Spots news

လိဒ်ကွင်းလယ်လူ ကယ်ဗင်ဖီးလစ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တဲ့ မန်စီးတီး

Unicode Version

ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ အသင်းဖြစ်တဲ့ မန်ချက်စတာစီးတီး အသင်းရဲ့ လိုအပ်ချက်လဲ ဖြစ် ကာလရှည် ပစ်မှတ်လဲ ဖြစ်တဲ့ လိဒ်ယူနိုက်တက် ကွင်းလယ်လူ ကယ်ဗင်ဖီးလစ်ကို ပြောင်းရွေ့ကြေး ပေါင် 45 သန်း ဝန်းကျင်ဖြင့် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ် ။

မန်စီးတီး အသင်းဟာ ကယ်ဗင်ဖီးလစ်ကို ခေါ်ယူဖို့ ကိစ္စနဲ့ ပက်သက်ပြီး လိဒ်ယူနိုက်တက်နဲ့ သဘောတူညီမှု ရယူနိုင်ခဲ့တာပါ။ စီးတီးနဲ့ လိဒ်တို့ကြား ပြောင်းရွေ့ကြေးနဲ့ ပက်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေ အဆင်ပြေခဲ့တာကြောင့် အင်္ဂလန် လက်ရွေးစင်ဟာ အီတီဟတ်ကို ပြောင်းရွေ့ဖို့ နီးစပ်သွားခဲ့ပြီ ဖြစ်ပါတယ်။

မန်စီးတီးက ဖီးလစ်အတွက် လိဒ်ယူနိုက်တက်ထံ ကနဦး ပြောင်းရွှေ့ကြေး ပေါင် 42 သန်း + အပိုဆုကြေး ပေါင် 3 သန်း ပေးချေရဖို့ ရှိနေသလို အသင်းရဲ့ လူငယ်ကွင်းလယ်လူ ဂါယာဘီကိုလည်း လိဒ်ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ပေါင် 5 သန်းနဲ့ ပြောင်းရွှေ့ခွင့် ပေးခဲ့ရပါတယ်။

ဒါကြောင့် အပြောင်းအရွှေ့ တခုလုံးကို ခြုံကြည့်လိုက်ရင် မန်စီးတီးက လိဒ်ယူနိုက်တက်ဆီ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၃၇သန်း + အပိုဆုကြေး ပေါင် ၃သန်းပဲ ပေးချေရပါတော့မယ်။ လက်ရှိမှာတော့ မန်စီးတီးက ဖီးလစ်နဲ့ စာချုပ်ကိစ္စ ဆွေးနွေးမှုတွေကို ဆက်လက် ပြုလုပ်နေပါတယ်။

မနိစီးတီးရဲ့ စိတ်၀င်စားမှု ထွက်ပေါ်လာချိန်မှာတော့ ဖီးလစ်ဟာ အီတီဟတ်ကို ပြောင်းဖို့အတွက် စိတ်အား ထက်သန်နေခဲ့တာ ဖြစ်ပြီး ဒီအပြောင်းအရွေ့ဟာ ချန်ပီယံလိဂ်မှာ ကစားခွင့်ရမယ့် အပြင် လာမည့် ကာတာ ကမ္ဘာ့ဖလား အတွက် အင်္ဂလန် လက်ရွေးစင် အသင်းမှာ နေရာ တစ်နေရာ ရရှိနိုင်ဖို့လည်း သေချာသွားခဲ့သလိုပါပဲ။

Zawgyi Version




