Spots news

လူကာကူကို အငှားချပြီးနောက် စတာလင်ကို ခေါ်ယူဖို့ နီးစပ်လာတဲ့ ချယ်လ်ဆီး

Unicode Version

အသင်းမှာ မပျော်ရွှင်ကြောင်း မကြာခဏ ပြသနာ ရှာလေ့ရှိတဲ့ တိုက်စစ်မှူး လူကာကူကို သူ့ရဲ့ အသင်းဟောင်း အင်တာကို အငှားချပြီးနောက် ချယ်လ်ဆီး အသင်းဟာ မန်စီးတီး တိုက်စစ်ကစားသမား စတာလင်ကို ခေါ်ယူနိုင်ဖို့ အတော်လေး နီးစပ်လာခဲ့ပြီ ဖြစ်ကြောင်း သတင်းတွေကဆိုပါတယ်။

 

စတာလင်ဟာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တာ ဖြစ်သလို မန်စီးတီး ဖက်ကလည်း လာမယ့်ရာသီမှာ ဟာလန်းနဲ့ အယ်လ်ဗာရက်ဇ်တို့လို တိုက်စစ်မှူးသစ်တွေကို ပိုမိုနေရာပေးသွားဖို့ အစီအစဉ် ရှိနေတာကြောင့် စတာလင်ကို သင့်တော်တဲ့စျေးနဲ့ ရောင်းချဖို့ ဆန္ဒရှိနေပါတယ်။

 

မန်စီးတီးဖက်က အဆိုပါ ကစားသမား အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်း ဝန်းကျင်သတ်မှတ်ထားပြီး ဒီပမာဏဟာ ချယ်လ်ဆီးရဲ့ဘတ်ဂျက်နဲ့ ကိုက်ညီမှု ရှိနေတယ်လို့လည်း ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေက အတည်ပြုထားပါတယ်။

ဒီနေ့ မနက်မှာပဲ ချယ်လ်ဆီးအသင်းဟာ လူကာကူကို အသင်းဟောင်းအင်တာမီလန်ဆီ ပြန်လည်အငှါးချနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အင်တာဖက်က တစ်နှစ် အငှါးစာချုပ်အတွက် ယူရို ၈ သန်းဝန်းကျင် ပေးချေရမှာ ဖြစ်ပြီး ချယ်လ်ဆီးက ၂၅ သန်းလောက် လိုချင်ပေမယ့် ကစားသမားရဲ့ ဆန္ဒက အင်တာပဲ ဖြစ်နေလို့ လျော့ပေးလိုက်ရတာပါ။

ဒီလိုအခြေအနေတွေအရ ချယ်လ်ဆီးနဲ့ စတာလင်အပြောင်းအရွှေ့ဟာ ဖြစ်နိုင်ချေ အများကြီးရှိတယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ အပြောင်းအရွှေ့ အတွက် အသင်းနှစ်သင်းကြား တရားဝင် ဆက်သွယ် ပြောဆိုမှုတွေတော့ မရှိသေးပါဘူး။

ချယ်လ်ဆီးရဲ့ တခြားသော အပြောင်းအရွှေ့လှုပ်ရှားမှုတွေ အနေနဲ့ကတော့ ကာလရှည် ပစ်မှတ်ဖြစ်တဲ့ ခွန်ဒီကို ခေါ်ယူနိုင်ဖို့ ဆက်လက်ကြိုးပမ်း နေပါတယ်။ ခွန်ဒီနဲ့ ချယ်လ်ဆီးကြား ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့တာ ကြာပြီဖြစ်ပေမယ့် ပြောင်းရွှေ့ကြေးကိုတော့ အခုထိ ညှိမရသေးပါဘူး။

ရူဒီဂါနဲ့ ခရစ္စတန်ဆန်တို့ ထွက်ခွာသွားတဲ့ အပြင် အက်ဇ်ပီလီကွီတာနဲ့ မားကို့စ်အလွန်ဆို တို့လည်း ထွက်ခွာဖို့ ရှိနေတာကြောင့် ချယ်လ်ဆီးဟာ ခံစစ်ကြောင်းကို အထူးတလည် အင်အားဖြည့်တင်းဖို့ စီစဉ်လျက် ရှိနေပါတယ်။

Zawgyi Version

အသင္းမွာ မေပ်ာ္႐ႊင္ေၾကာင္း မၾကာခဏ ျပသနာ ရွာေလ့ရွိတဲ့ တိုက္စစ္မႉး လူကာကူကို သူ႕ရဲ႕ အသင္းေဟာင္း အင္တာကို အငွားခ်ၿပီးေနာက္ ခ်ယ္လ္ဆီး အသင္းဟာ မန္စီးတီး တိုက္စစ္ကစားသမား စတာလင္ကို ေခၚယူနိုင္ဖို႔ အေတာ္ေလး နီးစပ္လာခဲ့ၿပီ ျဖစ္ေၾကာင္း သတင္းေတြကဆိုပါတယ္။

စတာလင္ဟာ မန္စီးတီးနဲ႕ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာ က်န္ရွိေတာ့တာ ျဖစ္သလို မန္စီးတီး ဖက္ကလည္း လာမယ့္ရာသီမွာ ဟာလန္းနဲ႕ အယ္လ္ဗာရက္ဇ္တို႔လို တိုက္စစ္မႉးသစ္ေတြကို ပိုမိုေနရာေပးသြားဖို႔ အစီအစဥ္ ရွိေနတာေၾကာင့္ စတာလင္ကို သင့္ေတာ္တဲ့ေစ်းနဲ႕ ေရာင္းခ်ဖိဳ႕ ဆႏၵရွိေနပါတယ္။

မန္စီးတီးဖက္က အဆိုပါ ကစားသမား အတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၅ သန္း ဝန္းက်င္သတ္မွတ္ထားၿပီး ဒီပမာဏဟာ ခ်ယ္လ္ဆီးရဲ႕ဘတ္ဂ်က္နဲ႕ ကိုက္ညီမႈ ရွိေနတယ္လို႔လည္း ခိုင္လုံတဲ့ သတင္းရင္းျမစ္ေတြက အတည္ျပဳထားပါတယ္။

ဒီေန႕ မနက္မွာပဲ ခ်ယ္လ္ဆီးအသင္းဟာ လူကာကူကို အသင္းေဟာင္းအင္တာမီလန္ဆီ ျပန္လည္အငွါးခ်နိဳင္ခဲ့ၿပီ ျဖစ္ပါတယ္။ အင္တာဖက္က တစ္ႏွစ္ အငွါးစာခ်ဳပ္အတြက္ ယူရို ၈ သန္းဝန္းက်င္ ေပးေခ်ရမွာ ျဖစ္ၿပီး ခ်ယ္လ္ဆီးက ၂၅ သန္းေလာက္ လိုခ်င္ေပမယ့္ ကစားသမားရဲ႕ ဆႏၵက အင္တာပဲ ျဖစ္ေနလို႔ ေလ်ာ့ေပးလိုက္ရတာပါ။

ဒီလိုအေျခအေနေတြအရ ခ်ယ္လ္ဆီးနဲ႕ စတာလင္အေျပာင္းအေ႐ႊ႕ဟာ ျဖစ္နိုင္ေခ် အမ်ားႀကီးရွိတယ္လို႔ သုံးသပ္ရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ အဆိုပါ အေျပာင္းအေ႐ႊ႕ အတြက္ အသင္းႏွစ္သင္းၾကား တရားဝင္ ဆက္သြယ္ ေျပာဆိုမႈေတြေတာ့ မရွိေသးပါဘူး။

ခ်ယ္လ္ဆီးရဲ႕ တျခားေသာ အေျပာင္းအေ႐ႊ႕လႈပ္ရွားမႈေတြ အေနနဲ႕ကေတာ့ ကာလရွည္ ပစ္မွတ္ျဖစ္တဲ့ ခြန္ဒီကို ေခၚယူနိုင္ဖို႔ ဆက္လက္ႀကိဳးပမ္း ေနပါတယ္။ ခြန္ဒီနဲ႕ ခ်ယ္လ္ဆီးၾကား ပုဂၢိဳလ္ေရး သေဘာတူညီမႈ ရခဲ့တာ ၾကာၿပီျဖစ္ေပမယ့္ ေျပာင္းေ႐ႊ႕ေၾကးကိုေတာ့ အခုထိ ညွိမရေသးပါဘူး။

႐ူဒီဂါနဲ႕ ခရစၥတန္ဆန္တို႔ ထြက္ခြာသြားတဲ့ အျပင္ အက္ဇ္ပီလီကြီတာနဲ႕ မားကို႔စ္အလြန္ဆို တို႔လည္း ထြက္ခြာဖို႔ ရွိေနတာေၾကာင့္ ခ်ယ္လ္ဆီးဟာ ခံစစ္ေၾကာင္းကို အထူးတလည္ အင္အားျဖည့္တင္းဖို႔ စီစဥ္လ်က္ ရွိေနပါတယ္။