Spots news
မက်ဆီ နဲ့ ရော်နယ်ဒို မပါဝင်ခဲ့တဲ့ ပီလီရဲ့ အကောင်းဆုံး ( ၁၁ ) ယောက်
Unicode Version
ဘရာဇီးဂန္ထဝင်တိုက်စစ်မှူး ပီလီဟာ သူရွေးတဲ့ ဖီဖာ-၂၁ တစ်နှစ်တာ အကောင်းဆုံးအသင်းမှာ လက်ရှိ ကမ္ဘာ့အကြီးကျယ်ဆုံး ကစားသမားတွေလို့ အများက သတ်မှတ်ထားတဲ့ ရော်နယ်ဒိုနဲ့ မက်ဆီ နှစ်ဦးစလုံးကို ချန်လှပ်ထားခဲ့ပြီး ပီအက်စ်ဂျီ တိုက်စစ်မှူး နှစ်ဦးဖြစ်တဲ့ နေမာနဲ့ အမ်ဘာပေကို ရွေးချယ်ခဲ့ပါတယ်။
ပီလီဟာ သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာ သူရွေးချယ်ထားတဲ့ အကောင်းဆုံး ၁၁ ယောက်စာရင်းကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အသက် ၈၀ အရွယ် ဘောလုံးသမား ဟောင်းကြီးက ရွေးချယ်ရာမှာ လီဗာပူးက ၃ ဦး၊ ဘိုင်ယန် ရီးရဲနဲ့ ပီအက်စ်ဂျီက ၂ ဦးစီ၊ ချဲလ်ဆီးနဲ့ မန်စီးတီးက ၁ ဦးစီ ပါဝင်ခဲ့ပါတယ်။ ပီလီဟာ ၄-၃-၃ ကစားကွက် နဲ့ ရွေးချယ်ခဲ့တာပါ။
ဂိုး – အယ်လစ်ဆန်
နောက်တန်း – အလက်ဇန်းဒါးအာနိုး၊ ရာမို့စ်၊ သီယာဂိုဆေးဗား၊ အယ်ဖွန်ဆိုဒေးဗီးစ်
အလယ်တန်း – ဒီဘရန်းနား၊ အယ်ကန်တာရာ၊ တိုနီခရူးစ်
ရှေ့တန်း – အမ်ဘာပေ၊ လီဝမ်ဒေါစကီး၊ နေမာ
ပီလီ၏ ရွေးချယ်မှု များသည် အများအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။  အထူးသဖြင့် ဘာစီလိုနာ နှင့် ဂျူဗင်တပ်မှ ကစားသမားနှစ်ဦး မပါဝင် ခဲ့ခြင်းက ဝေဖန်စရာ ဖြစ်ခဲ့တာပါ။ အဆိုပါ နှစ်သင်းမှာ သူတို့ အတိုင်းအတာ နှင့်သူတို့ ရုန်းကန်နေ ရသော်လည်း မက်ဆီနှင့် ရော်နယ်ဒို တို့ကတော့ ခြေစွမ်းပြနိုင်ဆဲ ရှိပါ သေးတယ်။
Zawgyi Version
ဂိုး – အယ်လစ်ဆန်