Spots news

အပန်းဖြေအိမ်အထိ လျော်ကြေး လာတောင်းခံရပေမယ့် သေချာဖြေရှင်းပေးခဲ့တဲ့ ရော်နယ်ဒို

Unicode Version

ရော်နယ်ဒိုရဲ့ ဘူဂါတ်တီကားကြီး ပြီးခဲ့တဲ့ တနင်္လာက စပိန်နိုင်ငံက အိမ်တလုံးရဲ့ဝင်ပေါက်ကို ဝင်တိုက်မိခဲ့ပြီး ကားနဲ့ ခြံဝန်း အုတ်တံတိုင်း တော်တော်လေး ပျက်စီးသွားခဲ့ပါတယ်။

ရော်နယ်ဒိုတို့ မိသားစုဟာ နွေရာသီ အားလပ်ရက် အနားယူဖို့ အတွက် စပိန်နိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး အခင်းဖြစ်ပွားချိန်မှာ ကားကို မောင်းနှင်ခဲ့သူက ရော်နယ်ဒိုရဲ့ ကိုယ်ရံတော် တယောက်ပဲ ဖြစ်တယ်လို့ ယူဆရပါတယ်။

ဒီဖြစ်ရပ်မှာ ယာဥ်မောင်းသူက ထိခိုက်ဒဏ်ရာ ရရှိခဲ့တာမျိုး မရှိခဲ့ဘဲ အခင်းဖြစ်ပွားတဲ့ နေရာကလည်း ရော်နယ်ဒိုတို့ ခေတ္တခဏ အနားယူ တည်းခိုနေတဲ့ အိမ်အနီးအနားမှာလို့ သိရပါတယ်။

အဲ့ဒါကြောင့်လည်း နစ်နာသူ အိမ်ပိုင်ရှင်က နွေရာသီ အားလပ်ရက် အတွက် ရော်နယ်ဒိုငှားရမ်းထားတဲ့ အဆိုပါ အိမ်အထိ သွားရောက်ကာ လျော်ကြေး တောင်းခဲ့ပါတယ်။

အဲ့ဒီအတွေ့အကြုံနဲ့ ပတ်သက်လို့ အိမ်ပိုင်ရှင်က “ကျနော် တံခါးနားမှာ ခဏစောင့်ခဲ့ရပြီး အဲ့ဒီနောက် တံခါးပွင့်လာတဲ့ အချိန်မှာ ကျနော်က အရမ်းကို ယဥ်ကျေးတဲ့ အမျိုးသားနဲ့ အမျိုးသမီးတို့ကို တွေ့လိုက်ရပါတယ်။

 

သူတို့က ဖြစ်ပွားခဲ့ရတဲ့ နစ်နာဆုံးရှုံးမှုတွေအတွက် သေချာပေါက် လျော်ကြေးပေးမယ်ဆိုတာကို ရော်နယ်ဒို ကိုယ်စား ကတိပေးခဲ့ပါတယ်။ ပြင်ဆင်ရမယ့် အရာတွေကို အကုန်ပြန်ပြင်ပြီး ပြေစာတွေကို သိမ်းထားဖို့ မှာလိုက်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အဆိုပါအမျိုးသားဟာ ဒီလိုမျိုး ယာဥ်တိုက်မှု ဖြစ်တဲ့ အချိန်မှာ သူ့အိမ်ကခွေးလေး သေဆုံးသွားမှာကို စိုးရိမ်ခဲ့ ရကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ စပိန်မှာ အပန်းဖြေ အနားယူချိန်မှာ စီးနင်းဖို့အတွက် အခု မတော်တဆမှု ဖြစ်ပွားခဲ့တဲ့ ဘူဂါတ်တီကား အပြင် နောက်ထပ် ကားတစီးကိုလည်း စပိန်အထိ ယူဆောင်လာခဲ့ သေးတယ်လို့လည်း သိရှိရပါတယ်။

Zawgyi Version

ေရာ္နယ္ဒိုရဲ႕ ဘူဂါတ္တီကားႀကီး ၿပီးခဲ့တဲ့ တနလၤာက စပိန္နိုင္ငံက အိမ္တလုံးရဲ႕ဝင္ေပါက္ကို ဝင္တိုက္မိခဲ့ၿပီး ကားနဲ႕ ၿခံဝန္း အုတ္တံတိုင္း ေတာ္ေတာ္ေလး ပ်က္စီးသြားခဲ့ပါတယ္။

ေရာ္နယ္ဒိုတို႔ မိသားစုဟာ ေႏြရာသီ အားလပ္ရက္ အနားယူဖို႔ အတြက္ စပိန္နိုင္ငံကို ေရာက္ရွိေနတာျဖစ္ၿပီး အခင္းျဖစ္ပြားခ်ိန္မွာ ကားကို ေမာင္းႏွင္ခဲ့သူက ေရာ္နယ္ဒိုရဲ႕ ကိုယ္ရံေတာ္ တေယာက္ပဲ ျဖစ္တယ္လို႔ ယူဆရပါတယ္။

ဒီျဖစ္ရပ္မွာ ယာဥ္ေမာင္းသူက ထိခိုက္ဒဏ္ရာ ရရွိခဲ့တာမ်ိဳး မရွိခဲ့ဘဲ အခင္းျဖစ္ပြားတဲ့ ေနရာကလည္း ေရာ္နယ္ဒိုတို႔ ေခတၱခဏ အနားယူ တည္းခိုေနတဲ့ အိမ္အနီးအနားမွာလို႔ သိရပါတယ္။

အဲ့ဒါေၾကာင့္လည္း နစ္နာသူ အိမ္ပိုင္ရွင္က ေႏြရာသီ အားလပ္ရက္ အတြက္ ေရာ္နယ္ဒိုငွားရမ္းထားတဲ့ အဆိုပါ အိမ္အထိ သြားေရာက္ကာ ေလ်ာ္ေၾကး ေတာင္းခဲ့ပါတယ္။

အဲ့ဒီအေတြ႕အႀကဳံနဲ႕ ပတ္သက္လို႔ အိမ္ပိုင္ရွင္က “က်ေနာ္ တံခါးနားမွာ ခဏေစာင့္ခဲ့ရၿပီး အဲ့ဒီေနာက္ တံခါးပြင့္လာတဲ့ အခ်ိန္မွာ က်ေနာ္က အရမ္းကို ယဥ္ေက်းတဲ့ အမ်ိဳးသားနဲ႕ အမ်ိဳးသမီးတို႔ကို ေတြ႕လိုက္ရပါတယ္။

သူတို႔က ျဖစ္ပြားခဲ့ရတဲ့ နစ္နာဆုံးရႈံးမႈေတြအတြက္ ေသခ်ာေပါက္ ေလ်ာ္ေၾကးေပးမယ္ဆိုတာကို ေရာ္နယ္ဒို ကိုယ္စား ကတိေပးခဲ့ပါတယ္။ ျပင္ဆင္ရမယ့္ အရာေတြကို အကုန္ျပန္ျပင္ၿပီး ေျပစာေတြကို သိမ္းထားဖို႔ မွာလိုက္ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

အဆိုပါအမ်ိဳးသားဟာ ဒီလိုမ်ိဳး ယာဥ္တိုက္မႈ ျဖစ္တဲ့ အခ်ိန္မွာ သူ႕အိမ္ကေခြးေလး ေသဆုံးသြားမွာကို စိုးရိမ္ခဲ့ ရေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ စပိန္မွာ အပန္းေျဖ အနားယူခ်ိန္မွာ စီးနင္းဖို႔အတြက္ အခု မေတာ္တဆမႈ ျဖစ္ပြားခဲ့တဲ့ ဘူဂါတ္တီကား အျပင္ ေနာက္ထပ္ ကားတစီးကိုလည္း စပိန္အထိ ယူေဆာင္လာခဲ့ ေသးတယ္လို႔လည္း သိရွိရပါတယ္။