Spots news

တစ်ယောက်မှ မခေါ်ရသေးတဲ့ မန်ယူနိုက်တက်ကို ထပ်မံ နှိပ်စက်လိုက်တဲ့ အေဂျက်ဇ်

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းက ခေါ်ယူဖို့အတွက် ဆောင်ရွက် နေတယ်ဆိုတဲ့ တိုက်စစ် ကစားသအား အန်တိုနီအတွက် အေဂျက်ဇ်ဘက်က ပေါင်သန်း ၅၀ ကျော်အထိ တိုးမြှင့်ကာ စျေးသတ်မှတ် လိုက်တယ်လို့ Mirror သတင်း ဌာနက ပြောဆို လိုက်ပါတယ်။

ယူနိုက်တက်ရဲ့ အပြောင်းအရွေ့ တာဝန်ရှိသူတွေဟာ အမ်စတာဒမ်ကို ရောက်ရှိနေပြီး အန်တိုနီရဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေး ဆောင်ရွက် နေတယ်လို့ သတင်းတွေ ထွက်လာ အပြီးမှာ ပြောဆို လိုက်တာပါ။

အသက် ၂၂ နှစ်အရွယ်သာ ရှိသေးတဲ့ အန်တိုနီဟာ အေဂျက်ဇ်နဲ့ ၂၀၂၅ အထိ စာချုပ် ချုပ်ဆိုထားသူ ဖြစ်ပါတယ်။ ဒီအတွက် ကလပ်အသင်းဘက်က သူ့ကို ထုတ်ရောင်းစရာ မလိုတာက အားသာချက် အဖြစ်ရှိနေပြီး သူတို့ လိုချင်တဲ့ ငွေကြေးပမာဏကို ပေးနိုင်ရင်ခေါ် ဆိုတဲ့ အချိုးကို ချိုးနေတာ ဖြစ်ပါတယ်။

လက်ရှိ စျေးကွက် အတွင်းမှာ ကစားသမားသစ်တဦးမှ မခေါ်ယူနိုင်သေးတဲ့ ယူနိုက်တက် အတွက်တော့ ဒါက စိတ်ပျက်စရာလည်း ဖြစ်လာခဲ့ရပါတယ်။ နည်းပြတန်ဟက်က ညာတောင်ပံ အတွက် သူ့ရဲ့ တပည့်ဟောင်းကို ခေါ်ယူချင်နေတာ ဖြစ်ပြီး အေဂျက်ဇ်ဘက်က တန်ဖိုးတိုးမြှင့် သတ်မှတ်မှုက အပြောင်းအရွှေ့ကို ပျက်ပြယ် စေနိုင်ပါတယ်။

အန်တိုနီဟာ ညာတောင်ပံမှာ ကစားပြီး အတွင်းကို ချိုးဝင်ကာ သူအားသန်တဲ့ ဘယ်ခြေကန်ချက်တွေနဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်သူပါ။ ယူနိုက်တက်ရဲ့ ညာခြမ်းဘက်က ဖြတ်တင်ဘောတွေက သိသာစွာ ညံ့ဖျင်းအားနည်းနေတဲ့ အတွက် တန်ဟက်က အဆိုပါနေရာကို သေချာပေါက်အားဖြည့်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ အေဂျက်ဇ်အတွက် သွင်းဂိုးနဲ့ဖန်တီးမှု အများအပြား ပြုလုပ်ပေးနိုင်တဲ့ အန်တိုနီကို ယူနိုက်တက်က ခေါ်ယူနိုင်လိမ့်မယ်လို့ အင်္ဂလန် သတင်းဌာနတချို့က ရေးသားနေ ကြပေမယ့် လက်ရှိ အချိန်ထိတော့ ဆွေးနွေးဆဲအဆင့်မှာသာ ရှိနေတာပါ။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းက ေခၚယူဖို႔အတြက္ ေဆာင္႐ြက္ ေနတယ္ဆိုတဲ့ တိုက္စစ္ ကစားသအား အန္တိုနီအတြက္ ေအဂ်က္ဇ္ဘက္က ေပါင္သန္း ၅၀ ေက်ာ္အထိ တိုးျမႇင့္ကာ ေစ်းသတ္မွတ္ လိုက္တယ္လို႔ Mirror သတင္း ဌာနက ေျပာဆို လိုက္ပါတယ္။

ယူနိုက္တက္ရဲ႕ အေျပာင္းအေ႐ြ႕ တာဝန္ရွိသူေတြဟာ အမ္စတာဒမ္ကို ေရာက္ရွိေနၿပီး အန္တိုနီရဲ႕ အေျပာင္းအေ႐ႊ႕အတြက္ ေဆြးေႏြး ေဆာင္႐ြက္ ေနတယ္လို႔ သတင္းေတြ ထြက္လာ အၿပီးမွာ ေျပာဆို လိုက္တာပါ။

အသက္ ၂၂ ႏွစ္အ႐ြယ္သာ ရွိေသးတဲ့ အန္တိုနီဟာ ေအဂ်က္ဇ္နဲ႕ ၂၀၂၅ အထိ စာခ်ဳပ္ ခ်ဳပ္ဆိုထားသူ ျဖစ္ပါတယ္။ ဒီအတြက္ ကလပ္အသင္းဘက္က သူ႕ကို ထုတ္ေရာင္းစရာ မလိုတာက အားသာခ်က္ အျဖစ္ရွိေနၿပီး သူတို႔ လိုခ်င္တဲ့ ေငြေၾကးပမာဏကို ေပးနိုင္ရင္ေခၚ ဆိုတဲ့ အခ်ိဳးကို ခ်ိဳးေနတာ ျဖစ္ပါတယ္။

လက္ရွိ ေစ်းကြက္ အတြင္းမွာ ကစားသမားသစ္တဦးမွ မေခၚယူနိုင္ေသးတဲ့ ယူနိုက္တက္ အတြက္ေတာ့ ဒါက စိတ္ပ်က္စရာလည္း ျဖစ္လာခဲ့ရပါတယ္။ နည္းျပတန္ဟက္က ညာေတာင္ပံ အတြက္ သူ႕ရဲ႕ တပည့္ေဟာင္းကို ေခၚယူခ်င္ေနတာ ျဖစ္ၿပီး ေအဂ်က္ဇ္ဘက္က တန္ဖိုးတိုးျမႇင့္ သတ္မွတ္မႈက အေျပာင္းအေ႐ႊ႕ကို ပ်က္ျပယ္ ေစနိုင္ပါတယ္။

အန္တိုနီဟာ ညာေတာင္ပံမွာ ကစားၿပီး အတြင္းကို ခ်ိဳးဝင္ကာ သူအားသန္တဲ့ ဘယ္ေျခကန္ခ်က္ေတြနဲ႕ ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္နိုင္သူပါ။ ယူနိုက္တက္ရဲ႕ ညာျခမ္းဘက္က ျဖတ္တင္ေဘာေတြက သိသာစြာ ညံ့ဖ်င္းအားနည္းေနတဲ့ အတြက္ တန္ဟက္က အဆိုပါေနရာကို ေသခ်ာေပါက္အားျဖည့္ဖို႔ ရည္႐ြယ္ထားတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီမွာ ေအဂ်က္ဇ္အတြက္ သြင္းဂိုးနဲ႕ဖန္တီးမႈ အမ်ားအျပား ျပဳလုပ္ေပးနိုင္တဲ့ အန္တိုနီကို ယူနိုက္တက္က ေခၚယူနိုင္လိမ့္မယ္လို႔ အဂၤလန္ သတင္းဌာနတခ်ိဳ႕က ေရးသားေန ၾကေပမယ့္ လက္ရွိ အခ်ိန္ထိေတာ့ ေဆြးေႏြးဆဲအဆင့္မွာသာ ရွိေနတာပါ။