Spots news

ယူနိုက်တက်ဖန်တွေ ဝမ်းသာရမယ့် ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ချလိုက်တဲ့ အန်တိုနီ

Unicode Version

မန်ယူနိုက်တက် အသင်းဟာ အေဂျက်ဇ်တောင်ပံကစားသမား အန်တိုနီနဲ့ အလွတ်သဘော ဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒါပေမယ့် အေဂျက်ဇ်အသင်းကို တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ထားခြင်း မရှိသေးကြောင်းလည်း သိရပါတယ်။

ယူနိုက်တက် နည်းပြသစ် အဲရစ်တန်ဟတ်ဟာ အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ ကြိုးပမ်းလျက်ရှိနေပြီး ကာဗာနီ၊ လင်ဂတ်နဲ့ မာတာ အပါအဝင် တိုက်စစ် ကစားသမား တချို့ကို ဆုံးရှူံး ထားရတာကြောင့် ကစားသမားသစ်တွေ ပြန်လည် ဖြည့်တင်းဖို့ လိုအပ်နေတယ်လို့ ဘုတ်အဖွဲ့ကို တွန်းအားပေးလျက် ရှိပါတယ်။

အသက် ၂၂ နှစ်အရွယ်သာ ရှိသေးတဲ့ အန်တိုနီဟာ ဒီဖက်နှစ်တွေမှာ အေဂျက်ဇ်အသင်း အတွက် အထူး ခြေစွမ်းပြ ကစားလျက် ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီမှာ ဆိုရင် ပြိုင်ပွဲစုံ ၃၂ ပွဲပါဝင် ကစားပေးခဲ့ရာ ဂိုးပါဝင် ပတ်သက်မှု ၂၂ ကြိမ်ထိ ရှိထားပါတယ်။ ကိုယ်တိုင် ၁၂ ဂိုးသွင်းပြီး အသင်းဖော်တွေ ကိုတော့ ၁၀ ဂိုး ဖန်တီးပေးထားခဲ့တာပါ။

အန်တိုနီဟာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟတ်နဲ့လည်း အင်မတန် ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရှိနေတာကြောင့် မန်ယူနိုက်တက် အသင်းမှာ တန်ဟတ်နဲ့ ထပ်မံလက်တွဲဖို့ ဆန္ဒပြင်းပြနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

ယူနိုက်တက်ရဲ့တိုက်စစ် ပစ်မှတ်တွေထဲမှာ လိုက်ဇစ်ရဲ့အန်ကွန်ကူ အပါအဝင် တခြား ကစားသမားတချို့လည်း ရှိနေပေမယ့် အန်တိုနီကတော့ အဲရစ်တန်ဟတ်ရဲ့ ဦးစားပေး ပစ်မှတ်အဖြစ် ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အနေနဲ့ အေဂျက်ဇ်ကို တရားဝင်ကမ်းလှမ်းမှု မရှိသေးတာကြောင့် အပြောင်းအရွေ့ဟာ အနည်းငယ်တော့ ကြာဦးမှာပါ။

Zawgyi Version

မန္ယူနိုက္တက္ အသင္းဟာ ေအဂ်က္ဇ္ေတာင္ပံကစားသမား အန္တိုနီနဲ႕ အလြတ္သေဘာ ေဆြးေႏြးမႈေတြ ျပဳလုပ္လ်က္ ရွိေနတယ္လို႔ သတင္းေတြက ဆိုပါတယ္။ ဒါေပမယ့္ ေအဂ်က္ဇ္အသင္းကို တရားဝင္ ကမ္းလွမ္းမႈ ျပဳလုပ္ထားျခင္း မရွိေသးေၾကာင္းလည္း သိရပါတယ္။

ယူနိုက္တက္ နည္းျပသစ္ အဲရစ္တန္ဟတ္ဟာ အသင္းရဲ႕တိုက္စစ္ပိုင္းကို အင္အား ျဖည့္တင္းဖို႔ ႀကိဳးပမ္းလ်က္ရွိေနၿပီး ကာဗာနီ၊ လင္ဂတ္နဲ႕ မာတာ အပါအဝင္ တိုက္စစ္ ကစားသမား တခ်ိဳ႕ကို ဆုံးရႉံး ထားရတာေၾကာင့္ ကစားသမားသစ္ေတြ ျပန္လည္ ျဖည့္တင္းဖို႔ လိုအပ္ေနတယ္လို႔ ဘုတ္အဖြဲ႕ကို တြန္းအားေပးလ်က္ ရွိပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္သာ ရွိေသးတဲ့ အန္တိုနီဟာ ဒီဖက္ႏွစ္ေတြမွာ ေအဂ်က္ဇ္အသင္း အတြက္ အထူး ေျခစြမ္းျပ ကစားလ်က္ ရွိေနပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ေဘာလုံးရာသီမွာ ဆိုရင္ ၿပိဳင္ပြဲစုံ ၃၂ ပြဲပါဝင္ ကစားေပးခဲ့ရာ ဂိုးပါဝင္ ပတ္သက္မႈ ၂၂ ႀကိမ္ထိ ရွိထားပါတယ္။ ကိုယ္တိုင္ ၁၂ ဂိုးသြင္းၿပီး အသင္းေဖာ္ေတြ ကိုေတာ့ ၁၀ ဂိုး ဖန္တီးေပးထားခဲ့တာပါ။

အန္တိုနီဟာ ယူနိုက္တက္ နည္းျပ အဲရစ္တန္ဟတ္နဲ႕လည္း အင္မတန္ ေကာင္းမြန္တဲ့ ဆက္ဆံေရးမ်ိဳး ရွိေနတာေၾကာင့္ မန္ယူနိုက္တက္ အသင္းမွာ တန္ဟတ္နဲ႕ ထပ္မံလက္တြဲဖို႔ ဆႏၵျပင္းျပေနတယ္လို႔ သတင္းေတြက ဆိုပါတယ္။

ယူနိုက္တက္ရဲ႕တိုက္စစ္ ပစ္မွတ္ေတြထဲမွာ လိုက္ဇစ္ရဲ႕အန္ကြန္ကူ အပါအဝင္ တျခား ကစားသမားတခ်ိဳ႕လည္း ရွိေနေပမယ့္ အန္တိုနီကေတာ့ အဲရစ္တန္ဟတ္ရဲ႕ ဦးစားေပး ပစ္မွတ္အျဖစ္ ရွိေနခဲ့တာလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ ယူနိုက္တက္အေနနဲ႕ ေအဂ်က္ဇ္ကို တရားဝင္ကမ္းလွမ္းမႈ မရွိေသးတာေၾကာင့္ အေျပာင္းအေ႐ြ႕ဟာ အနည္းငယ္ေတာ့ ၾကာဦးမွာပါ။