Spots news

တပည့်ဟောင်းလမ်းပတ် ထုတ်ပယ်ခံရမှုအတွက် စိတ်မကောင်းမိကြောင်း မော်ရင်ဟိုပြော

Unicode Version

မနေ့ညက ပရီးမီးယား လိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီး အသင်းဟာ သူတို့ အသင်းရဲ့ ဂန္တဝင် ကစားသမား ဟောင်း တစ်ဦး ဖြစ်သလို

လက်ရှိ အချိန်မှာ နည်းပြတစ်ဦး အဖြစ် တာဝန်ယူထားတဲ့ ဖရန့်လမ်းပတ်ကို နည်းပြရာထူး ကနေ ထုတ်ပယ် လိုက်ပြီပဲ ဖြစ်ပါတယ်။

လမ်းပတ်အတွက်တော့ ချဲလ်ဆီးပိုင်ရှင်အေဗရာမိုဗစ်ရဲ့ အသင်းကို သူ ပိုင်ဆိုင်ပြီးချိန်မှာပဲ ထုတ်ပယ်တဲ့ ၁၁ ဦးမြောက်ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိ စပါးနည်းပြ မော်ရင်ဟိုက ၂ ကြိမ်တောင် ထုတ်ပယ် ခံရဖူးတာ ဖြစ်ပြီး ၂၀၀၇ နဲ့ ၂၀၁၅ မှာပဲဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ချဲလ်ဆီးအသင်းကို ပရီးမီးယားလိဂ် ဖလား ၃ လုံးအထိ ယူပေးခဲ့ဖူးသူ ဖြစ်ပါတယ်။

ချဲလ်ဆီး နည်းပြဟောင်းလဲ ဖြစ် လမ်းပတ် ချဲလ်ဆီး ကစားသမား ဘဝတုန်းကတည်းက လက်တွဲလာခဲ့တဲ့ နည်းပြမော်ရင်ဟိုကတော့

တပည့်ဟောင်း လမ်းပတ် ထုတ်ပယ် ခံရမှု အပေါ် အလွန် စိတ်မကောင်း ဖြစ်မိကြောင်း ပြောဆို လိုက်ပါတယ်။

မော်ရင်ဟိုကတော့ “အခုချိန်မှာတော့ သူ့မိသားစုလောက်နဲ့လွဲရင် လမ်းပတ်က ကျွန်တော်နဲ့ရော အခြားသူတွေနဲ့ပါ စကားပြောချင်မယ်မထင်ပါဘူး။

ဒါပေါ့ဗျာ .. ကျွန်တော့်အတွက်တော့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က သူ့အလုပ်ကို ဆုံးရှုံးသွားတဲ့အချိန်တိုင်း ဝမ်းနည်းမိပါတယ်။

ပြီးတော့ လမ်းပတ်က လုပ်ဖော်ကိုင်ဖက်တင်မဟုတ်ဘူးလေ။ သူက ကျွန်တော့်နည်းပြဘဝအတွက်လည်း အရေးပါခဲ့တဲ့ ကစားသမားတစ်ဦးပါ။ ဒီတော့ သူ့အတွက် ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်”

“ဒါပေမဲ့ ဒါက ဘောလုံးလောကရဲ့ရက်စက်မှုပါပဲ။ အထူးသဖြင့် အခုလို မော်ဒန်ဘောလုံးလောကမှာပေါ့ ၊ နည်းပြဖြစ်လာခဲ့တဲ့အခါ ဒါကို ရင်ဆိုင်ရမှာပါပဲ ၊

ကိုယ့်အလှည့်က ဘယ်တော့လဲ ၊ ခပ်မြန်မြန်လား ၊ အကြာကြီးနေမှလားပေါ့ ၊ ဒါကိုဘယ်သူမဆို ရင်ဆိုင်ရမှာပါပဲ” လို့လည်း သူက ဆိုသွားခဲ့တာပဲဖြစ်ပါတယ်။