Spots news

ဘလွန်းဒီအော လိုချင်လို့ ဘာစီက ထွက်ခဲ့တာလို့ ပြောခဲ့တဲ့ နေမာရဲ့ မရေရာတော့တဲ့ အနာဂတ်

Unicode Version

ပီအက်စ်ဂျီ အသင်းရဲ့ အနာဂတ် အစီအစဉ်တွေထဲမှာ အသင်းရဲ့ အဓိက တိုက်စစ် ကစားသမား နေမာ ပါဝင်သလား၊ မပါဝင်တော့ဘူးလား ဆိုတာ ပရိသတ်ကို အသိပေးသွားမှာ မဟုတ်ဘူးလို့ ပီအက်စ်ဂျီ ဥက္ကဌ အယ်ခီလိုင်ဖီက ပြောကြား လိုက်ပါတယ်။

၂၀၁၇ တုန်းက ကမ္ဘာ့စံချိန်တင်လပြောင်းရွှေ့ကြေးနဲ့ ပီအက်စ်ဂျီ ကို ရောက်ရှိလာခဲ့သူ နေမာဟာ လက်ရှိ အချိန်မှာတော့ အသင်းမှာမပျော်ရွှင်တော့ဘူးလို့ သတင်းတွေ ထွက်ပေါ်နေသလို ပီအက်စ်ဂျီရဲ့ အနာဂတ် အစီအစဉ်တွေ ထဲမှာလည်း နေမာ မပါဝင်တော့ဘူးလို့ သတင်းတွေ ရှိနေပါတယ်။

နေမာဟာ ပီအက်စ်ဂျ္ ကို ရောက်ရောက်ချင်း နှစ်နှစ်လောက်မှာ အထူးခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့်လည်း ဒဏ်ရာ ပြဿနာတွေကြောင့် တစ်ရာသီပျမ်းမျှ ပွဲ ၃၀ လောက်ပဲ ကစားခွင့် ရခဲ့ပြီး အသင်းဖော် တိုက်စစ်မှူးလေး အမ်ဘာပေရဲ့ လောင်းရိပ်အောက်ကို တဖြည်းဖြည်း ရောက်ရှိလာခဲ့ တာလည်း ဖြစ်ပါတယ်။

“အသင်းရဲ့ အနာဂတ် အစီအစဉ်တွေထဲမှာ နေမာပါဝင် နေသေးလား၊ မပါဝင်တော့ဘူးလား ဆိုတာကိုတော့ ကျွန်တော်တို့ ပရိသတ်ကို လောလောဆယ် အသိပေးသွားဖို့ မရှိသေးပါဘူး။ ဒါက အသင်းတွင်း လျို့ဝှက်ချက်တစ်ခု ဖြစ်ပါတယ်။

ကျွန်တော် ပြောနိုင်တာကတော့ ဒီအပြောင်းအရွှေ့ ကာလမှာ ကစားသမား တချို့ အသင်းကို ထပ်ရောက်လာမှာ ဖြစ်ပြီး တချို့ကစားသမားတွေလည်း အသင်းက ထွက်ခွာရလိမ့်မယ် ဆိုတာပါပဲ”လို့ အယ်ခီလိုင်ဖီက ပြောကြား ခဲ့ပါတယ်။

နေမာဟာ ပီအက်စ်ဂျီ ကစားသမားဘဝ ၅နှစ်တာကာလအတွင်း ပြိုင်ပွဲစုံ ၁၄၄ ပွဲမှာ အသင်းအတွက် ဂိုး ၁၀၀ သွင်းယူပေး ထားခဲ့သူလည်း ဖြစ်ပါတယ်။ ဘလွန်းဒီအောဆု လိုချင်လို့ ဘာကာက ထွက်ခဲ့တယ်လို့ ကြွေးကြော်ခဲ့သူ နေမာကို အခုလို အနေအထားမျိုးနဲ့ တွေ့မြင်ရတာကတော့ စိတ်မကောင်းစရာပါပဲ။

Zawgyi Version

ပီအက္စ္ဂ်ီ အသင္းရဲ႕ အနာဂတ္ အစီအစဥ္ေတြထဲမွာ အသင္းရဲ႕ အဓိက တိုက္စစ္ ကစားသမား ေနမာ ပါဝင္သလား၊ မပါဝင္ေတာ့ဘူးလား ဆိုတာ ပရိသတ္ကို အသိေပးသြားမွာ မဟုတ္ဘူးလို႔ ပီအက္စ္ဂ်ီ ဥကၠဌ အယ္ခီလိုင္ဖီက ေျပာၾကား လိုက္ပါတယ္။

၂၀၁၇ တုန္းက ကမာၻ႔စံခ်ိန္တင္လေျပာင္းေ႐ႊ႕ေၾကးနဲ႕ ပီအက္စ္ဂ်ီ ကို ေရာက္ရွိလာခဲ့သူ ေနမာဟာ လက္ရွိ အခ်ိန္မွာေတာ့ အသင္းမွာမေပ်ာ္႐ႊင္ေတာ့ဘူးလို႔ သတင္းေတြ ထြက္ေပၚေနသလို ပီအက္စ္ဂ်ီရဲ႕ အနာဂတ္ အစီအစဥ္ေတြ ထဲမွာလည္း ေနမာ မပါဝင္ေတာ့ဘူးလို႔ သတင္းေတြ ရွိေနပါတယ္။

ေနမာဟာ ပီအက္စ္ဂ်္ ကို ေရာက္ေရာက္ခ်င္း ႏွစ္ႏွစ္ေလာက္မွာ အထူးေျခစြမ္းျပ ကစားနိုင္ခဲ့ေပမယ့္လည္း ဒဏ္ရာ ျပႆနာေတြေၾကာင့္ တစ္ရာသီပ်မ္းမွ် ပြဲ ၃၀ ေလာက္ပဲ ကစားခြင့္ ရခဲ့ၿပီး အသင္းေဖာ္ တိုက္စစ္မႉးေလး အမ္ဘာေပရဲ႕ ေလာင္းရိပ္ေအာက္ကို တျဖည္းျဖည္း ေရာက္ရွိလာခဲ့ တာလည္း ျဖစ္ပါတယ္။

“အသင္းရဲ႕ အနာဂတ္ အစီအစဥ္ေတြထဲမွာ ေနမာပါဝင္ ေနေသးလား၊ မပါဝင္ေတာ့ဘူးလား ဆိုတာကိုေတာ့ ကြၽန္ေတာ္တို႔ ပရိသတ္ကို ေလာေလာဆယ္ အသိေပးသြားဖို႔ မရွိေသးပါဘူး။ ဒါက အသင္းတြင္း လ်ိဳ႕ဝွက္ခ်က္တစ္ခု ျဖစ္ပါတယ္။

ကြၽန္ေတာ္ ေျပာနိုင္တာကေတာ့ ဒီအေျပာင္းအေ႐ႊ႕ ကာလမွာ ကစားသမား တခ်ိဳ႕ အသင္းကို ထပ္ေရာက္လာမွာ ျဖစ္ၿပီး တခ်ိဳ႕ကစားသမားေတြလည္း အသင္းက ထြက္ခြာရလိမ့္မယ္ ဆိုတာပါပဲ”လို႔ အယ္ခီလိုင္ဖီက ေျပာၾကား ခဲ့ပါတယ္။

ေနမာဟာ ပီအက္စ္ဂ်ီ ကစားသမားဘဝ ၅ႏွစ္တာကာလအတြင္း ၿပိဳင္ပြဲစုံ ၁၄၄ ပြဲမွာ အသင္းအတြက္ ဂိုး ၁၀၀ သြင္းယူေပး ထားခဲ့သူလည္း ျဖစ္ပါတယ္။ ဘလြန္းဒီေအာဆု လိုခ်င္လို႔ ဘာကာက ထြက္ခဲ့တယ္လို႔ ေႂကြးေၾကာ္ခဲ့သူ ေနမာကို အခုလို အေနအထားမ်ိဳးနဲ႕ ေတြ႕ျမင္ရတာကေတာ့ စိတ္မေကာင္းစရာပါပဲ။