Spots news

စတင်ခဲ့ရာ လိုင်ယွန်ကို ပြန်လည်ပြောင်းရွေ့ချင်နေတဲ့ တိုက်စစ်မှူး ဘန်ဇီမာ

Unicode Version

ရီးရဲလ်မက်ဒရစ် နဲ့ ပြင်သစ် အသင်းတို့ရဲ့ ဝါရင့် တိုက်စစ်မှုး ဘန်ဇီမာ ဟာ သူ၏ ကလပ်အသင်းဟောင်းဖြစ်သော လီဂူးဝမ်းကလပ် လိုင်ယွန်သို့ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိကြောင်း ဘန်ဇီမာ ရဲ့ အေးဂျင့် ဖြစ်သူက ပြောဆို လိုက်ပါတယ်။

လိုင်ယွန် အကယ်ဒမီထွက် ကစားသမား တစ်ဦး ဖြစ်တဲ့ ဘန်ဇီမာ ဟာ၂၀၀၄ ခုနှစ် မှာ လိုင်ယွန် စီနီယာ အသင်းကြီး အတွက် စတင်ပွဲထွက် ခွင့်ရရှိခဲ့ပြီး ဥရောပ ရဲ့ ထွန်းတောက်လာမည့် ကြယ်ပွင့် ကစား သမား တစ်ဦး အဖြစ် သတ်မှတ်ခြင်းခံခဲ့ ရသူပါ။

ပွဲထွက်ခွင့် ၁၄၈ ပွဲမှာ ၆၆ ဂိုး အထိ သွင်းယူ ပေးခဲ့ပြီး လိုင်ယွန် ရဲ့ လေးနှစ်ဆက်တိုက် အမှတ်ပေး ဖလား ရရှိမှူမှာ အသင်းအတွက် ခြေစွမ်းပြ ဂိုးတွေ သွင်းယူပေးခဲ့သူ တစ်ဦး ဖြစ်ခဲ့ပါတယ်။

လိုင်ယွန်အသင်းကြီး အတွက် ၅ နှစ်ကြာထိ ကစားပြီး ၂၀၀၉ တွင် ရီးရဲလ် မက်ဒရစ်သို့ ပြောင်းရွေ့လာခဲ့ပြီး နောက်ပိုင်း ဥရောပရဲ့ ထိပ်တန်း တိုက်စစ်မှူး များထဲက တစ်ဦး အဖြစ် သတ်မှတ် ခြင်း ခံခဲ့ရပါတယ်။ ရီးရဲမက်ဒရစ် အသင်း နဲ့ အတူ ချန်ပီယံလိဂ် ဖလား ၄ ကြိမ်နှင့် လာလီဂါ ၃ ကြိမ် အပါအဝင် စုစုပေါင်း ဆုဖလား ၁၈ ခု ရယူနိုင်ခဲ့ပါတယ်။

သို့ပေမယ့် လက်ရှိ အချိန်မှာ ဘန်ဇီမာ ရဲ့ အေးဂျင့်ဖြစ်သူက အသက် ၃၃ နှစ်အရွယ်ရှိလာပြီဖြစ်သော သူ့ရဲ့ တိုက်စစ်မှူး အနေနဲ့ သူ အစပြုခဲ့ရာငယ်ဘဝ ကလပ်အသင်း ဖြစ်သော လိုင်ယွန် သို့ပြန်လည် ပြောင်းရွှေ့ဖြစ်မည် ဖြစ်ပြီး လိုင်ယွန် ကို ဘန်ဇီမာ သတိရနေကြောင်း ပြောဆို ခဲ့ပါတယ်။

“ကျွန်တော် ရိုးရိုးသားသားပြောရရင် ဘန်ဇီမာ လိုင်ယွန်ကို ပြောင်းဖြစ်လိမ့်မယ် ထင်ပါတယ်။ ဒီကိစ္စကို ဘန်ဇီမာက ကျွန်တော့်ကိုပြောထား ပါတယ်။ သူက  လိုင်ယွန်အသင်း ကစားတဲ့ပွဲတွေကိုလည်း သူအမြဲကြည့်လေ့ရှိပါတယ်”

“ သူ လိုင်ယွန်ကို ပြန်ပြောင်းရွေ့ဖို့က သူအလုပ်ချင်ဆုံး အလုပ်အဖြစ်ရှိနေပါတယ်။ သူစတင်ခဲ့တဲ့ လိုင်ယွန်အသင်းက အခုထိ သူ့နှလုံးသားထဲမှာ ရှိနေဆဲပါ ”ဟု ဘန်ဇီမာရဲ့ အေးဂျင့်ဖြစ်သူက ပြောဆိုခဲ့ ပါတယ်။ ဘန်ဇီမာဟာ ယခုနှစ်ဘောလုံးရာသီမှာ ရီးရဲလ်အတွက် လာလီဂါဂိုး ၁၀ ဂိုး သွင်းယူ ပေးထားပြီး ပြိုင်ပွဲစုံ ၁၅ ဂိုး သွင်းယူ ပေးထားပါတယ်။