Spots news

အမ်ဘာပေ မကြိုက်တဲ့ နေမာကို ဂျူဗင်တပ်ထံ ရောင်းချဖို့ ပြင်ဆင်လာတဲ့ ပီအက်စ်ဂျီ

Unicode Version

ပီအက်စ်ဂျီအသင်းဟာ သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး တဦး နေမာကို ရောင်းထုတ်ချင်နေပေမယ့် ဝယ်သူ မရှိသေးတာကြောင့် အီတလီ စီးရီးအေ ကလပ် ဂျူဗင်တပ်ထံ ဆက်သွယ်ကာ နေမာကို ခေါ်မလား ဆိုပြီး ကမ်းလှမ်းထားကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၀ အရွယ် ဘရာဇီး လက်ရွေးစင် တိုက်စစ်မှူး နေမာက ကမ္ဘာပေါ်မှာ မက်ဆီနဲ့ ရော်နယ်ဒို ပြီးရင် ပရိသတ် အကြိုက်ဆုံး ကြယ်ပွင့် တိုက်စစ်မှူး တဦး ဖြစ်သလို ယခုချိန်အထိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး တဦး အဖြစ် ရပ်တည်နေနိုင်ဆဲ ထိပ်သီး ကစားသမား တယောက်ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် နေမာဟာ ပီအက်စ်ဂျီအတွက် ၅နှစ်တာ ကစားပေးခဲ့ပြီးနောက် သူ့ရဲ့ ခြေစွမ်းတွေက တဖြည်းဖြည်း ကျဆင်းလာခဲ့ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာဆိုရင် ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံမှာ ၂၈ပွဲသာ ပါဝင် ကစားပေး နိုင်ခဲ့သလို သွင်းဂိုး ၁၃ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၈ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ်။

နေမာရဲ့ ဂိုးပါဝင် ပတ်သတ်မှုနှုန်းက တပွဲ ၁ဂိုးနှုန်း နီးပါး ရှိနေပေမယ့် ပီအက်စ်ဂျီရဲ့ အားကစားဒါရိုက်တာ အသစ် ကန်ပို့စ်ကတော့ သူ့ရဲ့ ခြေစွမ်းတွေကို သဘောမကျပဲ ယခု နွေဈေးကွက် အတွင်းမှာပဲ နေမာကို ရောင်းချဖို့ အသင်းရဲ့ တာဝန်ရှိသူတွေအား နားချထားသလို နေမာအတွက် အသင်းသစ် ရှာပေးဖို့လည်း လုပ်ဆောင်နေပါတယ်။

အီတလီက သတင်းတွေအရ ပီအက်စ်ဂျီရဲ့ အားကစားဒါရိုက်တာ ကန်ပို့စ်က မကြာမီကပဲ ဂျူဗင်တပ်ထံ ဆက်သွယ်ကာ နေမာကို အငှားနဲ့ ခေါ်ယူမလား ဆိုပြီး ကမ်းလှမ်းခဲ့ကြောင်းနဲ့ ဂျူဗင်တပ်ရဲ့ ဘုတ်အဖွဲ့ကတော့ နေမာကို ခေါ်ဖို့ ၊ မခေါ်ဖို့ အစည်းအဝေး ပြုလုပ်ကာ ဆွေးနွေးဖွယ် ရှိနေကြောင်း သိရပါတယ်။

ဂျူဗင်တပ်က ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်တဲ့ ဒိုင်ဘာလာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ထားရသလို အငှားနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး မိုရာတာကိုလည်း အပြီးသတ် မခေါ်ယူဖို့ ဆုံးဖြတ်ထားတာကြောင့် နေမာဟာ သူတို့အတွက် ကောင်းမွန်တဲ့ ခေါ်ယူမှု တခု ဖြစ်လာနိုင်ချေ ရှိနေပါတယ်။

Zawgyi Version

ပီအက္စ္ဂ်ီအသင္းဟာ သူတို႔အသင္းရဲ႕ ၾကယ္ပြင့္ တိုက္စစ္မႉး တဦး ေနမာကို ေရာင္းထုတ္ခ်င္ေနေပမယ့္ ဝယ္သူ မရွိေသးတာေၾကာင့္ အီတလီ စီးရီးေအ ကလပ္ ဂ်ဴဗင္တပ္ထံ ဆက္သြယ္ကာ ေနမာကို ေခၚမလား ဆိုၿပီး ကမ္းလွမ္းထားေၾကာင္း အီတလီ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။

အသက္ ၃၀ အ႐ြယ္ ဘရာဇီး လက္ေ႐ြးစင္ တိုက္စစ္မႉး ေနမာက ကမာၻေပၚမွာ မက္ဆီနဲ႕ ေရာ္နယ္ဒို ၿပီးရင္ ပရိသတ္ အႀကိဳက္ဆုံး ၾကယ္ပြင့္ တိုက္စစ္မႉး တဦး ျဖစ္သလို ယခုခ်ိန္အထိ ကမာၻ႔အေကာင္းဆုံး တိုက္စစ္မႉး တဦး အျဖစ္ ရပ္တည္ေနနိုင္ဆဲ ထိပ္သီး ကစားသမား တေယာက္ပဲ ျဖစ္ပါတယ္။

ဒါေပမယ့္ ေနမာဟာ ပီအက္စ္ဂ်ီအတြက္ ၅ႏွစ္တာ ကစားေပးခဲ့ၿပီးေနာက္ သူ႕ရဲ႕ ေျခစြမ္းေတြက တျဖည္းျဖည္း က်ဆင္းလာခဲ့ကာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာဆိုရင္ ပီအက္စ္ဂ်ီ အတြက္ ၿပိဳင္ပြဲစုံမွာ ၂၈ပြဲသာ ပါဝင္ ကစားေပး နိုင္ခဲ့သလို သြင္းဂိုး ၁၃ဂိုး သြင္းယူနိုင္ခဲ့ၿပီး ဂိုးဖန္တီးမႈ ၈ႀကိမ္ ျပဳလုပ္ နိုင္ခဲ့ပါတယ္။

ေနမာရဲ႕ ဂိုးပါဝင္ ပတ္သတ္မႈႏႈန္းက တပြဲ ၁ဂိုးႏႈန္း နီးပါး ရွိေနေပမယ့္ ပီအက္စ္ဂ်ီရဲ႕ အားကစားဒါရိုက္တာ အသစ္ ကန္ပို႔စ္ကေတာ့ သူ႕ရဲ႕ ေျခစြမ္းေတြကို သေဘာမက်ပဲ ယခု ေႏြေဈးကြက္ အတြင္းမွာပဲ ေနမာကို ေရာင္းခ်ဖိဳ႕ အသင္းရဲ႕ တာဝန္ရွိသူေတြအား နားခ်ထားသလို ေနမာအတြက္ အသင္းသစ္ ရွာေပးဖို႔လည္း လုပ္ေဆာင္ေနပါတယ္။

အီတလီက သတင္းေတြအရ ပီအက္စ္ဂ်ီရဲ႕ အားကစားဒါရိုက္တာ ကန္ပို႔စ္က မၾကာမီကပဲ ဂ်ဴဗင္တပ္ထံ ဆက္သြယ္ကာ ေနမာကို အငွားနဲ႕ ေခၚယူမလား ဆိုၿပီး ကမ္းလွမ္းခဲ့ေၾကာင္းနဲ႕ ဂ်ဴဗင္တပ္ရဲ႕ ဘုတ္အဖြဲ႕ကေတာ့ ေနမာကို ေခၚဖို႔ ၊ မေခၚဖို႔ အစည္းအေဝး ျပဳလုပ္ကာ ေဆြးေႏြးဖြယ္ ရွိေနေၾကာင္း သိရပါတယ္။

ဂ်ဴဗင္တပ္က ယခု ေႏြေဈးကြက္ အတြင္းမွာ အသင္းရဲ႕ အဓိက တိုက္စစ္မႉး တဦး ျဖစ္တဲ့ ဒိုင္ဘာလာကို အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ လက္လႊတ္ထားရသလို အငွားနဲ႕ ေခၚယူထားတဲ့ တိုက္စစ္မႉး မိုရာတာကိုလည္း အၿပီးသတ္ မေခၚယူဖို႔ ဆုံးျဖတ္ထားတာေၾကာင့္ ေနမာဟာ သူတို႔အတြက္ ေကာင္းမြန္တဲ့ ေခၚယူမႈ တခု ျဖစ္လာနိုင္ေခ် ရွိေနပါတယ္။