ့မွာလည္းျဖစ္ပါတယ္။ ဒီအတြက္ေၾကာင့္ အသင္းသစ္ရွာေဖြဖို႔ လိုအပ္ေနၿပီျဖစ္ၿပီး သူ႕ရဲ႕ေအးဂ်င့္႐ြိုင္အိုလာအတြက္ေတာ့ အလုပ္ရႈ႕ပ္လာေတာ့မွာျဖစ္ပါတယ္။ လင္ဂတ္ကို ဗလန္စီယာ၊ ေအစီမီလန္နဲ႕ အဲဗာတန္တို႔က စိတ္ဝင္စားေနတယ္လို႔ သိရေပမယ့္ ကစားသမားရဲ႕ လုပ္ခလစာက အဟန႔္အတားျဖစ္ေနပါတယ္။

ေမာ္ရင္ဟိုလက္ထက္မွာ အဓိကကစားသမားအျဖစ္ ပါဝင္ကစားခြင့္ရခဲ့ၿပီး ေျခစြမ္းျပခဲ့တဲ့ လင္ဂတ္ဟာ ဆိုးလ္ရွားလက္ေအာက္မွာေတာ့ ေနရာေပ်ာက္ခဲ့ရပါတယ္။ တစ္ဖက္မွာေတာ့ ဒီယာလိုကို ဆိုးလ္ရွားက ယုံၾကည္မႈေပးခဲ့ၿပီး လက္က်န္ရာသီဝက္မွာ သူ႕ေျခစြမ္းကို ပရိသတ္ေတြ ျမင္ေတြ႕ရဖို႔ရွိေနၿပီး ဘယ္ေလာက္ထိ အစြမ္းျပနိုင္မလဲဆိုတာက စိတ္ဝင္စားဖြယ္ရာ ေကာင္းလာခဲ့ပါတယ္။

အသက္ ၂၈ ႏွစ္အ႐ြယ္ လင္ဂတ္ကို ဝက္စ္ဟမ္း၊ စပါးနဲ႕ ရွက္ဖီးတို႔ကလည္း စိတ္ဝင္စားေနတယ္လို႔ သတင္းေတြထြက္ေနၿပီး ေမာ္ရင္ဟိုရဲ႕စပါးကသာ အမွန္တကယ္ကမ္းလွမ္းခဲ့မယ္ဆိိုရင္ ေျပာင္းေ႐ႊ႕နိုင္ေခ်ရွိပါတယ္။ မန္ခ်က္စတာညေနခင္းသတင္းစာရဲ႕ ေဖာ္ျပခ်က္အရေတာ့ လင္ဂတ္ဟာ ဒီရာသီမွာ အသင္းအတြက္ ကာရာေဘာင္းဖလား ၂ပြဲ နဲ႕ အက္ဖ္ေအဖလား ၁ပြဲတည္းသာ ကစားေပးထားခဲ့ရတယ္လို႔ သိရပါတယ္။