Spots news

ယနေ့ည ပွဲစဉ်အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ သတင်းကောင်းများ

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လီဗာပူးကို 3 – 2 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရရှိ ခဲ့တဲ့ FA ဖလား ပွဲစဉ် တုန်းမှာ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ဒ် ဟာ ပွဲချိန် 86 မိနစ်မှာ လူစားလဲခံ ခဲ့ရပြီး အဝတ်လဲခန်းထဲ တိုက်ရိုက် ဝင်သွားခဲ့တာကို မြင်တွေ့ ခဲ့ရ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က သူ့ရဲ့ ကစားသမားဟာ ဒဏ်ရာ ပြသနာ အနည်းငယ် ကြုံတွေ့ နေကြောင်း ဝန်ခံ စကား ပြောခဲ့ပြီး အင်္ဂလန် လက်ရွေးစင်ကို ဓါတ်မှန်ရိုက် စစ်ဆေး သွားဖို့ ရှိကြောင်းလည်း ပြောကြားခဲ့ ပါတယ် ။

အခုတော့ ရှက်ဖီး ယူနိုက်တက် နဲ့ ပွဲစဉ် မတိုင်မီ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က ရပ်ရှ်ဖို့ ရဲ့ ဓါတ်မှန်ရိုက် စစ်ဆေးမှု ရလဒ်ကို ပြောပြသွားခဲ့ပြီး သူ့ရဲ့ ကစားသမား ဟာ အပေါင်း လက္ခဏာ ဆောင်တဲ့ ရလဒ်ကို ပိုင်ဆိုင် ခဲ့ကြောင်း ရှက်ဖီး နဲ့ ပွဲစဉ်မှာ ပါဝင် လာဖို့ ရှိကြောင်း သတင်း ကောင်း ပေးခဲ့လိုက် ပါတယ် ။

ဒါ့အပြင် ရှက်ဖီး ယူနိုက်တက်ဟာလဲ အိုးလ်ထရက်ဖို့ဒ်သို့ လာရောက် ယှဉ်ပြိုင်ရမည့် ယူနိုက်တက်နှင့် ပွဲစဉ်မှာ ကစားသမား 9 ဦးအထိလွဲချော် နိုင်ကြောင်း နည်းပြ ခရစ္စဝိုင်လ်ဒါကအတည်ပြု လိုက်ပါတယ် ။တိုက်စစ်မှူး မူဆေးကိုထပ်မံစစ်ဆေးမှု ပြုမည်ဖြစ်ပြီး ကစားရန်ဖြစ်နိုင်ချေရှိသေးပါတယ်။ သို့ပေမယ့် အခြား အဓိက ကစားသမားများ ဖြစ်သော မက်ဘာနီ နှင့်အော့စ်ဘွန်မှာမူ သေချာပေါက် လွဲချော်မှာ ဖြစ်ပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက် အနေနဲ့ လူစုံတက်စုံ ပွဲထွက် လာဖို့ သေချာ နေသလောက် ရှိနေပြီ ဖြစ်ပါတယ်။ အဆင့် 1 နေရာကို ရယူထားတဲ့ မန်စီတီး ကိုပြန်လည် ကျော်ဖြတ်ရမှာ ဖြစ်ပြီး ရှက်ဖီး ယူနိုက်တက် အနေနဲ့လဲ လူစုံပါဝင် လာဖွယ် မရှိနိုင်တာမို့ အနိုင်သုံးမှတ်ကို ကျိန်းသေပေါက် ယူသွားမှာပါ။