Spots news

အိုလီဗာခန်းကို ကျော်တက်နိုင်ခဲ့ တဲ့ နူအာ နဲ့ သတင်းတိုများ

Unicode Version

ယမန်နေ့ ညက ကစား ခဲ့တဲ့ ဂျာမန် ဘွန်ဒစ်လီဂါ ပွဲစဉ် မှာ ဘိုင်ယန်မြုးနစ် ဟာ အဝေးကွင်း မှာ ရှော်ကေး အသင်း ကို ၄ – ၀ နဲ့ အနိုင် ရခဲ့ပြီး ဦးဆောင်မှု ကို ဆက်လက် တည်မြဲ စေခဲ့ ပါတယ် ။ ဘိုင်ယန် အတွက် သောမတ်စ် မူလာ ၂ ဂိုး ၊ လီဝန် ဒေါ့စကီး နဲ့ အလာဘာ တို့ က ၁ ဂိုးစီ သွင်းယူ ပေးခဲ့ ကြပါတယ် ။ ဒီပွဲ မှာ ပါဝင်ပြီး Cleansheet ရယူ နိုင်ခဲ့တဲ့ ဘိုင်ယန် ဂိုးသမားကြီး နူအာ ကတော့ အိုလီဗာခမ်း တင်ရှိ ထားတဲ့ ဘွန်ဒစ်လီဂါ ရဲ့ ပေးဂိုး မရှိပွဲ စံချိန် ( 196 ပွဲ ) ကို ကျော်ဖြတ်ကာ 197 ပွဲ နဲ့ စံချိန်သစ် ပိုင်ရှင် ဖြစ်လာ ခဲ့ ပါတယ် ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြအိုလေဂန်နာဆိုးလ်ရှားက အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ လီဗာပူးလ်နဲ့ ပွဲစဉ်မတိုင်ခင် စနေနေ့ည ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းပြီးနောက်မှာပဲ ဖရီးကစ်ကန်သွင်း လေ့ကျင့်မှုကို (၄၅)မိနစ်သီးသန့် ပြုလုပ်ခဲ့တာကြောင့် တကယ့်ပွဲစဉ်အတွင်း ဖရီးကစ်ကနေ အသင်းအတွက် အနိုင်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ယနေ့ နေ့လယ်ပိုင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်သလို လက်ရှိ အချိန်မှာ နည်းပြတစ်ဦး အဖြစ် တာဝန်ယူထားတဲ့ ဖရန့်လမ်းပတ်ကို နည်းပြရာထူး ကနေ ထုတ်ပယ်လိုက်ပြီပဲ ဖြစ်ပါတယ်။

အီတလီ သတင်း ဌာန တစ်ခု ဖြစ်တဲ့ La Nazione က ဖီအိုရင်တီးနား အသင်းဟာ တော်ရီးယား ကို ရာသီကုန် အထိ အငှား နဲ့ ခေါ်ယူချင်နေပြီး ၊ ရာသီကုန်မှာ ပေါင် ၉.၇ သန်း နဲ့ အပြီးသတ် ခေါ်ယူခွင့် ရဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ် ။ တော်ရီးယား ဟာ အခု အချိန်မှာ အက်သလက်တီကို မက်ဒရစ် အသင်းမှာ အငှား သွားရောက် ကစားနေသူ ဖြစ်ပြီး ပွဲထွက် ကစားခွင့် ရဖို့ ရုန်းကန် နေရပါတယ် ။ တော်ရီးယား ဟာ အာတီတာ ရဲ့ အနာဂတ် အစီအစဉ်မှာ မပါဝင်ဘူးလိုလည်း သိရပါတယ် ။