Spots news

ဘရူနိုဖာနန်ဒက်စ် ရဲ့ ဖရီးကစ်သွင်းဂိုး နဲ့ လီဗာပူး ကို အနိုင်ယူခဲ့တဲ့ မန်ယူ

Unicode Version

Fa cup စတုတ္ထပွဲစဉ် အဖြစ် ကစား ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ လီဗာပူး အသင်းတို့ကတော့ ပရီးမီးယားလိဂ် တွေ့ဆုံမှုလို သရေမကျခဲ့ပဲ နှစ်ဖက် သွင်းဂိုး တွေ

မြိုင်မြိုင် ဆိုင်ဆိုင် နဲ့ ကြည့်လို့ ကောင်းခဲ့ပါတယ်။ အသင်းကြီး နှစ်သင်းပီပီ တိုက်စစ် ဖွင့်တိုက်ခဲ့ပြီး လီဗာပူးက ဦးဆောင် ဂိုး အရင် ရရှိခဲ့  ပါတယ်။

ဒီဂိုး ကတော့ ယူနိုက်တက် ခံစစ်ပိုင်းက လုရှောနဲ့ လင်ဒီလော့ဖ် တို့ အားနည်း ခဲ့တာကြောင့် လီဗာပူးလ်တို့ ရရှိခဲ့ တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရ အပြီးမှာတော့ ယူနိုက်တက် တို့ တိုက်စစ် အသားကုန် ဖွင့် ကစားခဲ့ပြီး

ပထမပိုင်းမှာပဲ ဂရင်းဝုဒ်က လှပစွာ ဘောလုံးကို ထိန်းယူပြီး ချေပဂိုး ပိတ်သွင်းယူ နိုင်ခဲ့သလို ဒုတိယပိုင်း အစမှာလည်း ရပ်ရှ်ဖို့က ဝီလီယံရဲ့ အမှားကို အသုံးချပြီး ဦးဆောင်ဂိုး ပြန် ရယူ ပေးနိုင်ခဲ့ ပါတယ်။

ဒီပွဲမှာ လီဗာပူး အသင်းရဲ့ခံစစ် အားနည်းမှုဟာ သိသာခဲ့ပြီး ပွဲထွက် လာတဲ့ လူငယ်ခံစစ်မှူ ရေ့စ်ဝီလီယံ ဟာ ယူနိုက်တက် တိုက်စစ်မှူး ရပ်ရှ်ဖို့ကို ထိန်းချုပ် နိုင်ဖို့ ရုန်းကန် ခဲ့ရပါတယ်။

ရပ်ရှ်ဖို့ ရဲ့ ဂိုးကို ခွင့်ပြုပေးပြီး ရတဲ့ နောက်မှာတော့ လီဗာပူးဟာ ချေပဂိုးရဖို့ တိုက်စစ်ကို ဖိကစား ခဲ့ပြီး သိပ်မကြာလိုက် ခင်မှာပဲ ဖာမီနိုရဲ့ ပေးပို့မှုကို မိုဆာလတ် ကပဲ ထပ်မံ ပိတ်သွင်းယူပြီး ကစားပွဲကို သရေကျ စေခဲ့ပါတယ်။

ဒါပေမယ့် ဆိုလ်းရှား ဟာ ဘရူနို ဖာနန်ဒက်စ် ကို ကွင်းထဲ ပေးဝင်ခဲ့ပြီး သိပ်မကြာခင်မှာပဲ ကာဗာနီကို လီဗာပူး ဂိုးစည်းထိပ်မှာ ဖာဘင်ဟို ကစားပုံ ကြမ်းတမ်း ခဲ့တာကြောင့် ရရှိလာတဲ့ ပြစ်ဒဏ်ဘောကို

လူစားဝင် ကစားသမား ဖာနန်ဒက်စ်က အလီဆင်ရဲ့ ဘယ်ဘက် ထောင့်ထဲကို လူတံတိုင်းနဲ့ ကွယ်ပြီး လှလှပပ ဝေ့ဝိုက် ကန်သွင်းသွားခဲ့လို့ ယူနိုက်တက်တို့ ဦးဆောင်ဂိုး ပြန်လည် ရရှိခဲ့ပါတယ်။

၃-၂ ဆိုတဲ့ ရလဒ်ကို ယူနိုက်တက် တို့ ပွဲပြီးသည် ထိ ထိန်းထားခဲ့ပြီး ခါးသီး ပြိုင်ဘက်ကို အပြန် အလှန် သွင်းဂိုး တွေနဲ့ အနိုင်ယူပြီး Fa cup ပြိုင်ပွဲရဲ့ နောက် တစ်ဆင့်ကို တက်လှမ်း နိုင်ခဲ့ပါတယ်။ နောက်တဆင့် မှာတော့ ဒေးဗစ်မိုယက် ရဲ့ ဝက်စ်ဟမ်း ကို အိမ်ကွင်းမှာပဲ ဧည့်ခံ သွားရမှာ ဖြစ်ပါတယ်။