Spots news

လမ်းပတ်နဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ ဆုံတွေ့ ချင်ပါ‌သေးတယ် ဆိုတဲ့ ဂွာဒီယိုလာ

Unicode Version

ယမန် နေ့ညက ပရီးမီးယား လိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီး အသင်းဟာ သူတို့ အသင်းရဲ့ ဂန္တဝင် ကစားသမား ဟောင်း တစ်ဦး ဖြစ်သလို လက်ရှိ အချိန်မှာ နည်းပြတစ်ဦး အဖြစ် တာဝန်ယူထားတဲ့ ဖရန့်လမ်းပတ်ကို နည်းပြရာထူး ကနေ ထုတ်ပယ် လိုက်ပြီပဲ ဖြစ်ပါတယ်။

နည်းပြ ရာထူးအတွက် ပီအက်စ်ဂျီ နည်းပြဟောင်း တူချယ် ကို ခန့်အပ် လိုက်ပြီ ဖြစ်ပြီး တူချယ် အနေနဲ့ လမ်းပတ်ရဲ့ နေရာကို ဝင်ရောက်ပီး အသင်းရဲ့ မန်နေဂျာ အလုပ်တွေကို လုပ်ကိုင်ခွင့် ရရှိနေပြီ ဖြစ်ပါတယ်။

လမ်းပတ်ထုတ်ပယ်ခံရတာကြောင့် နည်းပြတချို့ နဲ့ ကစား သမား များလဲ စိတ်မကောင်း ဖြစ်ကြပြီး စပါးနည်းပြ လမ်းပတ်ရဲ့ ဆရာဟောင်း ဖြစ်သူ မော်ရင်ဟို နဲ့ မန်စီးတီး နည်းပြ ဂွါဒီယိုလာတို့က စိတ်မကောင်းကြောင်း ‌လေးနက်စွာ ပြောပြခဲ့သူ တွေပါ ။

ဂွာဒီယိုလာက “ အသက်ငယ်တဲ့ မန်နေဂျာပဲဖြစ်ဖြစ် ၊ ဝါရင့် မန်နေဂျာပဲ ဖြစ်ဖြစ် ၊ ပရီးမီးယားလိဂ် ကလပ်တွေကို ကိုင်တွယ်ရင် နိုင်ပွဲတွေ

ရရှိအောင် လုပ်ဆောင် ပြနိုင်ရပါမယ်။ စီမံကိန်းတွေ ၊ အနာဂတ် အစီအစဉ်တွေ ၊ အိုင်ဒီယာတွေ ရှိတယ်ဆိုတာက အရေးမကြီးပါဘူး”

”တကယ်တမ်း နည်းပြတစ်ယောက် လုပ်ဆောင်ပြရမယ့် အရေးကြီးတဲ့ အလုပ်ကတော့ အသင်း အနိုင်ရ အောင် လုပ်ဆောင်ပေးဖို့ ဖြစ်ပါတယ်။

အဲဒီလိုမှ မဟုတ်ဘဲ ရှူံးပွဲတွေဆက်၊ ရလဒ်မကောင်း ရင်တော့ ရာထူးကနေ အထုတ် ခံရမှာပါပဲ။ ချဲလ်ဆီး အသင်းရဲ့ ဆုံးဖြတ်ချက် ကို ဘာမှမပြောချင်ပါဘူး။

လမ်းပတ် အတွက် ကျွန်တော် ပေးနိုင်တာကတော့ နွေးထွေးတဲ့ နှစ်သိမ့် ပေးမှုပါပဲ ။လော့ဒေါင်းတွေ ပြီးသွားတဲ့အချိန်မှာ ကျွန်တော် သူ့ကို စားသောက်ဆိုင်

တစ်ဆိုင်မှာပဲ ဖြစ်ဖြစ် ၊ ဘယ်မှာပဲ ဖြစ်ဖြစ်ပါ ကျွန်တော် သူနဲ့အတူ ထိုင်ပြီး စကားပြောချင် ပါသေးတယ်။ ပြီးတော့ မကြာခင်မှာ သူ့ကို မန်နေဂျာလောကမှာ ပြန်မြင်ရဖို့ မျှော်လင့်ပါတယ်။”