Unicode Version
မနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ မန်စီးတီးဟာ အသင်းငယ်လေး ချဲလ်တင်ဟမ်ကို ၃-၁ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။နည်းပြ ဂွါဒီယိုလာဟာ ဗုဒ္ဓဟူးနေ့က အက်စတွန်ဗီလာကို ရင်ဆိုင်ခဲ့တဲ့ လူစာရင်းမှာ ၁၀ဦးအပြောင်းအလဲလုပ်ပြီး ချဲလ်တင်ဟမ်အသင်းကို ရင်ဆိုင်ခဲ့ပါတယ်။ လူငယ်ကစားသမား ဖိုဒန်သာ ပြန်လည် ပါဝင်ပွဲထွက်ကစားပေးခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်ကွင်းလယ်ကြယ်ပွင့် ဖိုဒန်ရဲ့ ခြေစွမ်းပြမှုနဲ့ ပတ်သက်ပြီးနည်းပြဂွါဒီယိုလာက “ဖိုဒန်ဟာ အရမ်းကောင်းတဲ့ အခိုက်အတန့်မှာ ရှိနေပါတယ်။ သူ့ရဲ့ ကစားပုံဟာ တကယ်လည်းကောင်းပါတယ်”လို့ ပြောဆိုထားပေမယ့်လည်း တစ်ဖက်မှာ ကိုယ့်နေရာအတွက်သာပိုမိုကြိုးစားသင့်ကြောင်း သတိပေးထားပါတယ်။
မန်စီးတီးအသင်းအတွက် လူငယ်ကစားသမားဖိုဒန် အနေနဲ့အဓိကကွင်းလယ်လူဒီဘရိုင်းလုပ်ဆောင်ခဲ့သလိုမျိုးပုံတူလိုက်လုပ်ဆောင်ဖို့မလိုကြောင်းနည်းပြဂွါဒီယိုလာကသတိပေးထားတာပါ။ဒီဘရိုင်းဟာ တံကောက်ကြောဒဏ်ရာပြဿနာကြောင့် လက်ရှိအချိန်မှာ သီတင်းပတ်ခြောက်ပတ်ခန့် အနားယူရမှာဖြစ်ပါတယ်။
နည်းပြဂွါဒီယိုလာက“ဖိုဒန်ဟာ ဖိုဒန်ပါပဲ၊ သူဟာ ကီဗင်ဒီဘရိုင်း မဟုတ်ပါဘူး။ ကီဗင်ဒီဘရိုင်း ဟာ ကျွန်တော်တို့ အသင်းမှာ တစ်ဦးသာရှိမှာပါ။ ဖိုဒန်ဟာ ခြေစွမ်းပိုင်း ပိုမိုကောင်းမွန်အောင် ကြိုးပမ်း ထိန်းသိမ်းနိုင်စွမ်းရှိဖို့ လိုအပ်ပါတယ်။
ကိုယ့်နေရာ အတွက်သာ ပိုကြိုးစားသင့်ပါတယ်။ အသင်း အခြေအနေတွေ ခက်ခဲနေချိန်မှာ ဖိုဒန်က တခြားသူ တစ်ယောက် ဖြစ်စရာမလိုပါဘူး။ ခြေစွမ်းပြကစားနိုင်ဖို့ပဲလိုအပ်ပါတယ်။ “ဟု ပြောကြားခဲ့ ပါတယ်။
ဒီဘရိုင်းဟာ ဒဏ်ရာပြဿနာကြောင့် ဝက်စ်ဘရွန်း၊ရှက်ဖီးယူနိုက်တက်၊ဘန်လေ၊လီဗာပူး၊စပါး၊အာဆင်နယ်၊ဝက်ဟမ်းတို့နဲ့ပရီးမီးယားလိဂ်ပွဲစဉ်တွေအပြင် မိုချန်ဂလာဘတ်နဲ့ ကစားမယ့်ချန်ပီယံလိဂ်ပွဲစဉ် ကိုလည်း လွဲချော်ဖို့ အလားအလာများနေပါတယ်။
မန်စီးတီးအသင်းဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဝက်စ်ဘရွန်းနဲ့ အဝေးကွင်းပွဲကစားရဖို့ ရှိနေပြီး အီတီဟတ်မှာ ကစားခဲ့တုန်းကတော့ မန်စီးတီးဟာ ဝက်စ်ဘရွန်းကို သရေသာ ကစားနိုင်ခဲ့ပါတယ်။ မန်စီးတီးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ဇယားထိပ်က ယူနိုက်တက်ထက် ၁ပွဲလျော့ကစားထားပြီး ၂မှတ်ကွာဟနေကာ အဆင့် ၂နေရာမှာ ရှိနေပါတယ်။
Zawgyi Version
မေန႕ညက ကစားခဲ့တဲ့ အက္ဖ္ေအဖလားပြဲစဥ္မွာ မန္စီးတီးဟာ အသင္းငယ္ေလး ခ်ဲလ္တင္ဟမ္ကို ၃-၁ဂိုးနဲ႕ အနိုင္ရခဲ့ပါတယ္။နည္းျပ ဂြါဒီယိုလာဟာ ဗုဒၶဟူးေန႕က အက္စတြန္ဗီလာကို ရင္ဆိုင္ခဲ့တဲ့ လူစာရင္းမွာ ၁၀ဦးအေျပာင္းအလဲလုပ္ၿပီး ခ်ဲလ္တင္ဟမ္အသင္းကို ရင္ဆိုင္ခဲ့ပါတယ္။ လူငယ္ကစားသမား ဖိုဒန္သာ ျပန္လည္ ပါဝင္ပြဲထြက္ကစားေပးခဲ့တာ ျဖစ္ပါတယ္။
အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ ဖိုဒန္ရဲ႕ ေျခစြမ္းျပမႈနဲ႕ ပတ္သက္ၿပီးနည္းျပဂြါဒီယိုလာက “ဖိုဒန္ဟာ အရမ္းေကာင္းတဲ့ အခိုက္အတန႔္မွာ ရွိေနပါတယ္။ သူ႕ရဲ႕ ကစားပုံဟာ တကယ္လည္းေကာင္းပါတယ္”လို႔ ေျပာဆိုထားေပမယ့္လည္း တစ္ဖက္မွာ ကိုယ့္ေနရာအတြက္သာပိုမိုႀကိဳးစားသင့္ေၾကာင္း သတိေပးထားပါတယ္။
မန္စီးတီးအသင္းအတြက္ လူငယ္ကစားသမားဖိုဒန္ အေနနဲ႕အဓိကကြင္းလယ္လူဒီဘရိုင္းလုပ္ေဆာင္ခဲ့သလိုမ်ိဳးပုံတူလိုက္လုပ္ေဆာင္ဖို႔မလိုေၾကာင္းနည္းျပဂြါဒီယိုလာကသတိေပးထားတာပါ။ဒီဘရိုင္းဟာ တံေကာက္ေၾကာဒဏ္ရာျပႆနာေၾကာင့္ လက္ရွိအခ်ိန္မွာ သီတင္းပတ္ေျခာက္ပတ္ခန႔္ အနားယူရမွာျဖစ္ပါတယ္။
နည္းျပဂြါဒီယိုလာက“ဖိုဒန္ဟာ ဖိုဒန္ပါပဲ၊ သူဟာ ကီဗင္ဒီဘရိုင္း မဟုတ္ပါဘူး။ ကီဗင္ဒီဘရိုင္း ဟာ ကြၽန္ေတာ္တို႔ အသင္းမွာ တစ္ဦးသာရွိမွာပါ။ ဖိုဒန္ဟာ ေျခစြမ္းပိုင္း ပိုမိုေကာင္းမြန္ေအာင္ ႀကိဳးပမ္း ထိန္းသိမ္းနိုင္စြမ္းရွိဖို႔ လိုအပ္ပါတယ္။ ကိုယ့္ေနရာ အတြက္သာ ပိုႀကိဳးစားသင့္ပါတယ္။ အသင္း အေျခအေနေတြ ခက္ခဲေနခ်ိန္မွာ ဖိုဒန္က တျခားသူ တစ္ေယာက္ ျဖစ္စရာမလိုပါဘူး။ ေျခစြမ္းျပကစားနိုင္ဖို႔ပဲလိုအပ္ပါတယ္။ “ဟု ေျပာၾကားခဲ့ ပါတယ္။
ဒီဘရိုင္းဟာ ဒဏ္ရာျပႆနာေၾကာင့္ ဝက္စ္ဘ႐ြန္း၊ရွက္ဖီးယူနိုက္တက္၊ဘန္ေလ၊လီဗာပူး၊စပါး၊အာဆင္နယ္၊ဝက္ဟမ္းတို႔နဲ႕ပရီးမီးယားလိဂ္ပြဲစဥ္ေတြအျပင္ မိုခ်န္ဂလာဘတ္နဲ႕ ကစားမယ့္ခ်န္ပီယံလိဂ္ပြဲစဥ္ ကိုလည္း လြဲေခ်ာ္ဖို႔ အလားအလာမ်ားေနပါတယ္။
မန္စီးတီးအသင္းဟာ လာမယ့္ ဗုဒၶဟူးေန႕မွာ ဝက္စ္ဘ႐ြန္းနဲ႕ အေဝးကြင္းပြဲကစားရဖို႔ ရွိေနၿပီး အီတီဟတ္မွာ ကစားခဲ့တုန္းကေတာ့ မန္စီးတီးဟာ ဝက္စ္ဘ႐ြန္းကို သေရသာ ကစားနိုင္ခဲ့ပါတယ္။ မန္စီးတီးဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ ဇယားထိပ္က ယူနိုက္တက္ထက္ ၁ပြဲေလ်ာ့ကစားထားၿပီး ၂မွတ္ကြာဟေနကာ အဆင့္ ၂ေနရာမွာ ရွိေနပါတယ္။