Spots news

မင်းတို့က မဟုတ်တော့ဘူးကွ ဆိုပြီး အပန်းဖြေနေရင်း အသင်းကို စိတ်ပူနေတဲ့ ရော်နယ်ဒို

Unicode Version

ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ အပြောင်းအရွှေ့ စျေးကွက်မှာ အသင်းရဲ့လုပ်ရည်ကိုင်ရည်ကို စိုးရိမ်ပူပန်နေတယ်လို့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိ နွေစျေးကွက်မှာ အခုချိန်ထိ ကစားသမားသစ် မခေါ်ယူနိုင် သေးပါဘူး။

ဦးစားပေးအဖြစ် သတ်မှတ် ကြိုးစားနေတဲ့ ဘာစီလိုနာ ကွင်းလယ်လူ ဒီဂျောင်ကို ခေါ်ယူဖို့အတွက် ဘာစီလိုနာဘက်က ယူရိုသန်း (၁၀၀) ဝန်းကျင်အထိ စျေးကိုင်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒါ့အပြင် အဲရစ်ဆင်၊ တင်မ်ဘာတို့ကို ခေါ်ယူဖို့ ကြိုးစားမှုမှာလည်း တင်မ်ဘာကိစ္စက လုံးဝ ပျက်ပြယ်သလောက် ဖြစ်သွားခဲ့ရပါတယ်။

နည်းပြသစ် တန်ဟက်ဟာ ကစားသမားသစ် အနည်းဆုံး (၅) ယောက်ဝန်းကျင် အလိုရှိနေပါတယ်။ ဒါပေမယ့် ယူနိုက်တက်တို့ သေချာရေရာတဲ့ အပြောင်းအရွှေ့ တခုမှ မပြုလုပ်နိုင်သေးပါဘူး။ အဲ့ဒါကြောင့်လည်း ရော်နယ်ဒိုက ဒီအပေါ်မှာ စိုးရိမ် ပူပန်နေတယ်လို့ သတင်းတွေက ဖော်ပြလာတာပါ။ ရော်နယ်ဒိုဟာ လက်ရှိ စပိန်နိုင်ငံမှာ မိသားစုနဲ့အတူ အနားယူ အပန်းဖြေ နေပါတယ်။

လာမယ့် ရာသီဟာ ရော်နယ်ဒိုအတွက် ယူနိုက်တက် ကစားသမားဘဝ နောက်ဆုံးရာသီ ဖြစ်လာဖို့ရှိပြီး ရော်နယ်ဒိုက ဆုဖလား အောင်မြင်မှုတွေနဲ့ နှုတ်ဆက်သွားဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမယ့် မန်စီးတီးက ဟာလန်း၊ လီဗာပူးက ဒါဝင်နူနက်ဇ်တို့ကို ခေါ်ယူထားချိန်၊ အာဆင်နယ်နဲ့စပါးတို့ ကစားသမားသစ်တွေ ခေါ်ယူနေချိန်မှာ ယူနိုက်တက်ရဲ့ လှုပ်ရှားမှုက အားရစရာမရှိပါဘူး။

ရော်နယ်ဒိုဟာ တန်ဟက် လက်ထက်မှာ အောင်မြင်မှုရယူဖို့ ပစ်မှတ်ထားနေပေမယ့် အခုချိန်မှာတော့ ရာသီသစ် အတွက် သံသယတွေရှိလာတယ်လို့ စပိန်နာမည်ကျော် AS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ရာသီကြိုလေ့ကျင့်ခန်း အစီအစဥ်တွေ ပြန်လည် စတင်ဖို့ကလည်း အချိန်တပတ်တောင် မကျန်ရှိတော့ပါဘူး။

တန်ဟက်ဟာ ကစားသမား အပြောင်းအရွှေ့တွေကို အလျင်အမြန် ပြုလုပ်ပြီး ကစားသမားသစ်တွေကို ရာသီကြိုပြင်ဆင်မှုမှာ အပြည့်အဝ ပူးပေါင်းစေဖို့ ဆန္ဒရှိခဲ့တာပါ။ ဒါပေမယ့် အခုအနေအထားနဲ့တော့ ခက်ခဲနိုင်ဖွယ် ရှိပါတယ်။ ရော်နယ်ဒို အနေနဲ့တော့ အသင်းအပေါ် အားမရသည့်တိုင် စာချုပ်သက်တမ်း ကုန်တဲ့ အထိတော့ အသင်းမှာ ဆက်နေသွားဖို့ ဆုံးဖြတ်ပြီး ဖြစ်ပါတယ်။

Zawgyi Version

ယူနိုက္တက္ တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ အေျပာင္းအေ႐ႊ႕ ေစ်းကြက္မွာ အသင္းရဲ႕လုပ္ရည္ကိုင္ရည္ကို စိုးရိမ္ပူပန္ေနတယ္လို႔ ေကာလာဟလေတြ ထြက္ေပၚလာခဲ့ပါတယ္။ ယူနိုက္တက္ဟာ လက္ရွိ ေႏြေစ်းကြက္မွာ အခုခ်ိန္ထိ ကစားသမားသစ္ မေခၚယူနိုင္ ေသးပါဘူး။

ဦးစားေပးအျဖစ္ သတ္မွတ္ ႀကိဳးစားေနတဲ့ ဘာစီလိုနာ ကြင္းလယ္လူ ဒီေဂ်ာင္ကို ေခၚယူဖို႔အတြက္ ဘာစီလိုနာဘက္က ယူရိုသန္း (၁၀၀) ဝန္းက်င္အထိ ေစ်းကိုင္ေနတယ္လို႔ သတင္းေတြ ထြက္ေနပါတယ္။ ဒါ့အျပင္ အဲရစ္ဆင္၊ တင္မ္ဘာတို႔ကို ေခၚယူဖို႔ ႀကိဳးစားမႈမွာလည္း တင္မ္ဘာကိစၥက လုံးဝ ပ်က္ျပယ္သေလာက္ ျဖစ္သြားခဲ့ရပါတယ္။

နည္းျပသစ္ တန္ဟက္ဟာ ကစားသမားသစ္ အနည္းဆုံး (၅) ေယာက္ဝန္းက်င္ အလိုရွိေနပါတယ္။ ဒါေပမယ့္ ယူနိုက္တက္တို႔ ေသခ်ာေရရာတဲ့ အေျပာင္းအေ႐ႊ႕ တခုမွ မျပဳလုပ္နိုင္ေသးပါဘူး။ အဲ့ဒါေၾကာင့္လည္း ေရာ္နယ္ဒိုက ဒီအေပၚမွာ စိုးရိမ္ ပူပန္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပလာတာပါ။ ေရာ္နယ္ဒိုဟာ လက္ရွိ စပိန္နိုင္ငံမွာ မိသားစုနဲ႕အတူ အနားယူ အပန္းေျဖ ေနပါတယ္။

လာမယ့္ ရာသီဟာ ေရာ္နယ္ဒိုအတြက္ ယူနိုက္တက္ ကစားသမားဘဝ ေနာက္ဆုံးရာသီ ျဖစ္လာဖို႔ရွိၿပီး ေရာ္နယ္ဒိုက ဆုဖလား ေအာင္ျမင္မႈေတြနဲ႕ ႏႈတ္ဆက္သြားဖို႔ ဆႏၵရွိေနပါတယ္။ ဒါေပမယ့္ မန္စီးတီးက ဟာလန္း၊ လီဗာပူးက ဒါဝင္ႏူနက္ဇ္တို႔ကို ေခၚယူထားခ်ိန္၊ အာဆင္နယ္နဲ႕စပါးတို႔ ကစားသမားသစ္ေတြ ေခၚယူေနခ်ိန္မွာ ယူနိုက္တက္ရဲ႕ လႈပ္ရွားမႈက အားရစရာမရွိပါဘူး။

ေရာ္နယ္ဒိုဟာ တန္ဟက္ လက္ထက္မွာ ေအာင္ျမင္မႈရယူဖို႔ ပစ္မွတ္ထားေနေပမယ့္ အခုခ်ိန္မွာေတာ့ ရာသီသစ္ အတြက္ သံသယေတြရွိလာတယ္လို႔ စပိန္နာမည္ေက်ာ္ AS သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ ယူနိုက္တက္ရဲ႕ ရာသီႀကိဳေလ့က်င့္ခန္း အစီအစဥ္ေတြ ျပန္လည္ စတင္ဖို႔ကလည္း အခ်ိန္တပတ္ေတာင္ မက်န္ရွိေတာ့ပါဘူး။

တန္ဟက္ဟာ ကစားသမား အေျပာင္းအေ႐ႊ႕ေတြကို အလ်င္အျမန္ ျပဳလုပ္ၿပီး ကစားသမားသစ္ေတြကို ရာသီႀကိဳျပင္ဆင္မႈမွာ အျပည့္အဝ ပူးေပါင္းေစဖို႔ ဆႏၵရွိခဲ့တာပါ။ ဒါေပမယ့္ အခုအေနအထားနဲ႕ေတာ့ ခက္ခဲနိုင္ဖြယ္ ရွိပါတယ္။ ေရာ္နယ္ဒို အေနနဲ႕ေတာ့ အသင္းအေပၚ အားမရသည့္တိုင္ စာခ်ဳပ္သက္တမ္း ကုန္တဲ့ အထိေတာ့ အသင္းမွာ ဆက္ေနသြားဖို႔ ဆုံးျဖတ္ၿပီး ျဖစ္ပါတယ္။