Spots news

မန်ချက်စတာ ယူနိုက်တက်ရဲ့ ကြယ်ပွင့်ကို ခေါ်ယူဖို့ စောင့်ကြည့်လာတဲ့ ရီးရဲလ်မက်ဒရစ်

Unicode Version

ရီးရဲလ်မက်ဒရစ် အသင်းဟာ ယခုနွေရာသီ အပြောင်းအရွေ့မှာ လူငယ် ကစားသမားလေး တစ်ဦးကို စောင့်ကြည့် နေပါတယ်။ သူကတော့ မန်ချက်စတာ ယူနိုက်တက် ယူ ၁၈အသင်းရဲ့ ဆယ်ကျော်သက် တောင်ပံ ကစားသမားလေး အလက်ဂျန်ဒရို ဂါနာချိုဖြစ်ပြီး ခေါ်ယူသွားနိုင်ဖို့အတွက် အနီးကပ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ဂါနာချိုဟာ လက်ရှိအချိန်မှာ အသက် ၁၇ နှစ် အရွယ်သာ ရှိသေးပြီး ဘယ်ညာ တောင်ပံနှစ်ဖက်မှာ ကျွမ်းကျင်စွာ ကစားနိုင်သူ ဖြစ်ပြီး မနှစ်က ဘောလုံးရာသီမှာပဲ ယူနိုက်တက် စီနီယာအသင်းအတွက် ၁၁ မိနစ်ခန့် ပါဝင်ခွင့် ရခဲ့သလို လာမယ့်ရာသီ နည်းပြတန်ဟက်ရဲ့ လက်အောက်မှာလည်း ပွဲကစားခွင့်တွေ ရရှိနိုင်ဖွယ် ရှိနေပါတယ်။

လက်ရှိ အချိန်မှာ အာဂျင်တီးနား ကြယ်ပွင့် ဂါနာချိုနဲ့ ယူနိုက်တက်အသင်းတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက လာမယ့် ၂၀၂၃ ခုနှစ်မှာ ကုန်ဆုံးရတော့မှာ ဖြစ်ပါတယ်။ ဒါကို ရီးရဲလ်အသင်းကနေ ဂါနာချိုကို စုံစမ်းမှု ရှိလာခဲ့တာကြောင့် ယူနိုက်တက်အနေနဲ့ ဂါနာချိုကို ဆက်လက် ထိန်းသိမ်းဖို့ အနည်းငယ် ခက်ခဲ လာနိုင်ပါတယ်။

ရီးရဲလ်ဟာ ယခင်ကတည်းက ယူနိုက်တက်ရဲ့ ကြယ်ပွင့် ကစားသမားတွေ ဖြစ်တဲ့ ရော်နယ်ဒို ဒေးဗစ်ဘက်ခမ်း နစ္စတယ်ရွိုင်း ဂါဘရီရယ်ဟိန့်ဇ်တို့လို ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ပါတယ်။ အာဂျင်တီးနား စပိန် နွယ်ဖွားဖြစ်တဲ့ ဂါနာချိုဟာလည်း ယူနိုက်တက်ကို မရောက်ခင်က ရီးရဲလ်ရဲ့ မြို့ခံပြိုင်ဘက် အက်လက်တီကို လူငယ်အကယ်ဒမီမှာ ကစားခဲ့တာပါ။

ဒါပေမယ့် ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ကတော့ ဂါနာချိုလို ကြယ်ပွင့် ကစားသမားတသ်ယောက်ကို လက်လွှတ်ဆုံးရှုံးခံမှာ မဟုတ်ပဲ ကစားသမားနဲ့ စာချုပ်သက်တမ်း အမြန်တိုးပေးဖို့ အသင်းဆီကို တောင်းဆိုထားပြီး ရာသီကြို ပွဲစဉ်များ မှာလည်း အသင်းနဲ့အတူ ခေါ်ဆောင်သွားဖွယ် ရှိနေရပါတယ်။

Zawgyi Version

ရီးရဲလ္မက္ဒရစ္ အသင္းဟာ ယခုေႏြရာသီ အေျပာင္းအေ႐ြ႕မွာ လူငယ္ ကစားသမားေလး တစ္ဦးကို ေစာင့္ၾကည့္ ေနပါတယ္။ သူကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ ယူ-၁၈အသင္းရဲ႕ ဆယ္ေက်ာ္သက္ ေတာင္ပံ ကစားသမားေလး အလက္ဂ်န္ဒရို ဂါနာခ်ိဳျဖစ္ၿပီး ေခၚယူသြားနိုင္ဖို႔အတြက္ အနီးကပ္ ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။

ဂါနာခ်ိဳဟာ လက္ရွိအခ်ိန္မွာ အသက္ ၁၇ ႏွစ္ အ႐ြယ္သာ ရွိေသးၿပီး ဘယ္ညာ ေတာင္ပံႏွစ္ဖက္မွာ ကြၽမ္းက်င္စြာ ကစားနိုင္သူ ျဖစ္ၿပီး မႏွစ္က ေဘာလုံးရာသီမွာပဲ ယူနိုက္တက္ စီနီယာအသင္းအတြက္ ၁၁ မိနစ္ခန့္ ပါဝင္ခြင့္ ရခဲ့သလို လာမယ့္ရာသီ နည္းျပတန္ဟက္ရဲ႕ လက္ေအာက္မွာလည္း ပြဲကစားခြင့္ေတြ ရရွိနိုင္ဖြယ္ ရွိေနပါတယ္။

လက္ရွိ အခ်ိန္မွာ အာဂ်င္တီးနား ၾကယ္ပြင့္ ဂါနာခ်ိဳနဲ႕ ယူနိုက္တက္အသင္းတို႔ၾကား ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းက လာမယ့္ ၂၀၂၃ခုႏွစ္မွာ ကုန္ဆုံးရေတာ့မွာ ျဖစ္ပါတယ္။ ဒါကို ရီးရဲလ္အသင္းကေန ဂါနာခ်ိဳကို စုံစမ္းမႈ ရွိလာခဲ့တာေၾကာင့္ ယူနိုက္တက္အေနနဲ႕ ဂါနာခ်ိဳကို ဆက္လက္ ထိန္းသိမ္းဖို႔ အနည္းငယ္ ခက္ခဲ လာနိုင္ပါတယ္။

ရီးရဲလ္ဟာ ယခင္ကတည္းက ယူနိုက္တက္ရဲ႕ ၾကယ္ပြင့္ ကစားသမားေတြ ျဖစ္တဲ့ ေရာ္နယ္ဒို ေဒးဗစ္ဘက္ခမ္း နစၥတယ္႐ြိုင္း ဂါဘရီရယ္ဟိန့္ဇ္တို႔လို ကစားသမားေတြကို ေခၚယူနိုင္ခဲ့ပါတယ္။ အာဂ်င္တီးနား-စပိန္ ႏြယ္ဖြားျဖစ္တဲ့ ဂါနာခ်ိဳဟာလည္း ယူနိုက္တက္ကို မေရာက္ခင္က ရီးရဲလ္ရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ အက္လက္တီကို လူငယ္အကယ္ဒမီမွာ ကစားခဲ့တာပါ။

ဒါေပမယ့္ ယူနိုက္တက္နည္းျပ တန္ဟက္ဂ္ကေတာ့ ဂါနာခ်ိဳလို ၾကယ္ပြင့္ ကစားသမားတသ္ေယာက္ကို လက္လႊတ္ဆုံးရႈံးခံမွာ မဟုတ္ပဲ ကစားသမားနဲ႕ စာခ်ဳပ္သက္တမ္း အျမန္တိုးေပးဖို႔ အသင္းဆီကို ေတာင္းဆိုထားၿပီး ရာသီႀကိဳ ပြဲစဥ္မ်ား မွာလည္း အသင္းနဲ႕အတူ ေခၚေဆာင္သြားဖြယ္ ရွိေနရပါတယ္။