Spots news

ရာဖင်ဟာကို ကမ်းလှမ်းပေမယ့် ပြောင်းရွေ့ကြေးနည်းပါးနေလို့ ပယ်ချခံလိုက်ရတဲ့ အာဆင်နယ်

Unicode Version

အာဆင်နယ်အသင်းဟာ လိဒ်ယူနိုက်တက်အသင်းရဲ့တောင်ပံတိုက်စစ် ကစားသမား ရာဖင်ဟာကို ခေါ်ယူဖို့အတွက် လိဒ်အသင်းကို ကမ်းလှမ်းလိုက်ရာမှာတော့ လိဒ်အသင်းမျှော်လင့်ထားတဲ့ ပြောင်းရွှေ့ကြေးထက် နည်းပါးနေတဲ့အတွက် လိဒ်အသင်းက ချက်ချင်းပယ်ချလိုက်တယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ကြပါတယ်။

အစက ရာဖင်ဟာဟာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့ပေမယ့် လိဒ်အသင်းလိုချင်တဲ့ ပြောင်းရွှေ့ကြေးကြောင့် ဘာစီလိုနာအသင်းဟာ နောက်ဆုတ် သွားခဲ့ရတာပဲ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အာဆင်နယ်အသင်းဟာ မြန်မြန်ဆန်ဆန်ပဲ လှုပ်ရှားလာခဲ့ပြီး ကစားသမားရဲ့အေးဂျင့်နဲ့ ကစားသမားကို ချိတ်ဆက်လာခဲ့တာဖြစ်ပါတယ်။

ရာဖင်ဟာဟာ ချန်ပီယံလိဂ် ကစားချင်ပေမယ့်လည်း အာဆင်နယ် အသင်းအတွက် လမ်းဖွင့်ပေးထားတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်ဟ ရာဖင်ဟာအတွက် ပေါင်သန်း ၄၀ လောက်နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး လိဒ်အသင်းက ပေါင်သန်း ၆၀ လောက် လိုချင် နေတာကြောင့် ပယ်ချ သွားခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ အာဆင်နယ်အသင်းဟာ ဆက်လက် ကမ်းလှမ်းသွားဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ အာဆင်နယ်အသင်းမှာ ဘရာဇီးကစားသမားတွေ များပြားနေမှု ၊ ဂျီးဆပ်ကို ခေါ်ယူဖို့ နီးစပ်နေမှုနဲ့အတူ အသင်းရဲ့အားကစားဒါရိုက်တာ အီဒူးကိုယ်တိုင်က ဘရာဇီးသား ဖြစ်နေမှုကြောင့် ရာဖင်ဟာအနေနဲ့လည်း အာဆင်နယ်ဟာ ရွေးချယ်စရာ အသင်းတစ်ခု ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။

ရာဖင်ဟာဟာ ပြီးခဲ့တဲ့နှစ်မှာ လိဒ်အသင်း အတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့သူ ဖြစ်ပြီး လိဒ်အသင်း တန်းတင် ကျန်ရစ်အောင် ကူညီပေးနိုင်သူတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။ ဒါကြောင့်ပဲ အာဆင်နယ် အသင်းဟာ အသင်းကနေ ထွက်ခွါခွင့်ပြုမယ့် ပီပီရဲ့နေရာအတွက် အစားထိုးဖို့ ပြင်ဆင်လာခဲ့တာပဲ ဖြစ်ပါတယ်

သတင်းတွေအရတော့ အာဆင်နယ်အသင်းဟာ ရာဖင်ဟာအပေါ် စိတ်ဝင်စားမှုမြင့်တက်နေပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီချက် ရရှိဖို့ ကြိုးပမ်းသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။ သိပ်မကြာခင်မှာ ပိုမိုမြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းသွားဖို့ ရှိနေပြီး ဒီတစ်ကြိမ်မှာတော့ လိဒ်အသင်းက ဘယ်လိုတုံ့ပြန်မလဲဆိုတာကို စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရတော့မှာပဲ ဖြစ်ပါတယ်။

Zawgyi Version

အာဆင္နယ္အသင္းဟာ လိဒ္ယူနိုက္တက္အသင္းရဲ႕ေတာင္ပံတိုက္စစ္ ကစားသမား ရာဖင္ဟာကို ေခၚယူဖို႔အတြက္ လိဒ္အသင္းကို ကမ္းလွမ္းလိုက္ရာမွာေတာ့ လိဒ္အသင္းေမွ်ာ္လင့္ထားတဲ့ ေျပာင္းေ႐ႊ႕ေၾကးထက္ နည္းပါးေနတဲ့အတြက္ လိဒ္အသင္းက ခ်က္ခ်င္းပယ္ခ်လိဳက္တယ္လို႔ သတင္းေတြက ေဖာ္ျပလာခဲ့ၾကပါတယ္။

အစက ရာဖင္ဟာဟာ ဘာစီလိုနာကို ေျပာင္းေ႐ႊ႕ဖို႔ ပုဂၢိဳလ္ေရး သေဘာတူညီမႈ ရခဲ့ေပမယ့္ လိဒ္အသင္းလိုခ်င္တဲ့ ေျပာင္းေ႐ႊ႕ေၾကးေၾကာင့္ ဘာစီလိုနာအသင္းဟာ ေနာက္ဆုတ္ သြားခဲ့ရတာပဲ ျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ အာဆင္နယ္အသင္းဟာ ျမန္ျမန္ဆန္ဆန္ပဲ လႈပ္ရွားလာခဲ့ၿပီး ကစားသမားရဲ႕ေအးဂ်င့္နဲ႕ ကစားသမားကို ခ်ိတ္ဆက္လာခဲ့တာျဖစ္ပါတယ္။

ရာဖင္ဟာဟာ ခ်န္ပီယံလိဂ္ဘကစားခ်င္ေပမယ့္လည္း အာဆင္နယ္ အသင္းအတြက္ လမ္းဖြင့္ေပးထားတယ္လို႔ သိရပါတယ္။ လက္ရွိမွာေတာ့ အာဆင္နယ္ဟ ရာဖင္ဟာအတြက္ ေပါင္သန္း ၄၀ ေလာက္နဲ႕ ကမ္းလွမ္းခဲ့တာျဖစ္ၿပီး လိဒ္အသင္းက ေပါင္သန္း ၆၀ ေလာက္ လိုခ်င္ ေနတာေၾကာင့္ ပယ္ခ် သြားခဲ့တယ္လို႔ သိရပါတယ္။

ဒါေပမဲ့ အာဆင္နယ္အသင္းဟာ ဆက္လက္ ကမ္းလွမ္းသြားဦးမွာ ျဖစ္တယ္လို႔ သိရပါတယ္။ လက္ရွိ အာဆင္နယ္အသင္းမွာ ဘရာဇီးကစားသမားေတြ မ်ားျပားေနမႈ ၊ ဂ်ီးဆပ္ကို ေခၚယူဖို႔ နီးစပ္ေနမႈနဲ႕အတူ အသင္းရဲ႕အားကစားဒါရိုက္တာ အီဒူးကိုယ္တိုင္က ဘရာဇီးသား ျဖစ္ေနမႈေၾကာင့္ ရာဖင္ဟာအေနနဲ႕လည္း အာဆင္နယ္ဟာ ေ႐ြးခ်ယ္စရာ အသင္းတစ္ခု ျဖစ္လာခဲ့တာပဲျဖစ္ပါတယ္။

ရာဖင္ဟာဟာ ၿပီးခဲ့တဲ့ႏွစ္မွာ လိဒ္အသင္း အတြက္ အေကာင္းဆုံး ေျခစြမ္းျပခဲ့သူ ျဖစ္ၿပီး လိဒ္အသင္း တန္းတင္ က်န္ရစ္ေအာင္ ကူညီေပးနိုင္သူေတြထဲက တစ္ဦးလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ အာဆင္နယ္ အသင္းဟာ အသင္းကေန ထြက္ခြါခြင့္ျပဳမယ့္ ပီပီရဲ႕ေနရာအတြက္ အစားထိုးဖို႔ ျပင္ဆင္လာခဲ့တာပဲ ျဖစ္ပါတယ္

သတင္းေတြအရေတာ့ အာဆင္နယ္အသင္းဟာ ရာဖင္ဟာအေပၚ စိတ္ဝင္စားမႈျမင့္တက္ေနၿပီး ကစားသမားနဲ႕ ပုဂၢိဳလ္ေရး သေဘာတူညီခ်က္ ရရွိဖို႔ ႀကိဳးပမ္းသြားဖြယ္ ရွိေနတယ္လို႔ သိရပါတယ္။ သိပ္မၾကာခင္မွာ ပိုမိုျမင့္မားတဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ကမ္းလွမ္းသြားဖို႔ ရွိေနၿပီး ဒီတစ္ႀကိမ္မွာေတာ့ လိဒ္အသင္းက ဘယ္လိုတုံ႕ျပန္မလဲဆိုတာကို စိတ္ဝင္စားဖြယ္ ေစာင့္ၾကည့္သြားရေတာ့မွာပဲ ျဖစ္ပါတယ္။