Spots news

စာချုပ်သစ် မချုပ်ချင်ရင် တစ်နှစ်လောက်ပဲ နေတော့ မှာပါ ဆိုတဲ့ အမ်ဘာပေ

Unicode Version

စနေ ‌နေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ မွန့် ပယ်လေယာ နဲ့ ပွဲမှာ ပီအက်စ်ဂျီ အသင်းဟာ ၄ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့ ပြီးတော့ ဘာပေ က ၂ ဂိုး အထိ သွင်းယူ ပေးခဲ့ ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အဲဒီပွဲအနိုင်ရခဲ့တာကြောင့် ဒုတိယနေရာက လိုင်လီ အသင်းနဲ့ (၃)မှတ်အသာ၊ တတိယနေရာက လိုင်ယွန် အသင်းနဲ့ (၅)မှတ်အကွာ အဆင့်(၁)နေရာမှာ ရပ်တည် နေတာလဲ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်း ဟာ တိုက်စစ်မှူး ဘာပေ ကို စာချုပ် သက်တမ်း တိုးဖို့ ကြိုးပမ်းနေတာ ဖြစ်ပြီး ပီအက်စ်ဂျီ နဲ့ ဘာပေ တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၂ ခုနှစ် နွေရာသီ အထိ သက်တမ်း ရှိနေတာ ဖြစ်ပါတယ်။

ဘာပေက တော့ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်တဲ့ ကိစ္စတွေ ကို ခုလို ပြောထား ပါတယ်။“ ကျွန်တော် နဲ့ အသင်းကြားမှာ စာချုပ်သစ် နဲ့ ပတ်သက်ပြီး ဆွေးနွေးမှု တွေ ရှိနေပါပြီ။ရေရှည် အတွက်ကိုလည်း တောင်းဆို ထားပါတယ်။”

“ကျွန်တော့် ဘက်က စာချုပ်သစ် ကိစ္စ အပေါ် အလေးအနက် ထားပြီး စဉ်းစားနေ ပါတယ်။ဒီကလပ်မှာ နေရတာအမြဲတမ်း ပျော်ရွှင်ခဲ့သလို ၊ အခုထိလည်း ပျော်နေရဆဲပါ။

ပရိသတ်တွေရော ၊ ကလပ် အသင်းဘက် ကပါ အများကြီး ပံ့ပိုးကူညီ ပေးကြ ပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ တခြား အတွေး တွေလည်း ရှိပါတယ်။”

“အနာဂတ်မှာ ဘာတွေ ဖြစ်လာ မလဲ ဆိုတာနဲ့ ၊ကိုယ်တိုင်ရော ဘယ်နေရာကို ရောက်နေချင် တာလဲ ဆိုတာတွေပါ တွေးမိပါတယ်။ မကြာခင်မှာ ဆုံးဖြတ်ချက် တွေ အပြီး ချမှတ် နိုင်မှာပါ။

အခု ကတည်းက ဆုံးဖြတ်ထား ပြီးပြီ ဆိုရင်တော့ ၊ ချက်ချင်း အဖြေပေးလိုက်လို့ ရတာပေါ့။” “တကယ်လို့ စာချုပ်သစ် မချုပ်ချင်ဘူး ဆိုရင်လည်း တစ်နှစ်လောက် ဆက်နေပြီးမှ ထွက်သွားမှာပါ” လို့ ဘာပေက ပြောဆို သွားခဲ့ ပါတယ်။

ဘာပေကို ခေါ်ယူဖို့ ရီးရဲလ် နဲ့ လီဗာပူးလ် အသင်းတို့က စိတ်၀င်စားနေကြပါတယ်။ လက်ရှိ အချိန်မှာ ဘာပေဟာ ပြင်သစ် ပြည်တွင်း ဖလားတွေ အားလုံးကို ဆွတ်ခူး ထားဖူးပြီ ဖြစ်သလို ၊ လက်ရွေးစင် အသင်းနဲ့ လည်းကမ္ဘာ့ဖလားကြီး ကို ဆွတ်ခူးထား နိုင်ခဲ့ပြီ ဖြစ်ပါတယ်။