Spots news

ယူနိုက်တက် ဂန္တဝင်ဖြစ်ဖို့ ဘရူနို အနေနဲ့ ဖလားရရှိဖို့လိုတယ်ဟု ရိုင်ယန်ဂစ် ပြောကြား

Unicode Version

လက်ရှိမန်ယူကွင်းလယ်လူ ဖာနန်ဒက်စ်အနေနဲ့ ကန်တိုနာ လိုမျိုးကလပ်ရဲ့ဂန္ထဝင်ဖြစ်ဖို့ဆိုရင် ဆုဖလားတွေ တော့ရယူဖို့ လိုအပ်နေတယ်လို့ ရိုင်ယန်ဂစ်က သုံးသပ်ပြောကြားလိုက်ပါတယ်။ ဖာနန်ဒက်စ်ဟာ လီဗာပူးကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ အနိုင်ဂိုးကို ဖရီးကစ်ကနေတစ်ဆင့်လှပစွာသွင်းယူပေး ခဲ့ပြီး မန်ယူအသင်းအပေါ်သူ့ရဲ့လွှမ်းမိုးမှုကို ဆက်လက်ပြသသွားပါတယ်။

မန်ယူဟာ ဖာနန်ဒက်စ်မရောက်လာ ခင်တုန်းက ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့အသင်းဖြစ်နေပေမယ့် သူရောက်လာပြီးနောက် တစ်နှစ်အတွင်း မှာတင် အမှတ်ပေးဇယားကို ဦးဆောင်နိုင်တဲ့ အသင်းဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း မန်ယူကိုရောက်လာ ပြီးနောက် ၂၈ ဂိုးသွင်းယူထားတဲ့ ဖာနန်ဒက်စ်ကို ကန်တိုနာလိုမျိုး အသင်းအပေါ်လွှမ်းမိုးနိုင်စွမ်းရှိသူအဖြစ် တင်စားနေကြတာဖြစ်ပါတယ်။

၁၉၉၂ က လိဒ်ယူနိုက်တက်ကနေ မန်ယူကိုပြောင်းလာတဲ့ ကန်တိုနာဟာ ပရိ သတ်ကို ကန်ခဲ့လို့ ရေရှည်ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ခဲ့ရသူဖြစ်ပေမယ့် သူ့လက်ထက်မှာ မန်ယူကိုအဓိက ဆုဖ လား ၆ လုံးရအောင် ဦးဆောင်မှုပေးသွားနိုင်သူဖြစ်ပါတယ်။ လက်ရှိမှာ ဖာနန်ဒက်စ်ဟာ မန်ယူနဲ့ဆုဖလားတစ်လုံးရယူနိုင်မယ့်အခြေအနေမှာရှိနေသလို ကလပ်ရဲ့ဂန္ထဝင် စာရင်းဝင်ဖြစ်တဲ့ ဂစ်ကလည်း အဲဒီပေါ်တူဂီသားအနေနဲ့ ဂန္ထဝင်ဖြစ်ဖို့ဆိုရင် ဆုဖလားရယူနိုင်ဖို့လိုအပ်နေတယ် လို့ ဆိုခဲ့ပါတယ်။

ဂစ်က” လက်ရှိမှာ မန်ယူအပေါ်ဖာနန်ဒက်စ်ရဲ့ ထိရောက်မှုကကြီးမားတယ်ဆိုတာ သံသယဖြစ်စရာမရှိ ပါဘူး။ ဒါကြောင့်လည်း ကန်တိုနာနဲ့ နှိုင်းယှဉ်မှုတွေလည်းရှိနေတာပါ။ သူ့အရည်အသွေးကြောင့် သူနဲ့တွဲကစား ရတဲ့သူတွေလည်း ပိုပြီးကောင်းလာတာ မြင်နေရပါတယ် ”

“ အခြေအနေတွေက အကောင်းဘက်မရောက်တဲ့အ ခါမှာလည်း သူဟာ ကစားဖော်တွေကိုအမြဲတမ်းပြေဆိုနေသလို ဒိုင်လူကြီးကိုလည်း စောဒကတက်လေ့ရှိပါ တယ်။ သူ့ကိုကြည့်ရတာ နိုင်လိုစိတ်ပြင်းထန်တဲ့သူပါ။ မန်ယူကိုရောက်လာပြီးနောက် အသင်းကိုအကောင်းဆုံး ဦးဆောင်နိုင်တာမှန်ပေမယ့် ဂန္ထဝင်ဖြစ်ဖို့ဆိုရင်တော့ ပွဲကြီးတွေမှာအစွမ်းပြပြီး ဆုဖလားတွေလည်း ရယူဖို့လို အပ်နေပါတယ်” လို့ပြောသွားပါတယ်။