Spots news

တူချယ်ကြောင့် ဒီကလင်းရိုက်စ် ကိုမခေါ်တော့မဲ့ ချဲလ်ဆီးနဲ့ မနက်ခင်း သတင်းတိုများ

Unicode Version

ချယ်လ်ဆီးအသင်းအနေနဲ့ အသင်းရဲ့နည်းပြ ဖရန့်လမ်းပတ်က ရာထူးကနေ ထုတ်ပယ်ပြီး ပီအက်စ်ဂျီနည်းပြဟောင်း တူချယ်လ်ကို ပြောင်းလဲခန့်အပ်လိုက်မှုရဲ့ နောက်ဆက်တွဲအဖြစ်

ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်ကစားသမား ဒစ်ကလင်း ရိုက်စ်ကို ခေါ်ယူမယ့်ကိစ္စမှာပါ သွားပြီးအကျိုးသက်ရောက်နိုင်ကာ ကမ်းလှမ်းထားမှုတွေ ရပ်တန့်သွားဖွယ် ရှိနေပါတယ်။

၂၀၂၁ခုနှစ် ဇန်နဝါရီလထဲမှာ ကျင်းပပြုလုပ်သွားဖို့အတွက် စီစဉ်ထားခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌသစ်ရွေးကောက်တင်မြှောက်ခံမယ့် အစီအစဉ်ဟာ ကိုဗစ်ပျံ့ပွားမှုတွေ

ဆက်လက်ရှိနေသေးတဲ့အတွက် ရွေးကောက်ပွဲကို ရွေ့ဆိုင်းထားခဲ့ရပြီး လာမယ့် မတ်လ(၇)ရက်နေ့မှသာ ပြန်လည်ကျင်းပသွားမှာဖြစ်တယ်လို့ တရားဝင်ထုတ်ပြန်လာခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ အဝေးကွင်းနိုင်ပွဲ လုံးဝကို မရှိထားသေးတဲ့ ရှက်ဖီးက အမှတ်ပေးဇယားထိပ်နားက ယူနိုက်တက်ကို အိုးထရက်ဖိုဒ့်ကွင်းအတွင်းမှာ ၁-၂ ရလဒ်ဖြင့် အနိုင်ယူကာ ပထမအကျော့ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ ပါတယ်။

ယူနိုက်တက်ကတော့ဒီရာသီ ပရီးမီးယားလိဂ် စတုတ္ထမြောက် အိမ်ကွင်းရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရတာဖြစ်ပြီး ဇယားအောက်နားက အသင်းကို ရှုံးနိမ့်ခဲ့ရတာဖြစ်လို့ အထိနာခဲ့ရပါတယ်

ချဲလ်ဆီးနည်းပြသစ်တူချယ်ရဲ့ ဦးဆောင်မှုနဲ့အတူ ပုံစံအသစ်နဲ့ မြင်တွေ့ခဲ့ရတဲ့ ချဲလ်ဆီးအသင်းရဲ့ ကစားပုံက တော်တော်လေး အားရဖို့ကောင်းပါတယ်။

ဒါပေမယ့် အပေးအယူ လုပ်နေတာက များပြီး ဖန်တီးမှုတွေ နည်းခဲ့သလို အဆုံးသတ်ပုံတွေကလည်း တော်တော်လေး စိတ်ပျက်ဖို့ ကောင်းခဲ့ပြီး တူချယ်ရဲ့ ပွဲဦးထွက်က ဂိုးမရှိသရေနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။