Spots news

အဂူရိုရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဟယ်ရီကိန်းကို မန်စီးတီး ပစ်မှတ်ထား

Unicode Version

မန်ချက် စတာ စီးတီး အသင်းက ပေါင်သန်း ၉၀ ကျော် အသုံး ပြူပြီး စပါး အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်း ကို ခေါ်ယူ ရန် ကြိုးစားမည် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်  လာပါတယ်။ လက်ရှိ ဘောလုံး ရာသီမှာ ဟယ်ရီကိန်း ဟာ ပရီးမီးယား လိဂ် ၁၈ ပွဲ မှာ ၁၂ ဂိုး သွင်း ယူပြီး ၁၁ ဂိုး ဖန်တီး ပေးထား နိုင်ပါတယ်။

စပါး နဲ့ အင်္ဂလန် အသင်း ခေါင်း ဆောင် ဟယ်ရီကိန်းဟာ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး စာရင်းဝင် ကစားသမား တစ်ဦး ဖြစ်ပြီး အသင်းအတွက် လိုအပ် နေတဲ့ သွင်းဂိုး တွေကို သွင်းယူ ပေးတတ် သလို အသင်း ဖော်တွေ ဂိုးသွင်းယူ နိုင်အောင်လည်း ဂိုး ဖန်တီးမှု တွေ ပြုလုပ် ပေးနိုင်တဲ့ ကစားသမား တစ်ဦးပါ။

ဂျာမန် နာမည်ကြီး သတင်း ဌာန တစ်ခု ဖြစ်တဲ့ BILD ရဲ့ ဖော်ပြချက် အရတော့ မန်စီးတီး နည်းပြ ဖြစ်သူ ဂွာဒီယိုလာ ဟာ အသင်းက ထွက်ခွာတော့မယ့် အဂူရိုရဲ့ နေရာ အတွက် ဟယ်ရီကိန်းကို ခေါ်ယူ ချင်နေတာ ဖြစ်ကြောင်း သိရပါတယ်။

ကစားသမား ကို ဆုဖလား အောင်မြင်မှု နဲ့ ဆွဲဆောင် ပြီး ခေါ်ယူရန် ကြိုးပမ်း မည် ဖြစ်ပြီး ဟယ်ရီကိန်း ရဲ့ ပြောင်းရွေ့ကြေး က သန်း ၁၀၀ ကျော်မည် ဟု ဘောလုံး သုံးသပ် သူတွေက ခန့်မှန်း ထားကြ ပါတယ်။

မန်ချက်စတာ စီးတီး အသင်းဟာ ဟယ်ရီကိန်းကို လာမယ့် နွေရာသီ အပြောင်း အရွှေ့မှာ ခေါ်ယူနိုင်ဖို့ မျှော်လင့် ထားကြောင်း ဆိုပါတယ်။ ဟယ်ရီကိန်းဟာ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူးတွေ ထဲက တစ်ဦး ဖြစ်ပေမယ့် လက်ရှိ အချိန်အထိ သူ့ရဲ့ ကစားသမား ဘဝမှာ လောက်လောက် လားလား အောင်မြင်မှု တွေ ရှိမနေပဲ ဖြစ်နေပါတယ်။

ဒါ့ကြောင့် သူသာ လက်ရှိ ဘောလုံး ရာသီမှာ စပါး အသင်းနဲ့ အတူ ဆုဖလား အောင်မြင်မှု မရရှိခဲ့ဘူး ဆိုရင်တော့ ဟယ်ရီကိန်းဟာ လာမယ့် နွေရာသီ အပြောင်း အရွှေ့ မှာတော့ စပါး အသင်းကို ကျိန်းသေပေါက် စွန့်ခွာ သွားမယ့် အလားအလာ တွေ ရှိနေ ပါတယ်။