Spots news

အဆင့် ၁ နေရာကိုပြန်လည် ရယူမယ့် မန်ချက်စတာယူနိုက်တက်ရဲ့ ပွဲထွက် လူစာရင်း

Unicode Version

ယနေ့ ည ၂ နာရီ ၄၅ မိနစ်မှာ တော့ ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲ ဖြစ်တော့ မန်ချက်စတာ ယူနိုက်တက် နဲ့ ရှက်ဖီး ယူနိုက်တက် တို့ရဲ့ ပွဲစဉ် ရှိနေပါတယ်။

အမှတ်ပေး ဇယား ရဲ့ ဒုတိယ နေရာနဲ့ အမှတ်ပေး ဇယား ရဲ့ အောက်ဆုံးက အသင်းတို့ရဲ့ ပွဲစဉ် ဖြစ်ပြီး သွင်းဂိုး များပြား နိုင်ဖွယ် ရှိနေပါတယ်။

မန်ယူနိုက်တက် အသင်းကတော့ လက်ရှိမှာ ရလဒ်ကောင်း တွေ ဆက်တိုက် ရနေပါတယ်။ သူတို့ဟာ နောက်ဆုံး ပြိုင်ပွဲစုံ ၅ ပွဲမှာ ၄ ပွဲနိုင်ပြီး ၁ ပွဲ သရေကျ ထားပါတယ်။

အဲ့ဒီထဲမှာတော့ လီဗာပူးကို ၂ ပွဲစလုံး မရှုံံးအောင် ကစားထားနိုင်တာပါ။ သူတို့ ခြေစွမ်းပိုင်းက တည်ငြိမ်နေသလို စိတ်ဓါတ်ပိုင်း ကလည်း အမြင့်ဆုံးမှာ ရှိနေတာပဲဖြစ်ပါတယ်။

ဂိုးသမား ဒေးဗစ်ဒီဂီယာ ပွဲထွက်လာမှာ ဖြစ်ပြီး ကျောဒဏ်ရာ အရှင်းမပျောက်သေးတဲ့ လင်ဒီလောဖ့်ကို အနားပေးလာမည် ဆိုတဲ့ သတင်းများ အရ

ဘိုင်လီ နဲ့ မက်ဂွိုင်းယား အတွဲ ပွဲထွက် လာနိုင်ပါတယ်။ ဒါ့အပြင် လုရှော နေရာမှာ တဲလက်စ် ပွဲထွက် လာနိုင်ပြီး ညတောင်ပံ ခံစစ်မှာတော့ ဝမ်ဘစ်ဆာကာ သေချာပေါက် ပါဝင်မှာပါ။

ဝါရင့် ကွင်းလယ် ကစားသမား မာတစ် ပွဲထွက် လာဖွယ်ရာရှိပါတယ်။ ဖရတ် နဲ့ တော်‌မီနေး တို့ အရံခုံမှာ ရှိနိုင်ပြီး ပေါ့ဘာ + ဘရူနိုဖာနန်ဒက် မဟုတ်ရင်

ပေါ့ဘာ နဲ့ ဘရူနို တစ်ယောက် ယောက်ကို အနားပေးလာနိုင်ပြီး ဘန်ဒီဘိခ် နဲ့ တွဲဖက်၍ ပွဲထွက် လာဖွယ်ရာ ရှိပါတယ်။

လီဗာပူးနဲ့ ပွဲမှာ ဒဏ်ရာရရှိသွားတဲ့ ရပ်ရှ်ဖို့ ဒဏ်ရာ မပြင်းထန်ပဲ ပြန်လည် ပါဝင် လာမည် ဖြစ်ကြောင်း နည်းပြ ဆိုလ်းရှား အတည်ပြု ပြောဆိုထားပြီး

လီဗာပူး နဲ့ ပွဲတုန်းကလို မာရှယ်ကို အနားပေးကာ ဂရင်းဝုဒ် နဲ့ ရပ်ရှပ်ဖို့ တို့ကို ဝါရင့် တိုက်စစ်မှူး ကာဗာနီ ဦးဆောင်ပြီး ပွဲထွက် လာဖွယ်ရာ ရှိနေပါတယ်။

ရှက်ဖီး အနေနဲ့ အဓိက ကစားသမားတွေ လွဲချော်မှာ ဖြစ်သလို ပုံစံကောင်းတွေ ရရှိနေတဲ့ ယူနိုက်တက် တိုက်စစ်ကို ပွဲချိန်ပြည့် တောင့်ခံ နိုင်စရာ မရှိပါဘူး။

လက်ရှိ အနေအထား အရတော့ ယူနိုက်တက် ကပဲ အတော်လေး အသာရနေတာ ဖြစ်ပါတယ်။ ယူနိုက်တက် အနေနဲ့ အဆင့် ၁ ကို ပြန်ရောက်ဖို့ ဒီပွဲကို အနိုင်ကစားမှာဖြစ်ပြီး အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ဖို့ များနေတာပဲ ဖြစ်ပါတယ် ။