Spots news

ကာဗာနီရဲ့ အကြံပေးချက်ကြောင့် ဖရီးကစ် သွင်းဂိုး ရခဲ့တာပါဆိုတဲ့ ဘရူနိုဖာနန်ဒက်စ်

Unicode Version

မနေ့ညက ယှဉ်ပြိုင်ကစားသွားကြတဲ့ အက်ဖ်အေဖလားစတုတ္ထအဆင့် ပွဲစဉ်မှာ ယူနိုက်တက်အသင်းဟာ လီဗာပူးအသင်းကို အိမ်ကွင်းမှာဧည့်ခံပြီးတော့ ၃ ဂိုး ၂ ဂိုးဆိုတဲ့ အနိုင်ရလဒ်ကို ရယူကာ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်မှာ နှစ်ဖက် ပေါင်း သွင်းဂိုးတေနဲ့ အကြိတ်အနယိ ရှိခဲ့ပြီး လီဗာပူးအသင်းရဲ့ သွင်းဂိုးနှစ်ဂိုးကို ဆာလတ် တစ်ဦးထဲက သွင်းယူပေးသွားခဲ့ပြီး ယူနိုက်တက်ရဲ့ သွင်းဂိုးသုံးဂိုးကိုတော့ ရပ်ရှ်ဖို့ ၊ဂရင်းဝုဒ် တို့နှင့် အနိုင်ဂိုးကိုတော့ ဖာနန်ဒက်က ဖရီးကစ်ကနေ သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်ဟာ ယခု ပွဲစဉ်မှာ မိနစ် ၆၅ မိနစ်မှာမှ လူစား၀င် ကစားခဲ့ရတာဖြစ်ပြီး လူစား၀င်ကာ ဖရီးကစ် သွင်းဂိုးနဲ့ အနိုင်ရလဒ်ကို ရယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါ ၃-၂ နှင့် အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာတော့ ဖာနန်ဒက်က BBC နှင့် အင်တာဗျူးမှာ ၎င်းရဲ့ ဖရီးကစ် ဂိုး၀င်သွားရခြင်းဟာ အသင်းဖေါ် တိုက်စစ်မှုး ဖြစ်သူ ကာဗာနီရဲ့ အကြံပေးမှုကြောင့် ဖြစ်ပါတယ် လို့ ဆိုသွားခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်က “ ကျနော် ဒီလိုဂိုးတေ အများကြီး ကို အပြင်းအထန်လေ့ ကျင့်ထားတာပါ။ဖရီးကစ်တေကို အမြဲ ကြိုးစားပါတယ်။အထူးသဖြင့် ဒီတစ်ခုက တကယ် ကောင်းပါတယ်။အာက်ဒီဆင်ကာဗာနီက ကျ‌နော်ဖရီးကစ်ကို မကန်ခက်မှာ ဂိုးသမားရဲ့ ခက်ခဲမယ့် နေရာကို ကန်သွင်းဖို့ ကြိုးစားကြည့်ပါလို့ ပြောပေးခဲ့ပါတယ်။

ကျနော် ကြိုးစားကြည့်လိုက်ပါတယ်။ပြီးတော့ ဂိုး ရရှိသွားခဲ့ပါတယ်။ပရီးမီးယားလိဂ်မှာ ဒီကလပ်အတွက်ကစားရတာ အိမ်မက်တေ လက်တွေ့ဖြစ်လာတာပါဘဲ။အိမ်မက်တေ ဆက်လက်ရှင်သန်ဖို့လည်း တကယ်မျှော်လင့်ပါတယ်။

ကျနော်တို့ပရိတ်သတ်တေအတွက် ဒီရလဒ်က ဘယ်လောက် တောင် အဓိပ္ပါယ်ရှိမယ် ဆိုတာ ကျနော် နားလည်ပါတယ်။ဒီတစ်ပါတ်ကတော့ အကောင်းဆုံး ရက်သတ္တပါတ်ဖြစ်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ”

ယူနိုက်တက်ဟာ ယ‌ခု ပွဲစဉ်ကို အနိုင်ရရှိခဲ့သော ကြောင့် အက်ဖ်အေဖလား ပြိုင်ပွဲရဲ့ ပဉ္စမ အဆင့် ကို တန်လှမ်းသွားနိုင်ပြီ ဖြစ်ပြီး နောက်တစ်ဆင့်မှာ ၀က်ဟမ်းအသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်း သိရပါသည်။