Spots news

ချဲလ်ဆီးက ထွက်ခွာရတော့မှာဖြစ်လို့ မျက်ရည်မိုးတွေ ရွာခဲ့ရတဲ့ မင်းတို့အတွက် လူကာကူ

Unicode Version

အင်တာမီလန်ကို အငှားနဲ့ သွားကစားလို့ ရပြီဆိုတဲ့အကြောင်းကို အေးဂျင့်ဖြစ်သူက အကြောင်းကြား ခဲ့ချိန်မှာ လူကာကူ တယောက် မျက်ရည်ကျမတတ် ခံစားခဲ့ရတယ်လို့ သတင်းတွေ ထွက်လာပါတယ်။ စတန်းဖို့ဒ်ဘရစ်ချ်ကို စွန့်ခွာရမှာကို တွေးပြီးတော့ ငိုတာတော့ မဟုတ်ပါဘူး။ အင်တာမီလန်ကို သွားကစားခွင့် ရတော့မှာမို့ ငိုခဲ့တာပါ။

ချဲလ်ဆီးဘက်ကတော့ ကလပ် စံချိန်တင်ကြေး ပေါင်သန်း ၁၀၀ နီးပါးနဲ့ ခေါ်ယူထားတဲ့ လူကာကူကို ဘာမှမသုံးလိုက်ရဘဲ တနှစ်အတွင်း အလွတ် ပြောင်းရွှေ့ကြေး နီးနီးနဲ့ ပြန်လည် လက်လွှတ် ရတော့မှာ ဖြစ်ပါတယ်။

လူကာကူက အင်တာမီလန်ကို ပြောင်းဖို့ ရာသီမကုန်ခင်တည်းက စိတ်အားထက်သန် ခဲ့ပါတယ်။ ဒါ့အပြင် အင်တာမီလန် ဥက္ကဌ၊ အသင်း တာဝန်ရှိသူတွေနဲ့ အသင်းဖော်ဟောင်းတွေကိုလည်း ပြီးခဲ့တဲ့ ခရစ္စမတ် ကာလတည်းက မက်ဆေ့ချ်ပို့ ဆက်သွယ် နေခဲ့တာပါ။

လူကာကူဟာ အင်တာမီလန်ကို ပြန်ဖို့အတွက် လစာပါ လျှော့ယူခဲ့ပြီး အင်တာမီလန်က သူ့ကိုအငှားခေါ်ယူကြေး ယူရို ၈ သန်း ပေးချေရမှာပါ။ လူကာကူအတွက် လစာငွေ အားလုံးကို အင်တာမီလန်ကပဲ ပေးချေရမှာ ဖြစ်ပြီး အပြီးသတ် ခေါ်ယူခွင့်တော့ မပါရှိသေးဘူးလို့ သိရှိရပါတယ်

ချဲလ်ဆီးမှာ သွင်းဂိုး တဂိုးတိုင်း အတွက် ပေါင် ၆.၆ သန်းတန်တဲ့ အဖိုးတန် ဂိုးတွေကို သွင်းယူပေးခဲ့တဲ့နောက် လူကာကူက သူ့ရဲ့ အချစ်ဆုံး ကလပ် ကို ပြန်သွားဖို့ လုပ်ခဲ့တာပါ။ အခုတော့ သူ့ရဲ့ အချစ်ဆုံး ကလပ်ကနေ ငယ်ဘ၀ကလပ်ကို ပြောင်းရွှေ့နိုင်ခဲ့ပြီးနောက် အချစ်ဆုံး ကလပ်ကို ပြန်သွားကစားနိုင်ပြီ ဖြစ်ပါတယ်။

Zawgyi Version

အင္တာမီလန္ကို အငွားနဲ႕ သြားကစားလို႔ ရၿပီဆိုတဲ့အေၾကာင္းကို ေအးဂ်င့္ျဖစ္သူက အေၾကာင္းၾကား ခဲ့ခ်ိန္မွာ လူကာကူ တေယာက္ မ်က္ရည္က်မတတ္ ခံစားခဲ့ရတယ္လို႔ သတင္းေတြ ထြက္လာပါတယ္။ စတန္းဖို႔ဒ္ဘရစ္ခ်္ကို စြန႔္ခြာရမွာကို ေတြးၿပီးေတာ့ ငိုတာေတာ့ မဟုတ္ပါဘူး။ အင္တာမီလန္ကို သြားကစားခြင့္ ရေတာ့မွာမို႔ ငိုခဲ့တာပါ။

ခ်ဲလ္ဆီးဘက္ကေတာ့ ကလပ္ စံခ်ိန္တင္ေၾကး ေပါင္သန္း ၁၀၀ နီးပါးနဲ႕ ေခၚယူထားတဲ့ လူကာကူကို ဘာမွမသုံးလိုက္ရဘဲ တႏွစ္အတြင္း အလြတ္ ေျပာင္းေ႐ႊ႕ေၾကး နီးနီးနဲ႕ ျပန္လည္ လက္လႊတ္ ရေတာ့မွာ ျဖစ္ပါတယ္။

လူကာကူက အင္တာမီလန္ကို ေျပာင္းဖို႔ ရာသီမကုန္ခင္တည္းက စိတ္အားထက္သန္ ခဲ့ပါတယ္။ ဒါ့အျပင္ အင္တာမီလန္ ဥကၠဌ၊ အသင္း တာဝန္ရွိသူေတြနဲ႕ အသင္းေဖာ္ေဟာင္းေတြကိုလည္း ၿပီးခဲ့တဲ့ ခရစၥမတ္ ကာလတည္းက မက္ေဆ့ခ်္ပို႔ ဆက္သြယ္ ေနခဲ့တာပါ။

လူကာကူဟာ အင္တာမီလန္ကို ျပန္ဖို႔အတြက္ လစာပါ ေလွ်ာ့ယူခဲ့ၿပီး အင္တာမီလန္က သူ႕ကိုအငွားေခၚယူေၾကး ယူရို ၈ သန္း ေပးေခ်ရမွာပါ။ လူကာကူအတြက္ လစာေငြ အားလုံးကို အင္တာမီလန္ကပဲ ေပးေခ်ရမွာ ျဖစ္ၿပီး အၿပီးသတ္ ေခၚယူခြင့္ေတာ့ မပါရွိေသးဘူးလို႔ သိရွိရပါတယ္

ခ်ဲလ္ဆီးမွာ သြင္းဂိုး တဂိုးတိုင္း အတြက္ ေပါင္ ၆.၆ သန္းတန္တဲ့ အဖိုးတန္ ဂိုးေတြကို သြင္းယူေပးခဲ့တဲ့ေနာက္ လူကာကူက သူ႕ရဲ႕ အခ်စ္ဆုံး ကလပ္ ကို ျပန္သြားဖို႔ လုပ္ခဲ့တာပါ။ အခုေတာ့ သူ႕ရဲ႕ အခ်စ္ဆုံး ကလပ္ကေန ငယ္ဘ၀ကလပ္ကို ေျပာင္းေ႐ႊ႕နိုင္ခဲ့ၿပီးေနာက္ အခ်စ္ဆုံး ကလပ္ကို ျပန္သြားကစားနိုင္ၿပီ ျဖစ္ပါတယ္။