Unicode Version
မနေ့ညက ယှဉ်ပြိုင်ကစားသွားကြတဲ့ အက်ဖ်အေဖလားစတုတ္ထအဆင့် ပွဲစဉ်မှာ ယူနိုက်တက်အသင်းဟာ လီဗာပူးအသင်းကို အိမ်ကွင်းမှာဧည့်ခံပြီးတော့ ၃ ဂိုး ၂ ဂိုးဆိုတဲ့ အနိုင်ရလဒ်ကို ရယူကာ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ခဲ့ပါတယ်။
အဆိုပါ ပွဲစဉ်မှာ နှစ်ဖက် ပေါင်း သွင်းဂိုးတေနဲ့ အကြိတ်အနယိ ရှိခဲ့ပြီး လီဗာပူးအသင်းရဲ့ သွင်းဂိုးနှစ်ဂိုးကို ဆာလတ် တစ်ဦးထဲက သွင်းယူပေးသွားခဲ့ပြီး ယူနိုက်တက်ရဲ့ သွင်းဂိုးသုံးဂိုး ကိုတော့ ရပ်ရှ်ဖို့ ၊ဂရင်းဝုဒ် တို့နှင့် အနိုင်ဂိုးကိုတော့ ဖာနန်ဒက်က ဖရီးကစ်ကနေ သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။
အသက်(၂၃)နှစ်အရွှယ်ရှိ အင်္ဂလန် လက်ရွေးစင် တိုက်စစ် ကစားသမား မားကပ်စ်ရပ်ရှ်ဖို့ ဟာ မနေ့ညက ပွဲစဉ်အတွင်း အသင်းအတွက် အတော်လေးကို ခြေစွမ်း ကောင်းတွေ ပြသနိုင်ခဲ့ပြီး မေဆန်ဂရင်းဝုဒ်ရဲ့ ချေပဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို အသင်းအတွက် ဒုတိယ ဦးဆောင်ဂိုး ကိုလည်း သူကိုယ်တိုင် သွင်းယူနိုင်ခဲ့ပါတယ်။
အသင်းအတွက် အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ခဲ့ပေမယ့်လည်း ရပ်ရှ်ဖို့ဟာ ဒူးဒဏ်ရာ ရရှိသွားခဲ့တဲ့အတွက် ပွဲချိန်ပြည့် ဆက်လက် ကစားဖို့ မဖြစ်နိုင်တော့တဲ့ အတွက် မာရှယ် နဲ့ လူစားလဲခဲ့ရပြီး သူရဲ့ဒဏ်ရာ အခြေအနေ ဘယ်လောက်အထိ ရှိနေမလဲဆိုတာကိုပါ စစ်ဆေးသွားရ တော့မှာဖြစ်ပါတယ်
ရပ်ရှ်ဖို့ရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး BBC သတင်း မီဒီယာကနေ မေးမြန်းလာခဲ့ရာ ယူနိုက်တက် နည်းပြဆိုးလ်ရှားက “မျှော်လင့်ရတာပဲ။ သူရဲ့ဒူးဒဏ်ရာက သူ့ကို စိတ်အနှောင့်အယှက် ပေးသွားခဲ့တယ်။
ဒါကြောင့် မနက်ဖြန် ကျရင်တော့ ကျွန်တော်တို့တွေ အခြေအနေကို ပိုမိုသိရှိနိုင်ဖို့ အတွက် စစ်ဆေးမှုတွေ လုပ်ဆောင် သွားရပါမယ်” လို့ ပြန်လည်ဖြေကြား ပြောဆိုသွားခဲ့ပါတယ်။