Unicode Version
အာဆင်နယ် အသင်းဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ် တိုက်စစ် ကစားသမား မာတင် အိုဒီဂတ် ကို ရာသီကုန် အထိ အငှား နဲ့ ခေါ်ယူ နိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာ လိုက်ပါတယ် ။ အပြီးသတ် ဝယ်ယူခွင့်တော့ မပါရှိဘဲ ရာသီကုန်မှသာ နှစ်ဖက် အသင်း ဆက်လက် ဆွေးနွေး သွားမှာ ဖြစ်ပါတယ် ။ အသက် ၂၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အိုဒီဂတ် ဟာ အာဆင်နယ် အသင်းမှာ ကျောနံပါတ် ၁၁ ဝတ်ဆင် ကစားသွားမှာ ဖြစ်ပါတယ် ။
Sky Sports ရဲ့ ဖော်ပြချက်အရ ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်ဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ လတ်စတာ တောင်ပံကစားသမား ဒီမာရိုင်း ဂရေးကို အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ပြောင်းရွှေ့ကြေးပေးရမှာ ဖြစ်တာကြောင့် ဆောင်းရာသီမှာတော့ ဖြစ်မြောက် လာဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ရာသီကုန်မှာ ဂရေးရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာတော့ လက်မှတ်ထိုး ခေါ်ယူဖွယ် ရှိနေပါတယ်။
မန်စီးတီးရဲ့ လူငယ်ကွင်းလယ်ကစားသမားဖီးလ်ဖိုဒင်ကတော့ မနေ့ညက ဝက်စ်ဘရွန်းနဲ့ ပွဲမှာ ပွဲထွက် ကစားပေးခဲ့ပြီးနောက် မန်စီးတီးအတွက် ပွဲပေါင်း ၁၀၀ ပြည့်မြောက် ခဲ့ပါပြီ။ အဲဒီ အင်္ဂလန်လူငယ်ကြယ်ပွင့် လေးဟာ မန်စီးတီးရဲ့ အကယ်ဒမီ ကနေ ပေါ်ထွက်ခဲ့သူ တစ်ယောက်ပါ။
စပါး အသင်းရဲ့ ကွင်းလယ် ကစားသမား အလီ ဟာ ပီအက်စ်ဂျီ ကို ပြောင်းရွှေ့ခွင့် ရရှိဖို့ အရေး ၊ တွန်းအားပေးတဲ့ အနေနဲ့ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ် တွေတောင် လုပ်ဆောင်ခြင်း မရှိပဲ နေတယ်လို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်လာလျှက် ရှိပါတယ်။ သူဟာ ဒီတစ်ပတ် မှာ ကစားခဲ့တဲ့ အက်ဖ်အေ ဖလား ပွဲစဉ် Wycombe နဲ့ ပွဲမှာလဲ အရန် ကစားသမား စာရင်းမှာတောင် ထည့်သွင်း ခံခဲ့ရခြင်း မရှိသလို ၊ မကြာခင်မှာ ကစားမယ့် လီဗာပူး နဲ့ပွဲမှာလဲ ပါဝင်လာမှာ မဟုတ်ဘူးလို့ သိရပါတယ်။