Spots news

တူချယ်နဲ့ ဝါနာကြောင့် အူပါမီကာနို ကိုခေါ်ယူဖို့ ချဲလ်ဆီး အခြေအနေကောင်းနေ

Unicode Version

ဂျာမနီ နိုင်ငံကသတင်းဌာန ‌တွေရဲ့ အဆိုအရ ချဲလ်ဆီးကိုတူချယ်ရောက်လာမှုနဲ့အတူ ချဲလ်ဆီးအသင်းဟာ လိုက်ပ်ဇစ်နောက်ခံလူ အူပါမီကာနိုကိုခေါ်ယူနိုင်ဖို့ နီးစပ်လာတယ်လို့ ဖော်ပြနေကြပါတယ်။

တနလ်လာ‌နေ့က ချဲလ်ဆီးအသင်းဟာ နည်းပြ လမ်းပတ်ကို ထုတ်ပယ်ပြီးနောက် ပီအက်စ်ဂျီနည်းပြဟောင်း တူချယ်ဟာ ချဲလ်ဆီး နည်းပြ အဖြစ် ခန့်အပ်ခြင်းကို ခံခဲ့ရပြီး လက်ရှိ အချိန်မှာ လန်ဒန် သို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဂျာမန်နာမည်ကြီးသတင်းဌာနတစ်ခုကတော့ ချဲလ်ဆီးဟာ တူချယ်ကို နည်းပြ သစ် ခန့်အပ်လိုက်တဲ့ အတွက် လိုက်ပ်ဇစ်နောက်ခံလူ အူပါမီကာနိုကို ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။

အူပါမီကာနိုရဲ့စာချုပ် ဖျက်သိမ်းကြေး ကလည်း ၃၈ သန်းသာ ရှိနေတာကြောင့် အသင်းကြီးတွေက မျက်စိကျနေပြီး ဘိုင်ယန်အသင်းက ထိပ်ဆုံးက ဦးဆောင်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တူချယ် ရောက်လာမှု နဲ့အတူ ချဲလ်ဆီး အသင်းက အခြား အသင်းတွေကို ကျော်ဖြတ်ပြီး ရေပန်းစားလာ ခဲ့ပါတယ်။

ချဲလ်ဆီးမှာက အူပါမီကာနို ရဲ့ အသင်းဖော်ဟောင်း တီမိုဝါနာ ရှိပြီးသား ဖြစ်တာကြောင့် အူပါမီကာနို အနေနဲ့ လန်ဒန်ကလပ် ချဲလ်ဆီးကိုရွေးချယ်ဖို့ များနေတယ်လို့ သတင်းများက ဆိုပါတယ်။ ယခင်တုန်းက အူပါမီကာနိုကို ခေါ်ယူဖို့ လီဗာပူး နဲ့ ယူနိုက်တက်တို့နွေရာသီမှာ လုဖွယ်ရှိနေပေမယ့် လက်ရှိအချိန်မှာတော့ ချဲလ်ဆီးပါ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

လီဗာပူး နည်းပြ ကလော့ပ် ကလည်း ဗန်ဒိုက် နဲ့ ဂိုမက်ဇ်တို့ဒဏ်ရာရရှိနေတာကြောင့် ဗဟိုနောက်ခံလူသစ်တစ်ဦး ခေါ်ယူချင်နေတာ ဖြစ်ပြီး အူပါမီကာနိုကို ပစ်မှတ်ထားနေတာပါ။ မန်ချက်စတာ ယူနိုက်တက် ကလည်း နောက်တန်း နေရာမှာ မက်ဂွိုင်းယားနဲ့ တွဲဖက် ကစားဖို့ အူပါမီကာနို ကို အရခေါ်ယူဖို့ ပြင်ဆင် နေတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဘိုင်ယန် အသင်းအမှုဆောင် ရူမင်နစ်ဂီ ကလည်း ပြီးခဲ့တဲ့ အပတ်တုန်းက အူပါမီကာနိုကိုခေါ်ယူချင်နေတယ်လို့ အတည်ပြု ခဲ့ပါတယ်။
“ကျွန်တော်တို့ သူ့ကိုခေါ်ယူချင် ပါတယ်။ဒါပေမဲ့ လက်ရှိအချိန်မှာ ကိုဗစ်ဖြစ်နေတာကြောင့် ဘဏ္ဍာရေး အခြေအနေက အရေးအကြီးဆုံးအရာ ဖြစ်လာပါတယ်”လို့ ရူမင်နစ်ဂီက ပြောကြားခဲ့ပါတယ်။