Spots news

ဘောလုံးပြန်ကစားရခွင့် ရရှိခဲ့လို့ ဝမ်းသာမိပါတယ် ဆိုတဲ့ ကွင်းလယ်လူ အိုဇေးလ်

Unicode Version

တူရကီကလပ် ဖီနာဘာချီအသင်းကို ပြောင်းရွှေ့သွားခဲ့သူ ကွင်းလယ်ဖန်တီးရှင်အိုဇေးလ်က သူ့အနေနဲ့ ကိုယ့်အိမ်ကိုယ်ယာပြန်ရောက်လာသလို ခံစားရတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

အိုဇေးလ်ဟာ အာဆင်နယ်အသင်းမှာ ကာလကြာရှည်ပွဲထွက်ခွင့်ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး အခုနောက်ဆုံးမှာတော့ အသင်းပြောင်းခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

သူ့အနေနဲ့ ဖီနာဘာချီမှာ အေးရာအေးကြောင်းကစားရင်း ဘောလုံးသမားဘဝကို အဆုံးသတ်သွားမှာမဟုတ်ဘဲ အရင်လိုခြေစွမ်းမျိုးပြန်ရအောင် အကောင်းဆုံးကြိုးစားသွားဦးမှာဖြစ်တယ်လို့လည်း အိုဇေးလ်ကဆိုပါတယ်။

“နောက်ဆုံးတော့ ကျွန်တော်ဘောလုံးပြန်ကစားခွင့်ရပါတော့မယ်။ အဲ့ဒီအတွက်လည်း အတိုင်းမသိဝမ်းသာပျော်ရွှင်ရပါတယ်။

ရိုးရိုးသားသားပြောရရင် အာဆင်ဝင်းဂါးလက်ထက် အာဆင်နယ်အသင်းကိုပြောင်းရွှေ့ခွင့်ရတာ တကယ်ပျော်စရာကောင်းပါတယ်။ ကျွန်တော်အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တယ်။ အူနိုင်းအမ်မရီလက်ထက်မှာလည်း အခြေအနေမဆိုးသေးပါဘူး။

ဒါပေမယ့် ကျွန်တော့်ရဲ့အာဆင်နယ်ကစားသမားဘဝဟာ အစကောင်းခဲ့သလောက် အဆုံးသတ်မလှခဲ့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က အမြဲတမ်း အမှန်တရားဖက်က ရပ်တည်ခဲ့လို့ပါပဲ။ အဲ့ဒီအတွက် ကျွန်တော်နောင်တလည်းမရမိပါဘူး။

အခု ဖီနာဘာချီကို ပြန်ရောက်လာတာဟာ ကျွန်တော့်အတွက် ကိုယ့်အိမ်ကိုယ့်ယာကို ပြန်လာရသလို ခံစားရပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ ခင်ဗျားတို့တွေးထင်ထားသလို ဒီမှာ သက်တောင့်သက်သာဖြတ်သန်းရင်း ကစားသမားဘဝကနားသွားမှာမဟုတ်ပါဘူး။ ကျွန်တော်အရင်လိုခြေစွမ်းမျိုးပြန်ရအောင် အကောင်းဆုံးကြိုးစားသွားဦးမှာပါ။

အာဆင်နယ်ပရိသတ်များနဲ့တကွ ကမ္ဘာတလွှားက ကျွန်တော့်ရဲ့ပရိသတ်တွေအားလုံးကိုလည်း အထူးပဲကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ နောက်ဆုံးတော့ ကျွန်တော်ပျော်ရွှင်နိုင်ခဲ့ပြီ၊ ခင်ဗျားတို့လည်း ပျော်ရွှင်နိုင်ကြဖို့ မျှော်လင့်ပါတယ်”လို့ အိုဇေးလ်ကပြောကြားခဲ့ပါတယ်။