Spots news

လစာမယူသေးပဲ ကစားသမားတွေကို ပဲ အရင်ပေးလိုက်ပါဆိုတဲ့ ဝိန်းရွန်းနီ

Unicode Version

ဒါဘီကောင်တီအသင်းနည်းပြဖြစ်တဲ့ ၀ိန်းရွန်နီဟာ အသင်းရဲ့ဘဏ္ဍာရေးပြသနာတွေကြောင့် သူရရှိမယ့် လုပ်ခလစာငွေရဲ့ တစ်စိတ်တစ်ပိုင်းကို ရွှေ့ဆိုင်းပေးခဲ့တယ်လို့ သိရပါတယ်။ ဒါဘီနဲ့ နှစ်နှစ်ခွဲစာချုပ်ချုပ်ဆိုထားတဲ့ ရွန်နီဟာ ဒါဘီကစားသမားဘဝတုန်းကလည်း အသင်းရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးခဲ့သူဖြစ်ပြီး လစာငွေလျှော့ယူပေးဖို့ အသင်းဖော်တွေကို စည်းရုံးပေးခဲ့ပါတယ်။

အခုအခါ သူ နည်းပြဖြစ်လာချိန်မှာလည်း အလားတူကူညီမှုမျိုးကို ထပ်မံပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ချန်ပီယံရှစ်ကလပ်ဒါဘီဟာ အသင်းကို Derventio Holdings က လက်လွှဲရယူဖို့စောင့်ဆိုင်းနေရတဲ့အချိန်ကစပြီး ငွေကြေးပြသနာရင်ဆိုင်ခဲ့ရတာဖြစ်ပြီး တစထက်တစ ပိုမိုဆိုးရွားလာခဲ့ကာ အသင်းကစားသမားတွေကို လစာပေးချေဖို့တောင် တော်တော်လေးခက်ခဲခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ကမှ ဒီဇင်ဘာလအတွက် လစာတွေကို ပေးချေနိုင်ခဲ့ပြီး လာမယ့်သောကြာနေ့မှာ ဇန်နဝါရီအတွက် လစာငွေကို ပေးချေသွားမယ်လို့ ကစားသမားတွေကို အသင်းဘက်က အသိပေးခဲ့ပါတယ်။ အသင်းမှာ လစာငွေမြင့်မားစွာရရှိနေတဲ့ ရွန်နီက သူ့ရဲ့လစာအပြည့်အဝကို ယူသွာမှာမဟုတ်ဘဲ ကစားသမားတွေကိုသာ ဦးစားပေးဖို့ အသင်းနဲ့ သဘောတူညီမှုရယူခဲ့တာဖြစ်ပါတယ်။

ဒါဘီအမြဲတမ်းနည်းပြဘဝမှာ ၂ပွဲဆက်တိုက်နိုင်ပွဲရအောင် ရွန်နီက စွမ်းဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ကစားသမား/နည်းပြအဖြစ်ကနေ ယာယီနည်းပြ၊ အဲဒီကမှ အမြဲတမ်းနည်းပြအဖြစ် ရွန်နီက ပြောင်းလဲတာဝန်ယူခဲ့ပြီး ကစားသမားဘဝကနေ အပြီးတိုင်အနားယူခဲ့ကာ နည်းပြဘဝထဲကို လုံးလုံးလျားလျားပြောင်းလဲဝင်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

Zawgyi Version

ဒါဘီေကာင္တီအသင္းနည္းျပျဖစ္တဲ့ ၀ိန္း႐ြန္နီဟာ အသင္းရဲ႕ဘ႑ာေရးျပသနာေတြေၾကာင့္ သူရရွိမယ့္ လုပ္ခလစာေငြရဲ႕ တစ္စိတ္တစ္ပိုင္းကို ေ႐ႊ႕ဆိုင္းေပးခဲ့တယ္လို႔ သိရပါတယ္။ ဒါဘီနဲ႕ ႏွစ္ႏွစ္ခြဲစာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့ ႐ြန္နီဟာ ဒါဘီကစားသမားဘဝတုန္းကလည္း အသင္းရဲ႕ အခက္အခဲေတြကို ကူညီေျဖရွင္းေပးခဲ့သူျဖစ္ၿပီး လစာေငြေလွ်ာ့ယူေပးဖို႔ အသင္းေဖာ္ေတြကို စည္း႐ုံးေပးခဲ့ပါတယ္။

အခုအခါ သူ နည္းျပျဖစ္လာခ်ိန္မွာလည္း အလားတူကူညီမႈမ်ိဳးကို ထပ္မံျပဳလုပ္ေပးခဲ့တာျဖစ္ပါတယ္။ ခ်န္ပီယံရွစ္ကလပ္ဒါဘီဟာ အသင္းကို Derventio Holdings က လက္လႊဲရယူဖို႔ေစာင့္ဆိုင္းေနရတဲ့အခ်ိန္ကစၿပီး ေငြေၾကးျပသနာရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး တစထက္တစ ပိုမိုဆိုး႐ြားလာခဲ့ကာ အသင္းကစားသမားေတြကို လစာေပးေခ်ဖိဳ႕ေတာင္ ေတာ္ေတာ္ေလးခက္ခဲခဲ့တယ္လို႔ Daily Mail က ေဖာ္ျပခဲ့ပါတယ္။

ၿပီးခဲ့တဲ့ တနလၤာေန႕ကမွ ဒီဇင္ဘာလအတြက္ လစာေတြကို ေပးေခ်နိဳင္ခဲ့ၿပီး လာမယ့္ေသာၾကာေန႕မွာ ဇန္နဝါရီအတြက္ လစာေငြကို ေပးေခ်သြားမယ္လို႔ ကစားသမားေတြကို အသင္းဘက္က အသိေပးခဲ့ပါတယ္။ အသင္းမွာ လစာေငြျမင့္မားစြာရရွိေနတဲ့ ႐ြန္နီက သူ႕ရဲ႕လစာအျပည့္အဝကို ယူသြာမွာမဟုတ္ဘဲ ကစားသမားေတြကိုသာ ဦးစားေပးဖို႔ အသင္းနဲ႕ သေဘာတူညီမႈရယူခဲ့တာျဖစ္ပါတယ္။

ဒါဘီအၿမဲတမ္းနည္းျပဘဝမွာ ၂ပြဲဆက္တိုက္နိုင္ပြဲရေအာင္ ႐ြန္နီက စြမ္းေဆာင္ေပးနိုင္ခဲ့ၿပီးျဖစ္ပါတယ္။ ကစားသမား/နည္းျပအျဖစ္ကေန ယာယီနည္းျပ၊ အဲဒီကမွ အၿမဲတမ္းနည္းျပအျဖစ္ ႐ြန္နီက ေျပာင္းလဲတာဝန္ယူခဲ့ၿပီး ကစားသမားဘဝကေန အၿပီးတိုင္အနားယူခဲ့ကာ နည္းျပဘဝထဲကို လုံးလုံးလ်ားလ်ားေျပာင္းလဲဝင္ေရာက္ခဲ့တာလည္း ျဖစ္ပါတယ္။