Unicode Version
သတင်း တွေ ရဲ့ ဖော်ပြချက် အရ စီးရီး အေ ချန်ပီယံ ဂျူဗင်တပ်စ် နဲ့ ပရီးမီးယားလိဂ် ကလပ် စပါး တို့ ဟာ ပီအက်စ်ဂျီ တောင်ပံ ကစား သမား ဒီမာရီယာ ကို ခေါ် ယူ ဖို့ အပြိုင် စိတ်ဝင်စား နေတယ် လို့ သိရ ပါတယ် ။
ရီးရဲလ် မက်ဒရစ် အသင်း မှာ တုန်းက လက်ရှိ စပါး အသင်း နည်းပြ မော်ရင်ဟို နဲ့ လက် တွဲ ဖူးတဲ့ ဒီမာရီယာ ဟာ ပီအက်စ်ဂျီ နည်းပြ သစ် ပိုချက်တီနို ရဲ့ သွေး သစ် လောင်းမယ့် စီမံကိန်း မှာ ပါဝင် ခွင့် ရဖို့ ရာခိုင်နှုန်း နည်း နေပြီး သူ့ရဲ့ စာချုပ် သက်တမ်း ကလည်း ယခု ရာသီ အကုန် မှာ ကုန် ဆုံး မှာ ဖြစ်ပါတယ် ။
ဝက်စ်ဟမ်း ယူနိုက်တက် အသင်းကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ နေရာပျောက်ဆုံး လို့နေတဲ့ အင်္ဂလန် ကွင်းလယ်ကစားသမား ဂျက်ဆီလင်ဂတ် ကို အခုဆောင်းစျေးကွက် အတွင်းမှာပဲ အငှားစာချုပ်နဲ့ အရခေါ်ယူသွားဖို့ အတွက် စီစဉ်လျက် ရှိနေတယ်လို့ သိရပါတယ်။ လင်ဂတ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ (၃)ပွဲသာ ပါဝင် ကစားထားခဲ့ ရပါတယ်။
မန်ချက်စတာ ယူနိုက်တက် ရဲ့ ဥရုဂွေး လူငယ်တောင်ပံကစားသမား ပယ်လီစထရီ ဟာ လာလီဂါကလပ် အလာဗတ်စ် ( သို့မဟုတ်) ဘယ်လ်ဂျီယံကလပ် ဘရုချ်သို့ အငှားထွက်မည် ဖြစ်သည် ။ အဆိုပါ ၂ သင်းမှမည်သည့်အသင်းထံအငှားထွက်မည်ကို ယနေ့ ကွဲကွဲပြားပြား သိရမည် ဖြစ်ပါတယ်။
အာဆင်နယ် အသင်းရဲ့ အဓိက တိုက်စစ်မှူးဖြစ်တဲ့ အသင်း ခေါင်းဆောင် အူဘာမီယန်ဟာ ဆောက်သမ်တန် နဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို ဆက်လက် လွဲချော်ဦးမယ်လို့ သိရပါတယ်။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့် အူဘာမီယန်း မပါဝင်နိုင်တဲ့ အကြောင်းကို အာဆင်နယ်က အသင်းပိုင် ဝက်ဆိုက်ကနေ အတည်ပြုသွားခဲ့ပါတယ်။ ဒါပေမယ့် နောက်ခံလူ တီယာနေးကတော့ ပြန်လည် ပါဝင်လာဖို့ ရှိတယ်လို့ သိရပါတယ်။