Spots news

ဝုဖ် နဲ့ ပွဲကိုတောင် ကိုင်တွယ်ရနိုင်ဖွယ် ရှိနေတဲ့ ချဲလ်ဆီး နည်းပြသစ် တူချယ်

Unicode Version

ပရီးမီးယား လိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီး အသင်းဟာ သူတို့ အသင်းရဲ့ ဂန္တဝင် ကစားသမား ဟောင်း တစ်ဦး ဖြစ်သလို လက်ရှိ အချိန်မှာ နည်းပြတစ်ဦး အဖြစ် တာဝန်ယူထားတဲ့ ဖရန့်လမ်းပတ်ကို နည်းပြရာထူး ကနေ ထုတ်ပယ် လိုက်ပြီပဲ ဖြစ်ပါတယ်။

နည်းပြ ရာထူးအတွက် ပီအက်စ်ဂျီ နည်းပြဟောင်း တူချယ် ကို ခန့်အပ်တော့မည်ဖြစ်ကြောင်း သတင်းတော်တော် များများက အတည်ပြု ခဲ့ပြီ ဖြစ်ပါတယ်။ တူချယ် အနေနဲ့ လမ်းပတ်ရဲ့ နေရာကို ဝင်ရောက်ပီး အသင်းရဲ့ မန်နေဂျာ အလုပ်တွေကို လုပ်ကိုင်ခွင့် ရရှိနေပြီ ဖြစ်ပါတယ်။

အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် အက်အေ က တူချယ် အနေနဲ့ အသင်းက စီစဉ်ပေးမယ့် Bubble ဧရိယာ အတွင်းမှာ နေထိုင်မယ် ဆိုရင် ၊ အလုပ်တွေ ကို ချက်ခြင်း လုပ်ဆောင်ခွင့် ရှိနေတဲ့အကြောင်း ၊ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ကိုးကား ကာ အတည်ပြုပေး လိုက်ချိန်မှာတော့ ၊ အခုလို သတင်းမျိုး ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီး တာဝန် ရှိသူတွေ အားလုံးကတော့ တူချယ် ဟာ မနက်ဖြန် ညမှာ ယှဉ်ပြိုင် ကစားမယ့် ဝုဖ် နဲ့ ပွဲကိုတောင် ကြီးကြပ်ပေးနိုင်ဖွယ် ရှိနေတယ်လို့ ယုံကြည်နေကြပါတယ်။ တူချယ် ဟာ ဗြိတိန် ကနေ ချမှတ်ထားတဲ့ ဗိုင်းရပ် ဆိုင်ရာ စည်းမျဉ်းတွေက ကင်းလွတ်ခွင့် ရရှိလိုက်တာတော့ မဟုတ်ပါဘူး။ ပုံမှန် အားဖြင့်တော့ ဂျာမဏီ ကနေ ဝင်ရောက်လာတဲ့ လူတစ်ယောက် အတွက် ကွာရာတင်း ပုံမှန် 5 ရက် ဝင်ပြီးမှသာ အလုပ်လုပ်ခွင့် ရှိမှာ ဖြစ်ပါတယ်။

သို့သော် သူဟာ ဂျာမဏီကနေ မထွက်ခွာခင် ဆေးစစ်လာတဲ့ အဖြေက Negative ဖြစ်ခဲ့မယ် ဆိုရင် ၊ လန်ဒန် ရောက်တာ နဲ့ ကလပ် Bubble အတွင်း ဝင်ရောက်နေထိုင်ပြီး ၊ အလုပ်တွေ စတင် လုပ်ကိုင်နိုင်တဲ့ အကြောင်း FA ဘက်က အတည်ပြုချက် ပေးထားပါတယ်။

တကယ်လို့ တူချယ် ရဲ့ ဆေးစစ်ထားတဲ့ ကိစ္စအပေါ် အကြောင်း တစ်စုံတရာများ ပေါ်ပေါက်လာခဲ့ရင် ၊ လာမယ့် ဝုဖ်နဲ့ ပွဲစဉ်မှာ နည်းစနစ် အကြံပေး ပီတာ ဆက်ချ် ရဲ့ အကူအညီနဲ့ အတူ နည်းပြအဖွဲ့ ဝင်တွေ ဖြစ်တဲ့ အက်ဒ်ဝပ် ၊ ဘာရီ တို့က ပူးတွဲကာ ကိုင်တွယ်ဖို့ လျားထားပါတယ်။