Spots news

ပဲလေစ့်နဲ့ ယှဉ်လုတာတောင် အငြင်းခံလိုက်ရပြီး ချိန်ပါလယ်ဗယ် အမြင့်ဆုံး ရောက်သွားတဲ့ မန်ယူ

Unicode Version

ခရစ္စတယ် ပဲလေ့စ်အသင်းဟာ ဒါဘီကောင်တီအသင်းရဲ့ ဆယ်ကျော်သက် အင်္ဂလန် တောင်ပံကစားသမားလေး မယ်လ်ကွန် အက်ဘီအိုဝေကို မန်ချက်စတာ ယူနိုက်တက် အသင်းထက် လက်ဦးမှု ရယူခဲ့ပြီး ခေါ်ယူသွားနိုင်တော့မှာ ဖြစ်တယ်လို့ သတင်းမီဒီယာ များစွာကနေ ဖော်ပြလာခဲ့ပါတယ်။

တောင်ပံကစားသမား အက်ဘီအိုဝေဟာ မနှစ်ကမှ ယူနိုက်တက် ဂန္တဝင် ဝိန်းရွန်နီရဲ့ ဒါဘီအသင်းအတွက် စတင် ကစားခဲ့တာ ဖြစ်ပြီး ပွဲစဉ်(၁၆)ပွဲအတွင်း (၁)ဂိုးသွင်း (၂)ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အသက် ၁၈ နှစ်သာရှိသေးတဲ့ အက်ဘီအိုဝေဟာ ဒါဘီ လူငယ်အသင်းမှာ ပြသခဲ့တဲ့ ‌ခြေစွမ်းကြောင့် ဒါဘီစီနီယာ အသင်းနဲ့ ပူးပေါင်းခွင့် ရရှိခဲ့သူပါ။

ကောင်းမွန်တဲ့ ခြေစွမ်းတွေကြောင့် မန်ယူနိုက်တက် ပဲလေ့စ်တို့လို ပရီးမီးယားလိဂ် အသင်းတွေက စိတ်ဝင်စားခံလာရတဲ့ အက်ဘီအိုဝေဟာ ပရီးမီးယားလိဂ်ရဲ့ အသင်းကြီး ယူနိုက်တက်ထက် သူ့အတွက် နေရာပိုရနိုင်မယ့် ဗီအဲရာရဲ့ ပဲလေ့စ်အသင်းဆီ ပြောင်းရွှေ့ဖို့ကိုသာ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ အက်ဘီအိုဝေဟာ ပဲလေ့စ်နဲ့ ဆေးစစ်မှုတွေပါ ခံယူပြီးပြီ ဖြစ်သလို ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုတော့မယ်လို့ သိရပါတယ်။ အာဆင်နယ် လူငယ် အကယ်ဒမီထွက် အက်ဘီအိုဝေဟာ ယူနိုက်တက်မှာ နေရာရဖို့က မလွယ် တာကြောင့် ပဲလေ့စ်ကိုသာ ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ယူနိုက်တက်ဟာ ကစားသမားသစ် ခေါ်ယူဖို့အတွက် အခက်အခဲတွေနဲ့ ဆက်တိုက်ကို ရင်ဆိုင်နေရပြီး ပစ်မှတ်ထား နေတဲ့ ကစားသမားတွေက ယူနိုက်တက်မဟုတ်တဲ့ အခြားအသင်းတွေဆီ ပြောင်းရွှေ့တာမျိုးနဲ့ သူတို့ရဲ့ လက်ရှိအသင်းမှာသာ ဆက်လက် ရှိနေတာမျိုးတွေနဲ့သာ ကြုံတွေ့နေရပါတယ်။

Zawgyi Version

ခရစၥတယ္ ပဲေလ့စ္အသင္းဟာ ဒါဘီေကာင္တီအသင္းရဲ႕ ဆယ္ေက်ာ္သက္ အဂၤလန္ ေတာင္ပံကစားသမားေလး မယ္လ္ကြန္ အက္ဘီအိုေဝကို မန္ခ်က္စတာ ယူနိုက္တက္ အသင္းထက္ လက္ဦးမႈ ရယူခဲ့ၿပီး ေခၚယူသြားနိုင္ေတာ့မွာ ျဖစ္တယ္လို႔ သတင္းမီဒီယာ မ်ားစြာကေန ေဖာ္ျပလာခဲ့ပါတယ္။

ေတာင္ပံကစားသမား အက္ဘီအိုေဝဟာ မႏွစ္ကမွ ယူနိုက္တက္ ဂႏၲဝင္ ဝိန္း႐ြန္နီရဲ႕ ဒါဘီအသင္းအတြက္ စတင္ ကစားခဲ့တာ ျဖစ္ၿပီး ပြဲစဥ္(၁၆)ပြဲအတြင္း (၁)ဂိုးသြင္း (၂)ဂိုး ဖန္တီးေပးနိုင္ခဲ့ပါတယ္။ အသက္ ၁၈ ႏွစ္သာရွိေသးတဲ့ အက္ဘီအိုေဝဟာ ဒါဘီ လူငယ္အသင္းမွာ ျပသခဲ့တဲ့ ‌ေျခစြမ္းေၾကာင့္ ဒါဘီစီနီယာ အသင္းနဲ႕ ပူးေပါင္းခြင့္ ရရွိခဲ့သူပါ။

ေကာင္းမြန္တဲ့ ေျခစြမ္းေတြေၾကာင့္ မန္ယူနိုက္တက္ ပဲေလ့စ္တို႔လို ပရီးမီးယားလိဂ္ အသင္းေတြက စိတ္ဝင္စားခံလာရတဲ့ အက္ဘီအိုေဝဟာ ပရီးမီးယားလိဂ္ရဲ႕ အသင္းၾက ယူနိုက္တက္ထက္ သူ႕အတြက္ ေနရာပိုရနိုင္မယ့္ ဗီအဲရာရဲ႕ ပဲေလ့စ္အသင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ကိုသာ ဆုံးျဖတ္ခဲ့တယ္လို႔ သိရပါတယ္။

ဖာဘရီဇီယိုရိုမာနိုရဲ႕ ေဖာ္ျပခ်က္အရ အက္ဘီအိုေဝဟာ ပဲေလ့စ္နဲ႕ ေဆးစစ္မႈေတြပါ ခံယူၿပီးၿပီ ျဖစ္သလို ၂၀၂၇ ခုႏွစ္အထိ သက္တမ္းရွိတဲ့ စာခ်ဳပ္ကို ခ်ဳပ္ဆိုေတာ့မယ္လို႔ သိရပါတယ္။ အာဆင္နယ္ လူငယ္ အကယ္ဒမီထြက္ အက္ဘီအိုေဝဟာ ယူနိုက္တက္မွာ ေနရာရဖို႔က မလြယ္ တာေၾကာင့္ ပဲေလ့စ္ကိုသာ ေ႐ြးခ်ယ္သြားခဲ့တာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ယူနိုက္တက္ဟာ ကစားသမားသစ္ ေခၚယူဖို႔အတြက္ အခက္အခဲေတြနဲ႕ ဆက္တိုက္ကို ရင္ဆိုင္ေနရၿပီး ပစ္မွတ္ထား ေနတဲ့ ကစားသမားေတြက ယူနိုက္တက္မဟုတ္တဲ့ အျခားအသင္းေတြဆီ ေျပာင္းေ႐ႊ႕တာမ်ိဳးနဲ႕ သူတို႔ရဲ႕ လက္ရွိအသင္းမွာသာ ဆက္လက္ ရွိေနတာမ်ိဳးေတြနဲ႕သာ ႀကဳံေတြ႕ေနရပါတယ္။