Spots news

မက်ဆီ၊ ဆွာရက်ဇ်၊ ရော်နယ်ဒို တို့တိုက်စစ်မှူးများဦးဆောင်နေတဲ့ ဂိုးဖန်တီးမှုအများဆုံးစာရင်း

Unicode Version

ကစားသမားဘဝတစ်လျှောက် ဂိုးဖန်တီးမှုအများဆုံးအဖြစ် ရပ်တည်နေခဲ့သူကတော့ ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီပဲဖြစ်ပါတယ်။ မက်ဆီဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ စုစုပေါင်း ဂိုးဖန်တီးမှု ၃၃၅ ကြိမ်ထိရှိထားခဲ့တာပါ။

ဒုတိယနေရာမှာတော့ အက်တလက်တီကိုတိုက်စစ်မှူးလူးဝစ်ဆွာရက်ဇ်က ရပ်တည်လျက်ရှိပါတယ်။ ဆွာရက်ဇ်ဟာ ကစားသမားဘဝမှာ စုစုပေါင်းဂိုးဖန်တီးမှု ၂၆၈ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာပါ။

ဆွာရက်ဇ်ရဲ့နောက်မှာတော့ ဂျူဗင်တပ်စ်တိုက်စစ်မှူးစီရော်နယ်ဒိုဖြစ်ပါတယ်။ စီရော်နယ်ဒိုကတော့ဂိုးဖန်တီးမှု ၂၆၅ ကြိမ်ထိရှိထားပြီး ဒုတိယနေရာအတွက် ဆွာရက်ဇ်နဲ့ အပြိုင်ဖြစ်နေခဲ့တာပါ။

ဂိုးဖန်တီးပေးရာမှာ နာမည်ကျော်ကစားသမားများဖြစ်တဲ့ အိုဇေးလ်နဲ့ဒီမာရီယာတို့က အဆင့် ၄ နဲ့ အဆင့် ၅ မှာ အသီးသီးရပ်တည်လျက်ရှိပါတယ်။ အိုဇေးလ်က စုစုပေါင်း ဂိုးဖန်တီးမှု ၂၅၆ ကြိမ်ဖြစ်ပြီး ဒီမာရီယာကတော့ ၂၄၈ ကြိမ်ပါ။

သူတို့ရဲ့နောက်မှာတော့ စပိန်ကွင်းလယ်ဖန်တီးရှင် ဖာဘရီဂတ်စ်က ၂၄၃ ကြိမ်၊ ဂျာမန်တိုက်စစ်ကစားသမားသောမတ်စ်မူလာက ၂၄၂ ကြိမ်၊ စပိန်ကွင်းလယ်ဗိုလ်ချုပ်ဇာဗီက ၂၃၀ ကြိမ်နဲ့ အသီးသီးရပ်တည်နေကြပါတယ်။

ကစားသမားဘဝတစ်လျှောက် ဂိုးဖန်တီးမှုအများဆုံးစာရင်းကိုတော့ အခုလိုပဲတွေ့မြင်ရမှာဖြစ်ပါတယ်။

၁ မက်ဆီ (ဘာစီလိုနာ) ၃၃၅ကြိမ်
၂ ဆွာရက်ဇ် (အက်တလက်တီကို) ၂၆၈ကြိမ်
၃ ရော်နယ်ဒို (ဂျူဗင်တပ်စ်) ၂၆၅ကြိမ်
၄ အိုဇေးလ် (ဖီနာဘာချီ) ၂၅၆ကြိမ်

၅ ဒီမာရီယာ (PSG) ၂၄၈ကြိမ်
၆ ဖာဘရီဂတ်စ် (မိုနာကို) ၂၄၃ကြိမ်
၇ မူလာ (ဘိုင်ယန်) ၂၄၂ကြိမ်
၈ ဇာဗီ (ဘာစီလိုနာ) ၂၃၀ကြိမ်

Zawgyi Version







၎ အိုဇေးလ် (ဖီနာဘာချီ) ၂၅၆ကြိမ်
