Spots news

“လီဗာပူးက အိမ်ကိုမရောင်းဘူး” ဆိုပြီး ပရိတ်သတ်တွေ လွမ်းနေရအောင် နှုတ်ဆက်ခဲ့တဲ့ မာနေး

Unicode Version

လီဗာပူးအသင်းရဲ့ တိုက်စစ်မှူးဟောင်းလို့ ပြောရတော့မယ့် ဆီနီဂေါ သားကြီး မာနေးကတော့ ဘိုင်ယန် မြူးနစ် ကို ပြောင်းရွှေ့ဖို့ တရားဝင် သဘောတူညီမှု ရရှိပြီးတာ နဲ့ နည်းပြကြီး ကလော့ပ် အပါအဝင် နည်းပြ အဖွဲ့ဝင်တွေ ၊ ကစားဖော်တွေ ၊ ပရိတ်သတ်တွေ အားလုံးကို အွန်လိုင်း ကနေ တဆင့် နှုတ်ဆက်သွားခဲ့ ပါတယ်။

မာနေးရဲ့ အပြောင်းအရွှေ့ က ချန်ပီယံလိဂ် ဗိုလ်လုပွဲပြီးမှ ပီပြင်လာတာ ဖြစ်လို့ အန်ဖီးလ်ကွင်းကြီးမှာ အသင်းရဲ့ ပရိသတ်တွေကို ကိုယ်တိုင် နှုတ်ဆက်ခွင့် မရခဲ့ပါဘူး။ အသင်းကိုပန်းခင်းလမ်း လျှောက်ဖို့ နည်းပြ ကလော့ပ်နဲ့ လက်တွဲ တိုက်ပွဲဝင်ခဲ့တဲ့ မာနေးက သူ့ရဲ့ထုံးစံအတိုင်း အွန်လိုင်းကနေ ပွင့်ပွင်းလင်းလင်း ရိုးရိုးရှင်းရှင်း နှုတ်ဆက်ခဲ့ပါတယ်။

မာနေးက “ လီဗာပူး ကနေ ဘယ်လို ကစားသမားမျိုးပဲ ထွက်ခွာသွားပါစေ ၊ ပရိတ်တွေကိုတော့ အမြဲတမ်း အမှတ်ရနေကြမှာပါ ဘာလို့လဲ ဆိုတော့ သူတို့က ကမ္ဘာ့အကောင်းဆုံး ပရိသတ်တွေ ဖြစ်နေတဲ့ အတွက်ပါ။ ဒီအကြောင်းကို ကျနော် အမြဲတမ်း ပြောဖြစ်ပါတယ်။

အထူးသဖြင့် ကျနော့် ရဲ့ သီချင်း ကို သံပြိုင်ဆိုကြတဲ့ အခိုက်အတန့်တိုင်းဟာ တကယ်ကို ပျော်ရွှင်စရာ ကောင်းခဲ့ပါတယ်။ ဘယ်လိုပြောရမလဲဗျာ ။ အန်ဖီးလ်မှာ ဒီလို ပရိသတ် ဝန်းရံမှု ကောင်းလွန်းတဲ့ အတွက် ကစားရတဲ့ အချိန်တွေမှာ စိတ်ဓါတ်ခွန်အားတွေက အလိုလို မွေးဖွားလာတာပါ။

ကျနော် ကတော့ သူတို့ကို လွမ်းနေမှာ သေချာပါတယ်။ လီဗာပူးမှာ ရှိတဲ့ ကျနော့် ရဲ့ အိမ်ကို မရောင်းဘူး ။ ဒါကြောင့် သေချာပေါက် ပြန်လာခဲ့ဦးမှာပါ။ လီဗာပူး ပရိသတ်တွေ နှုတ်ဆက်ရင်း လီဗာပူး ကစားတဲ့ ပွဲကို လာကြည့်ချင်ပါသေးတယ်။ ဘာလို့လဲ ဆိုရင် ကျနော် က သူတို့ပြီးရင် ၊ လီဗာပူး ကို အမှန်ကန် အားပေးမယ့် နံပါတ် 1 ဖန် ဖြစ်နေလို့ပါပဲ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

မာနေး ဟာ လီဗာပူးအတွက် 269 ပွဲမှာ သွင်းဂိုးပေါင်း 120 အထိ သွင်းယူနိုင်ခဲ့ကာ ၊ ကလပ် သမိုင်းကြောင်း တစ်ယောက် 14 ယောက်မြှောက် သွင်းဂိုး အများဆုံး ကစားသမား အဖြစ် ရပ်တည်သွားခဲ့ ပါတယ်။ လီဗာပူး ပရိသတ်တွေ အားလုံးကတော့ ဆီနီဂေါသားကြီး ဟာ လီဗာပူး ရဲ့ ဂန္တဝင် ကစားသမားကြီး အဖြစ် ဝိုင်းဝန်း အသိမှတ် ပြုနေကြပါပြီ

Zawgyi Version

လီဗာပူးအသင္းရဲ႕ တိုက္စစ္မႉးေဟာင္းလို႔ ေျပာရေတာ့မယ့္ ဆီနီေဂါ သားႀကီး မာေနးကေတာ့ ဘိုင္ယန္ ျမဴးနစ္ ကို ေျပာင္းေ႐ႊ႕ဖို႔ တရားဝင္ သေဘာတူညီမႈ ရရွိၿပီးတာ နဲ႕ နည္းျပႀကီး ကေလာ့ပ္ အပါအဝင္ နည္းျပ အဖြဲ႕ဝင္ေတြ ၊ ကစားေဖာ္ေတြ ၊ ပရိတ္သတ္ေတြ အားလုံးကို အြန္လိုင္း ကေန တဆင့္ ႏႈတ္ဆက္သြားခဲ့ ပါတယ္။

မာေနးရဲ႕ အေျပာင္းအေ႐ႊ႕ က ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲၿပီးမွ ပီျပင္လာတာ ျဖစ္လို႔ အန္ဖီးလ္ကြင္းႀကီးမွာ အသင္းရဲ႕ ပရိသတ္ေတြကို ကိုယ္တိုင္ ႏႈတ္ဆက္ခြင့္ မရခဲ့ပါဘူး။ အသင္းကိုပန္းခင္းလမ္း ေလွ်ာက္ဖို႔ နည္းျပ ကေလာ့ပ္နဲ႕ လက္တြဲ တိုက္ပြဲဝင္ခဲ့တဲ့ မာေနးက သူ႕ရဲ႕ထုံးစံအတိုင္း အြန္လိုင္းကေန ပြင့္ပြင္းလင္းလင္း ရိုးရိုးရွင္းရွင္း ႏႈတ္ဆက္ခဲ့ပါတယ္။

မာေနးက “ လီဗာပူး ကေန ဘယ္လို ကစားသမားမ်ိဳးပဲ ထြက္ခြာသြားပါေစ ၊ ပရိတ္ေတြကိုေတာ့ အၿမဲတမ္း အမွတ္ရေနၾကမွာပါ ဘာလို႔လဲ ဆိုေတာ့ သူတို႔က ကမာၻ႔အေကာင္းဆုံး ပရိသတ္ေတြ ျဖစ္ေနတဲ့ အတြက္ပါ။ ဒီအေၾကာင္းကို က်ေနာ္ အၿမဲတမ္း ေျပာျဖစ္ပါတယ္။

အထူးသျဖင့္ က်ေနာ့္ ရဲ႕ သီခ်င္း ကို သံၿပိဳင္ဆိုၾကတဲ့ အခိုက္အတန႔္တိုင္းဟာ တကယ္ကို ေပ်ာ္႐ႊင္စရာ ေကာင္းခဲ့ပါတယ္။ ဘယ္လိုေျပာရမလဲဗ်ာ ။ အန္ဖီးလ္မွာ ဒီလို ပရိသတ္ ဝန္းရံမႈ ေကာင္းလြန္းတဲ့ အတြက္ ကစားရတဲ့ အခ်ိန္ေတြမွာ စိတ္ဓါတ္ခြန္အားေတြက အလိုလို ေမြးဖြားလာတာပါ။

က်ေနာ္ ကေတာ့ သူတို႔ကို လြမ္းေနမွာ ေသခ်ာပါတယ္။ လီဗာပူးမွာ ရွိတဲ့ က်ေနာ့္ ရဲ႕ အိမ္ကို မေရာင္းဘူး ။ ဒါေၾကာင့္ ေသခ်ာေပါက္ ျပန္လာခဲ့ဦးမွာပါ။ လီဗာပူး ပရိသတ္ေတြ ႏႈတ္ဆက္ရင္း လီဗာပူး ကစားတဲ့ ပြဲကို လာၾကည့္ခ်င္ပါေသးတယ္။ ဘာလို႔လဲ ဆိုရင္ က်ေနာ္ က သူတို႔ၿပီးရင္ ၊ လီဗာပူး ကို အမွန္ကန္ အားေပးမယ့္ နံပါတ္ 1 ဖန္ ျဖစ္ေနလို႔ပါပဲ” လို႔ ေျပာဆိုသြားခဲ့ ပါတယ္။

မာေနး ဟာ လီဗာပူးအတြက္ 269 ပြဲမွာ သြင္းဂိုးေပါင္း 120 အထိ သြင္းယူနိုင္ခဲ့ကာ ၊ ကလပ္ သမိုင္းေၾကာင္း တစ္ေယာက္ 14 ေယာက္ျမႇောက္ သြင္းဂိုး အမ်ားဆုံး ကစားသမား အျဖစ္ ရပ္တည္သြားခဲ့ ပါတယ္။ လီဗာပူး ပရိသတ္ေတြ အားလုံးကေတာ့ ဆီနီေဂါသားႀကီး ဟာ လီဗာပူး ရဲ႕ ဂႏၲဝင္ ကစားသမားႀကီး အျဖစ္ ဝိုင္းဝန္း အသိမွတ္ ျပဳေနၾကပါၿပီ