Spots news

ရော်နယ်‌ဒို နဲ့ ဒီဂီယာကို အသင်းခေါင်းဆောင် ခန့်အပ်မယ့် ယူနိုက်တက် နည်းပြတန်ဟက်

Unicode Version

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်တဲ့ နယ်သာလန် ထိပ်သီးနည်းပြ အဲရစ် တန်ဟက်ဂ်ဟာ လာမယ့် ရာသီမှာ အသင်းခေါင်းဆောင် အပြောင်းအလဲ ပြုလုပ်ဖို့ စဉ်းစားနေပါတယ်။ ယူနိုက်တက်ဟာ တန်ဟက်ကို ၂၀၂၅ ခုနှစ် အထိ စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး တစ်နှစ် သက်တမ်း တိုးခွင့်လဲ ပါဝင်ပါသေးတယ်။

ယူနိုက်တက်ဟာ အသင်းရဲ့ ကစားသမား အများအပြားကို အသင်းကနေ ထွက်ခွာခွင့် ပေးထားပြီး နည်းပြသစ် တန်ဟက်အနေနဲ့ အသင်းကို အရာအားလုံး ပြန်လည် ပြင်ဆင်ဖို့ ဆုံးဖြတ်ထားသလို လက်ရှိ အသင်းခေါင်းဆောင် မက်ဂွိုင်းယားကိုလည်း အသင်းခေါင်းဆောင်ရာထူး ကနေ ဖြုတ်ချဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

အသက် ၂၉နှစ် အရွယ် နောက်ခံလူ မက်ဂွိုင်းယားဟာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာပြီး မကြာခင်မှာပဲ အသင်းခေါင်းဆောင် ရာထူးကို ရရှိခဲ့သူ တဦး ဖြစ်ပေမယ့် ယခုနှစ်မှာ သူ့ရဲ့ ခြေစွမ်းပိုင်းက ကျဆင်းနေသလို အသင်းကိုလည်း ဦးဆောင်ထားနိုင်ခြင်း မရှိတာကြောင့် တန်ဟက်ဂ်က မက်ဂွိုင်းယားကို အသင်းခေါင်းဆောင်ရာထူး ကနေ ဖယ်ရှားဖို့ စဉ်းစားနေတာပဲ ဖြစ်ပါတယ်။

အကယ်၍ အဲရစ် တန်ဟက်ဂ်ကသာ မက်ဂွိုင်းယားကို အသင်းခေါင်းဆောင်ရာထူး ကနေ ဖယ်ရှားခဲ့ရင် နံပါတ်တစ် ဂိုးသမား ဒီဂီယာနဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုတို့ထဲက တဦးဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်သစ် ဖြစ်လာဖွယ် ရှိနေပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ နည္းျပသစ္ ျဖစ္တဲ့ နယ္သာလန္ ထိပ္သီးနည္းျပ အဲရစ္ တန္ဟက္ဂ္ဟာ လာမယ့္ ရာသီမွာ အသင္းေခါင္းေဆာင္ အေျပာင္းအလဲ ျပဳလုပ္ဖို႔ စဥ္းစားေနပါတယ္။ ယူနိုက္တက္ဟာ တန္ဟက္ကို ၂၀၂၅ ခုႏွစ္ အထိ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး တစ္ႏွစ္ သက္တမ္း တိုးခြင့္လဲ ပါဝင္ပါေသးတယ္။

ယူနိုက္တက္ဟာ အသင္းရဲ႕ ကစားသမား အမ်ားအျပားကို အသင္းကေန ထြက္ခြာခြင့္ ေပးထားၿပီး နည္းျပသစ္ တန္ဟက္အေနနဲ႕ အသင္းကို အရာအားလုံး ျပန္လည္ ျပင္ဆင္ဖို႔ ဆုံးျဖတ္ထားသလို လက္ရွိ အသင္းေခါင္းေဆာင္ မက္ဂြိုင္းယားကိုလည္း အသင္းေခါင္းေဆာင္ရာထူး ကေန ျဖဳတ္ခ်ဖိဳ႕ စဥ္းစားေနေၾကာင္း သိရပါတယ္။

အသက္ ၂၉ႏွစ္ အ႐ြယ္ ေနာက္ခံလူ မက္ဂြိုင္းယားဟာ ယူနိုက္တက္ဆီ ေျပာင္းေ႐ႊ႕လာၿပီး မၾကာခင္မွာပဲ အသင္းေခါင္းေဆာင္ ရာထူးကို ရရွိခဲ့သူ တဦး ျဖစ္ေပမယ့္ ယခုႏွစ္မွာ သူ႕ရဲ႕ ေျခစြမ္းပိုင္းက က်ဆင္းေနသလို အသင္းကိုလည္း ဦးေဆာင္ထားနိုင္ျခင္း မရွိတာေၾကာင့္ တန္ဟက္ဂ္က မက္ဂြိုင္းယားကို အသင္းေခါင္းေဆာင္ရာထူး ကေန ဖယ္ရွားဖို႔ စဥ္းစားေနတာပဲ ျဖစ္ပါတယ္။

အကယ္၍ အဲရစ္ တန္ဟက္ဂ္ကသာ မက္ဂြိုင္းယားကို အသင္းေခါင္းေဆာင္ရာထူး ကေန ဖယ္ရွားခဲ့ရင္ နံပါတ္တစ္ ဂိုးသမား ဒီဂီယာနဲ႕ အဓိက တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္ဒိုတို႔ထဲက တဦးဟာ မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ အသင္းေခါင္းေဆာင္သစ္ ျဖစ္လာဖြယ္ ရွိေနပါတယ္။