Spots news

ဂရင်းဝုဒ် ဂိုးသွင်းကာနီးကို အော်ဟစ်ခြောက်လန့် ခဲ့တဲ့ ရောဘတ်ဆန်

Unicode Version

မနေ့ညက ယှဉ်ပြိုင်ကစားသွားကြတဲ့ အက်ဖ်အေဖလားစတုတ္ထအဆင့် ပွဲစဉ်မှာ ယူနိုက်တက်အသင်းဟာ လီဗာပူးအသင်းကို အိမ်ကွင်းမှာဧည့်ခံပြီးတော့ ၃ ဂိုး ၂ ဂိုးဆိုတဲ့ အနိုင်ရလဒ်ကို ရယူကာ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်မှာ နှစ်ဖက် ပေါင်း သွင်းဂိုးတေနဲ့ အကြိတ်အနယိ ရှိခဲ့ပြီး လီဗာပူးအသင်းရဲ့ သွင်းဂိုးနှစ်ဂိုးကို ဆာလတ် တစ်ဦးထဲက သွင်းယူပေးသွားခဲ့ပြီး ယူနိုက်တက်ရဲ့ သွင်းဂိုးသုံးဂိုးကိုတော့ ရပ်ရှ်ဖို့ ၊ဂရင်းဝုဒ် တို့နှင့် အနိုင်ဂိုးကိုတော့ ဖာနန်ဒက်က ဖရီးကစ်ကနေ သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ရဲ့ ချေပဂိုးသွင်းယူမှုကတော့ ပွဲအပြီးပြောချင်စရာ အဖြစ်အပျက်တစ်ခုအဖြစ်နဲ့ ရှိလာခဲ့ပါတယ်။ ရပ်ရှ်ဖို့ ရဲ့ လှပတဲ့ ပေးပို့မှုကို ဂရင်းဝုဒ်က ရင်ဘတ်နဲ့တစ်ချက်ထိန်းခဲ့ပြီး ဧရိယာထဲဆွဲပြေးချိန်မှာ လီဗာပူးလ်နောက်ခံလူရောဘတ်ဆန်က လိုက်လံဖိအားပေးဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ခြေလှမ်းဦးနေပြီဖြစ်တဲ့ ဂရင်းဝုဒ်က အသာစီးရသွားခဲ့ပြီး စိတ်ကြိုက်ကန်သွင်းခွင့်ပါ ရရှိခဲ့ပါတယ်။

ဂရင်းဝုဒ်ကန်သွင်းဖို့ကြိုးစားနေချိန်မှာတော့ ရောဘတ်ဆန်ဟာ နောက်ဆုံးသောကြိုးပမ်းမှုအဖြစ် ပြိုင်ဘက်ကို အာရုံပျက်ပြားစေဖို့ အော်ဟစ်ကာ အသံပေးခြောက်လှန့်သွားခဲ့ပါတယ်။ ဒီမြင်ကွင်းကို ရုပ်သံကင်မရာတွေက အမိအရရိုက်ကူးနိုင်ခဲ့ပြီး ရောဘတ်ဆန် အော်ဟစ်ကာ ခြောက်လှန့်မှုကလည်း အထင်းသားရှိနေခဲ့ကာ ချက်ချင်းလိုလိုပဲ လူမှုကွန်ရက်တွေပေါ်မှာ ပြန့်နှံ့သွားခဲ့ပါတယ်။

ရောဘတ်ဆန်အနေနဲ့ အသင်းဂိုးမပေးရဖို့အတွက် အတတ်နိုင်ဆုံးကြိုးစားခဲ့တာဖြစ်ပေမယ့်လည်း ဂရင်းဝုဒ်က အမှားအယွင်းမရှိကန်သွင်းယူသွားခဲ့ပါတယ်။ တကယ်လို့သာ ရောဘတ်ဆန်ရဲ့ အသံနဲ့ ဖိအားပေးခြောက်လှန့်မှုက အသုံးဝင်ခဲ့မယ်ဆိုရင်တော့ ပွဲအခြေအနေကပြောင်းလဲသွားနိုင်တဲ့ အနေအထားမှာ ရှိနေခဲ့ပါတယ်။

ယူနိုက်တက် တို့ ဟာ ၃-၂ ဆိုတဲ့ ရလဒ်ကို ပွဲပြီးသည် ထိ ထိန်းထားခဲ့ပြီး ခါးသီး ပြိုင်ဘက်ကို အပြန် အလှန် သွင်းဂိုး တွေနဲ့ အနိုင်ယူပြီး Fa cup ပြိုင်ပွဲရဲ့ နောက် တစ်ဆင့်ကို တက်လှမ်း နိုင်ခဲ့ပါတယ်။ နောက်တဆင့် မှာတော့ ဒေးဗစ်မိုယက် ရဲ့ ဝက်စ်ဟမ်း ကို အိမ်ကွင်းမှာပဲ ဧည့်ခံ သွားရမှာ ဖြစ်ပါတယ်။

Zawgyi Version

မေန႕ညက ယွဥ္ၿပိဳင္ကစားသြားၾကတဲ့ အက္ဖ္ေအဖလားစတုတၳအဆင့္ ပြဲစဥ္မွာ ယူနိုက္တက္အသင္းဟာ လီဗာပူးအသင္းကို အိမ္ကြင္းမွာဧည့္ခံၿပီးေတာ့ ၃ ဂိုး ၂ ဂိုးဆိုတဲ့ အနိုင္ရလဒ္ကို ရယူကာ ေနာက္တစ္ဆင့္ကို တတ္လွမ္းနိုင္ခဲ့ပါတယ္။

အဆိုပါ ပြဲစဥ္မွာ ႏွစ္ဖက္ ေပါင္း သြင္းဂိုးေတနဲ႕ အႀကိတ္အနယိ ရွိခဲ့ၿပီး လီဗာပူးအသင္းရဲ႕ သြင္းဂိုးႏွစ္ဂိုးကို ဆာလတ္ တစ္ဦးထဲက သြင္းယူေပးသြားခဲ့ၿပီး ယူနိုက္တက္ရဲ႕ သြင္းဂိုးသုံးဂိုးကိုေတာ့ ရပ္ရွ္ဖို႔ ၊ဂရင္းဝုဒ္ တို႔ႏွင့္ အနိုင္ဂိုးကိုေတာ့ ဖာနန္ဒက္က ဖရီးကစ္ကေန သြင္းယူေပးသြားခဲ့တာ ျဖစ္ပါတယ္။

ဂရင္းဝုဒ္ရဲ႕ ေခ်ပဂိုးသြင္းယူမႈကေတာ့ ပြဲအၿပီးေျပာခ်င္စရာ အျဖစ္အပ်က္တစ္ခုအျဖစ္နဲ႕ ရွိလာခဲ့ပါတယ္။ ရပ္ရွ္ဖို႔ ရဲ႕ လွပတဲ့ ေပးပို႔မႈကို ဂရင္းဝုဒ္က ရင္ဘတ္နဲ႕တစ္ခ်က္ထိန္းခဲ့ၿပီး ဧရိယာထဲဆြဲေျပးခ်ိန္မွာ လီဗာပူးလ္ေနာက္ခံလူေရာဘတ္ဆန္က လိုက္လံဖိအားေပးဖို႔ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္ ေျခလွမ္းဦးေနၿပီျဖစ္တဲ့ ဂရင္းဝုဒ္က အသာစီးရသြားခဲ့ၿပီး စိတ္ႀကိဳက္ကန္သြင္းခြင့္ပါ ရရွိခဲ့ပါတယ္။

ဂရင္းဝုဒ္ကန္သြင္းဖို႔ႀကိဳးစားေနခ်ိန္မွာေတာ့ ေရာဘတ္ဆန္ဟာ ေနာက္ဆုံးေသာႀကိဳးပမ္းမႈအျဖစ္ ၿပိဳင္ဘက္ကို အာ႐ုံပ်က္ျပားေစဖို႔ ေအာ္ဟစ္ကာ အသံေပးေျခာက္လွန႔္သြားခဲ့ပါတယ္။ ဒီျမင္ကြင္းကို ႐ုပ္သံကင္မရာေတြက အမိအရရိုက္ကူးနိုင္ခဲ့ၿပီး ေရာဘတ္ဆန္ ေအာ္ဟစ္ကာ ေျခာက္လွန႔္မႈကလည္း အထင္းသားရွိေနခဲ့ကာ ခ်က္ခ်င္းလိုလိုပဲ လူမႈကြန္ရက္ေတြေပၚမွာ ျပန႔္ႏွံ႕သြားခဲ့ပါတယ္။

ေရာဘတ္ဆန္အေနနဲ႕ အသင္းဂိုးမေပးရဖို႔အတြက္ အတတ္နိုင္ဆုံးႀကိဳးစားခဲ့တာျဖစ္ေပမယ့္လည္း ဂရင္းဝုဒ္က အမွားအယြင္းမရွိကန္သြင္းယူသြားခဲ့ပါတယ္။ တကယ္လို႔သာ ေရာဘတ္ဆန္ရဲ႕ အသံနဲ႕ ဖိအားေပးေျခာက္လွန႔္မႈက အသုံးဝင္ခဲ့မယ္ဆိုရင္ေတာ့ ပြဲအေျခအေနကေျပာင္းလဲသြားနိုင္တဲ့ အေနအထားမွာ ရွိေနခဲ့ပါတယ္။

ယူနိုက္တက္ တို႔ ဟာ ၃-၂ ဆိုတဲ့ ရလဒ္ကို ပြဲၿပီးသည္ ထိ ထိန္းထားခဲ့ၿပီး ခါးသီး ၿပိဳင္ဘက္ကို အျပန္ အလွန္ သြင္းဂိုး ေတြနဲ႕ အနိုင္ယူၿပီး Fa cup ၿပိဳင္ပြဲရဲ႕ ေနာက္ တစ္ဆင့္ကို တက္လွမ္း နိုင္ခဲ့ပါတယ္။ ေနာက္တဆင့္ မွာေတာ့ ေဒးဗစ္မိုယက္ ရဲ႕ ဝက္စ္ဟမ္း ကို အိမ္ကြင္းမွာပဲ ဧည့္ခံ သြားရမွာ ျဖစ္ပါတယ္။