Spots news

ရှက်ဖီး အခက်က မန်ယူအတွက်သတင်းကောင်း နဲ့ သတင်းတိုများ

Unicode Version

ဂျာမန်နာမည်ကျော် သတင်းစာ တစ်စောင်ဖြစ်တဲ့ Blid ရဲ့ဖော်ပြချက် များအရ ရီးရဲလ် မက်ဒရစ်အသင်းဟာ လက်ရှိနည်းပြ ဇီဒန်းကို အသင်းကနေ ထုတ်ပယ်ဖြစ်ခဲ့ရင် သူရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့ အတွက် လိုက်ပ်ဇစ် အသင်းရဲ့ အသက်(၃၃)နှစ် အရွှယ်ရှိ ဂျာမန် လူမျိုးနည်းပြ ဂျူလီယန် နာဂယ်စ်မန်းကို အဓိက ပစ်မှတ်ထားနေပြီး ရာသီအကုန်မှာ ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

အာဆင်နယ် အသင်းနဲ့ လမ်းခွဲလိုက် ပြီဖြစ်တဲ့ ဂရိနောက်ခံ ကစားသမား ဆိုကရာတစ်ဟာ သူရဲ့ဂရိနိုင်ငံက ထိပ်သီးကလပ် အသင်းဖြစ်တဲ့ အိုလံပီယာကော့စ် အသင်းဆီကို (၂)နှစ် စာချုပ်ချုပ် အလွတ်ပြောင်း ရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပြီ ဖြစ်ပါတယ်။ အသက်(၃၂)နှစ် အရွှယ်ရှိ နောက်ခံလူဆိုကရာတစ် ဟာ ဒီရက်ပိုင်း အတွင်း လီဗာပူးလ်နဲ့လည်း ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့်လည်း အပြောင်းအရွှေ့က အထမြောက်ခြင်း မရှိခဲ့လို့ အခုလို အိုလံပီယာကော့စ် အသင်းဆီသာ ပြောင်းရွှေ့ခဲ့ ရတာဖြစ်ပါတယ်။

တော့တင်ဟမ်ဟာ ပြီးခဲ့တဲ့ နွေရာသီက အင်္ဂလန် ကွင်းလယ်လူ အတွက် ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီ အသင်းမှ ကမ်းလှမ်းမှု ၃ ကြိမ်ကို ပယ်ချ ထားခဲ့ပေမယ့် ပြင်သစ် အင်အားကြီး ကလပ်ဟာ ဒယ်လီအလီကို ခေါ်ယူဖို့ ဆက်လက် ကြိုးပမ်း နေဆဲ ဖြစ်ပြီး လက်ကျန် ရာသီဝက်မှာ ၎င်းရဲ့ စွမ်းဆောင်ရည်ကို ယာယီ အငှား စာချုပ်နဲ့ အသုံးချဖို့ စိတ်အား ထက်သန်နေဆဲ ဖြစ်ပါတယ်။

ရှက်ဖီး ယူနိုက်တက်ဟာ အိုးလ်ထရက်ဖို့ဒ်သို့လာရောက်ယှဉ်ပြိုင်ရမည့် ယူနိုက်တက်နှင့်မနက်ဖြန်ပွဲစဉ်တွင် ကစားသမား ၉ ဦးအထိလွဲချော် နိုင်ကြောင်း နည်းပြ ခရစ္စဝိုင်လ်ဒါကအတည်ပြု လိုက်ပါတယ် တိုက်စစ်မှူး မူဆေးကိုထပ်မံစစ်ဆေးမှု ပြုမည်ဖြစ်ပြီး ကစားရန်ဖြစ်နိုင်ချေရှိသေးပါတယ်။ သို့ပေမယ့် အခြား အဓိက ကစားသမားများ ဖြစ်သော မက်ဘာနီ နှင့်အော့စ်ဘွန်မှာမူ သေချာပေါက် လွဲချော်မှာ ဖြစ်ပါတယ် ။

Zawgyi Version




ရှက်ဖီးယူနိုက်တက်သည် အိုးလ်ထရက်ဖို့ဒ်သို့လာရောက်ယှဉ်ပြိုင်ရမည့် ယူနိုက်တက်နှင့်မနက်ဖြန်ပွဲစဉ်တွင် ကစားသမား ၉ ဦးအထိလွဲချော်နိုင်ကြောင်း နည်းပြ ခရစ္စဝိုင်လ်ဒါကအတည်ပြုသည်။ တိုက်စစ်မှူး မူဆေးကိုထပ်မံစစ်ဆေးမှုပြုမည်ဖြစ်ပြီး ကစားရန်ဖြစ်နိုင်ချေရှိသေးသည် ။ အခြားအဓိကကစားသမားများဖြစ်သော မက်ဘာနီ နှင့်အော့စ်ဘွန်မှာမူ သေချာပေါက်လွဲချော်မည် ။