Spots news

လီဗာပူးနဲ့ မန်ယူရဲ့ ကမ်းလှမ်းမှူများကြောင့် မူဆီယာလာကို ဘိုင်ယန်တို့ စာချုပ်သစ်ကမ်းလှမ်း

Unicode Version

ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ လီဗာပူး နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ရဲ့ ပစ်မှတ် ထားမှု ကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ လူငယ်ကစားသမား မူဆီယာလာကို သက်တမ်းတိုးဖို့ ကြိုးပမ်းတော့ မည်ဖြစ်ကြောင်း သိရပါတယ်။

မူဆီယာလာ ဟာ အသင်းနဲ့ စာချုပ်သက်တမ်းက သိပ်မကျန်ရှိတော့ပေမယ့်လည်း နောက်ပိုင်းပေါ်ထွက်လာခဲ့တဲ့ သတင်းတွေအရ ဘိုင်ယန်ဘက်ကနေ ဒီကစားသမားလေးကို အသင်းမှာ နှစ်ရှည်ကြာမြင့်စွာ ဆက်လက်ထိန်းသိမ်းသွားနိုင်ဖို့ကို အသေအချာ ကြိုးပမ်းနေတယ်လို့ သိရှိရပါတယ်။

အသက်(၁၇)နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက်အရွှယ် လူငယ်ကွင်းလယ်တိုက်စစ်ကစားသမားလေး မူဆီယာလာ ဟာ ချယ်လ်ဆီးအသင်းရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အသက်(၁၆)နှစ်ခန့်မှာပဲ ချယ်လ်ဆီးကနေ ထွက်ခွာကာ ဘိုင်ယန်ကို ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။

၂၀၂ဝခုနှစ်မှာပဲ မူဆီယာလာ ဟာ သူရဲ့ဘိုင်ယန်မြူးနစ် စီနီယာကစားသမားဘဝကို စတင်နိုင်ခဲ့ပြီး ဒီနှစ်ဘောလုံးရာသီအတွင်းမှာပဲ ဘိုင်ယန်အသင်းအတွက် ပြိုင်ပွဲစုံ (၂၁)ပွဲအထိကို ပါဝင်ကစားခဲ့သလို သွင်းဂိုး(၃)ဂိုး ရယူထားနိုင်ခဲ့ပါတယ်။

ဘိုင်ယန်ဟာ  လက်ရှိ အချိန်တွင် တစ်ပတ်လျှင် ပေါင် 100000 ဝန်းကျင် ဖြင့် မူဆီယာလာ ကို စာချုပ် သက်တမ်း တိုးရန် ညှိနှိုင်း နေသော်လည်း ဆွေးနွေးမှု တိုးတက်ခြင်း မရှိ ဖြစ်နေသော ကြောင့်

လီဗာပူး နဲ့ မန်ချက်စတာအသင်း(၂)သင်းလုံးက ဒီကစားသမားလေးကို ပစ်မှတ်ထားလာခဲ့ကာ လာမယ့်နွေစျေးကွက်အတွင်းမှာပဲ အပြိုင်ကမ်းလှမ်းဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ရဲ႕ ထိပ္သီးကလပ္အသင္းေတြျဖစ္တဲ့ လီဗာပူး နဲ႕ မန္ခ်က္စတာယူနိုက္တက္အသင္းတို႔ ရဲ႕ ပစ္မွတ္ ထားမႈ ေၾကာင့္ ဘိုင္ယန္ျမဴးနစ္အသင္းဟာ လူငယ္ကစားသမား မူဆီယာလာကို သက္တမ္းတိုးဖို႔ ႀကိဳးပမ္းေတာ့ မည္ျဖစ္ေၾကာင္း သိရပါတယ္။

မူဆီယာလာ ဟာ အသင္းနဲ႕ စာခ်ဳပ္သက္တမ္းက သိပ္မက်န္ရွိေတာ့ေပမယ့္လည္း ေနာက္ပိုင္းေပၚထြက္လာခဲ့တဲ့ သတင္းေတြအရ ဘိုင္ယန္ဘက္ကေန ဒီကစားသမားေလးကို အသင္းမွာ ႏွစ္ရွည္ၾကာျမင့္စြာ ဆက္လက္ထိန္းသိမ္းသြားနိုင္ဖို႔ကို အေသအခ်ာ ႀကိဳးပမ္းေနတယ္လို႔ သိရွိရပါတယ္။

အသက္(၁၇)ႏွစ္သာရွိေသးတဲ့ ဆယ္ေက်ာ္သက္အ႐ႊယ္ လူငယ္ကြင္းလယ္တိုက္စစ္ကစားသမားေလး မူဆီယာလာ ဟာ ခ်ယ္လ္ဆီးအသင္းရဲ႕ လူငယ္အကယ္ဒမီကေန ေပၚထြက္လာခဲ့တဲ့ ကစားသမားတစ္ေယာက္ျဖစ္ၿပီး အသက္(၁၆)ႏွစ္ခန႔္မွာပဲ ခ်ယ္လ္ဆီးကေန ထြက္ခြာကာ ဘိုင္ယန္ကို ေျပာင္းေ႐ႊ႕ျဖစ္ခဲ့ပါတယ္။

၂၀၂ဝခုႏွစ္မွာပဲ မူဆီယာလာ ဟာ သူရဲ႕ဘိုင္ယန္ျမဴးနစ္ စီနီယာကစားသမားဘဝကို စတင္နိုင္ခဲ့ၿပီး ဒီႏွစ္ေဘာလုံးရာသီအတြင္းမွာပဲ ဘိုင္ယန္အသင္းအတြက္ ၿပိဳင္ပြဲစုံ (၂၁)ပြဲအထိကို ပါဝင္ကစားခဲ့သလို သြင္းဂိုး(၃)ဂိုး ရယူထားနိုင္ခဲ့ပါတယ္။

ဘိုင္ယန္ဟာ  လက္ရွိ အခ်ိန္တြင္ တစ္ပတ္လွ်င္ ေပါင္ 100000 ဝန္းက်င္ ျဖင့္ မူဆီယာလာ ကို စာခ်ဳပ္ သက္တမ္း တိုးရန္ ညွိႏွိုင္း ေနေသာ္လည္း ေဆြးေႏြးမႈ တိုးတက္ျခင္း မရွိ ျဖစ္ေနေသာ ေၾကာင့္

လီဗာပူး နဲ႕ မန္ခ်က္စတာအသင္း(၂)သင္းလုံးက ဒီကစားသမားေလးကို ပစ္မွတ္ထားလာခဲ့ကာ လာမယ့္ေႏြေစ်းကြက္အတြင္းမွာပဲ အၿပိဳင္ကမ္းလွမ္းဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။