Spots news

အိုဒီဂတ်ကို အငှားခေါ်ယူနိုင်ခဲ့တဲ့ အာဆင်နယ် နဲ့ သတင်းတိုများ

Unicode Version

အာဆင်နယ် အသင်းဟာ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် မာတင် အိုဒီဂတ် ကို ၂၀၂၁ ခုနှစ် ၊ ဇွန်လ အထိ အငှား နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိ ခဲ့ပါပြီ ။

အပြီးသတ် ဝယ်ယူခွင့်တော့ မပါဘဲ အပြီးသတ် ခေါ်မယ်ဆို ရာသီကုန်မှာ ဆက်လက် ဆွေးနွေး ရမှာပါ ။ ဆေးစစ်ဖို့ ရက်ပါ သတ်မှတ် ပြီးပြီ ဖြစ်ကာ အာဆင်နယ် ဘက်က အငှားကြေး ပေါင် ၂.၅ သန်း ပေးချေသွားရမှာ ဖြစ်ပါတယ် ။

ပရီးမီးယားလိဂ်ပြိုင်ပဲအတွင်း (၄၂)ပွဲဆက်တိုက်အထိ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့တဲ့ အက်စတွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဂျက်ဂရီးလစ်ရှ်ဟာ မနေ့ညက

နယူးကာဆဲလ်နဲ့ပွဲအတွင်း ပွဲချိန်(၈၈)မိနစ်မှာ လူစားလဲခံလိုက်ရတာကြောင့် သူရဲ့ (၄၂)ပွဲဆက်တိုက် ပွဲကစားချိန် မိနစ်တိုင်းကို ပါဝင်ကစားခဲ့တဲ့ စံချိန်မှတ်တမ်းဟာ ရပ်တန့်သွားခဲ့ရပါတယ်

လက်ရှိမှာ ပုဂ္ဂိုလ်ရေးအကြောင်းပြချက်ကြောင့် ဆောက်သမ်တန်နဲ့ကစားခဲ့တဲ့ FA ဖလားပွဲစဉ်ကို လွဲချော်ခဲ့တဲ့ အူဘာမီယန်းဟာ ဘယ်အချိန်မှာ အသင်းနဲ့ ပြန်လည်ပူးပေါင်းလာမလဲဆိုတာကိုမသိသေးဘူးလို့ အာဆင်နယ်နည်းပြ အာတီတာက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ စတီဖင်ဂျရတ်ဟာ အခုဆိုရင် သူရဲ့ ရိန်းဂျားနည်းပြဘဝ ပွဲပေါင်း(၁၅၀) အထိကို ပြည့်မြောက် သွားခဲ့ပြီ ဖြစ်ပါတယ်။

ဂျရတ်ဟာ ဒီနှစ် ဘောလုံးရာသီမှာ ရိန်းဂျားအသင်းကို စကော့တလန် အမှတ်ပေးပြိုင်ပွဲအတွင်း လုံးဝရှုံးပွဲမရှိတဲ့ အသင်း တစ်သင်းဖြစ်အောင် စွမ်းဆောင် ထားနိုင်ခဲ့ပြီး ဒုတိယနေရာက ဆဲလ်တစ် အသင်း ကိုလည်း (၂၃)မှတ်အထိပါ ဖြတ်တောက် ထားနိုင်ခဲ့ပါတယ်။