Spots news

ယူရိုပါလိဂ် ကန်ရတာခြင်းအတူတူ အပြောင်းအရွေ့မှာ ဂိတ်ထက် လက်သွက်တဲ့ ဂန်းနား

Unicode Version

ယူရိုပါလိဂ်ပဲ ကန်ရတာခြင်း အတူတူဖြစ် ပေမယ့် အာဆင်နယ် အသင်းကတော့ ယခုနွေရာသီ အပြောင်းအရွေ့မှာ ယူရိုပါလိဂ် အတူကန်မယ့် မန်ချက်စတာ ယူနိုက်တက် အသင်းထက် သွက်လက်စွာ လှုပ်ရှား နေခဲ့ပြီး ယခုတော့ အသင်းရဲ့ ဦးစားပေး ပစ်မှတ်ဖြစ်တဲ့ မန်စီးတီးတိုက်စစ်မှူး ဂါဘရီဂျီးဆပ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။

ယမန်နေ့က ကစားသမားရဲ့ အပြောင်းအရွေ့ အတွက် သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပြီး ယနေ့မနက် အစောပိုင်းက မန်စီးတီးနဲ့ အာဆင်နယ်တို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အစည်းအဝေးအပြီးမှာ ပြောင်းရွေ့ကြေး ပေါင် 45 သန်း ဖြင့် မန်စီးတီး အသင်းနဲ့ သဘောတူညီမှု ရခဲ့တာပါ။

မန်စီးတီး အသင်းဟာ မနေ့က အပြောင်းအရွေ့နှစ်ခုကို တစ်ရက်ထဲမှာ ပြီးမြောက်အောင် ပြုလုပ်ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ မနေ့ကညမှာ လိဒ်ယူနိုက်တက် ကွင်းလယ် ကစားသမား ကယ်ဗင်ဖီးလစ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီး အသင်းရဲ့ တိုက်စစ်မှူး ဂျီးဆပ်ကိုလဲ အာဆင်နယ်ကို ရောင်းချ နိုင်ခဲ့ပါတယ်။

အသက် 25 နှစ်အရွယ် ဘရာဇီး လက်ရွေးစင် တိုက်စစ်မှူး ဂျီးဆပ်အတွက် လာရောက် ချိတ်ဆက်မှု ပြုလုပ်ခဲ့တဲ့ ကလပ်အသင်း 5 သင်းအထိ ရှိကြောင်း သိရပါပြီး ဂျီးဆပ်ကတော့ အပြောင်းအရွေ့ကို ကိုယ်တိုင် စိတ်လှုပ်ရှား နေခဲ့ပြီး သူ့ရဲ့ အနာဂတ်အတွက် ယတိပြတ် ဆုံးဖြတ်ချက်ကို မချထားခဲ့ပါဘူး။

လက်ရှိ အချိန်မှာ ဂျီးဆပ်ရဲ့ အေးဂျင့်ဖြစ်သူနဲ့ အာဆင်နယ်အသင်း တာဝန်ရှိသူတွေဟာ လုပ်ခလစာနဲ့ စာချုပ်ပါ အချက်အလက်များအတွက် ဆွေးနွေးမှုများ ပြုလုပ်နေကြပြီး အပြောင်းအရွေ့ဟာ ရာနှုန်းပြည့် သေချာသွားပြီ ဖြစ်ကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြထားပါပြီ။

Zawgyi Version

ယူရိုပါလိဂ္ပဲ ကန္ရတာျခင္း အတူတူျဖစ္ ေပမယ့္ အာဆင္နယ္ အသင္းကေတာ့ ယခုေႏြရာသီ အေျပာင္းအေ႐ြ႕မွာ ယူရိုပါလိဂ္ အတူကန္မယ့္ မန္ခ်က္စတာ ယူနိုက္တက္ အသင္းထက္ သြက္လက္စြာ လႈပ္ရွား ေနခဲ့ၿပီး ယခုေတာ့ အသင္းရဲ႕ ဦးစားေပး ပစ္မွတ္ျဖစ္တဲ့ မန္စီးတီးတိုက္စစ္မႉး ဂါဘရီဂ်ီးဆပ္ကို ေခၚယူဖို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီ ျဖစ္ပါတယ္။

ယမန္ေန႕က ကစားသမားရဲ႕ အေျပာင္းအေ႐ြ႕ အတြက္ သေဘာတူညီမႈ ရရွိခဲ့တာ ျဖစ္ၿပီး ယေန႕မနက္ အေစာပိုင္းက မန္စီးတီးနဲ႕ အာဆင္နယ္တို႔ ေနာက္ဆုံး ျပဳလုပ္ခဲ့တဲ့ အစည္းအေဝးအၿပီးမွာ ေျပာင္းေ႐ြ႕ေၾကး ေပါင္ 45 သန္း ျဖင့္ မန္စီးတီး အသင္းနဲ႕ သေဘာတူညီမႈ ရခဲ့တာပါ။

မန္စီးတီး အသင္းဟာ မေန႕က အေျပာင္းအေ႐ြ႕ႏွစ္ခုကို တစ္ရက္ထဲမွာ ၿပီးေျမာက္ေအာင္ ျပဳလုပ္ခဲ့ပါတယ္။ မန္စီးတီးအသင္းဟာ မေန႕ကညမွာ လိဒ္ယူနိုက္တက္ ကြင္းလယ္ ကစားသမား ကယ္ဗင္ဖီးလစ္ကို ေခၚယူဖို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီး အသင္းရဲ႕ တိုက္စစ္မႉး ဂ်ီးဆပ္ကိုလဲ အာဆင္နယ္ကို ေရာင္းခ် နိုင္ခဲ့ပါတယ္။

အသက္ 25 ႏွစ္အ႐ြယ္ ဘရာဇီး လက္ေ႐ြးစင္ တိုက္စစ္မႉး ဂ်ီးဆပ္အတြက္ လာေရာက္ ခ်ိတ္ဆက္မႈ ျပဳလုပ္ခဲ့တဲ့ ကလပ္အသင္း 5 သင္းအထိ ရွိေၾကာင္း သိရပါၿပီး ဂ်ီးဆပ္ကေတာ့ အေျပာင္းအေ႐ြ႕ကို ကိုယ္တိုင္ စိတ္လႈပ္ရွား ေနခဲ့ၿပီး သူ႕ရဲ႕ အနာဂတ္အတြက္ ယတိျပတ္ ဆုံးျဖတ္ခ်က္ကို မခ်ထားခဲ့ပါဘူး။

လက္ရွိ အခ်ိန္မွာ ဂ်ီးဆပ္ရဲ႕ ေအးဂ်င့္ျဖစ္သူနဲ႕ အာဆင္နယ္အသင္း တာဝန္ရွိသူေတြဟာ လုပ္ခလစာနဲ႕ စာခ်ဳပ္ပါ အခ်က္အလက္မ်ားအတြက္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ေနၾကၿပီး အေျပာင္းအေ႐ြ႕ဟာ ရာႏႈန္းျပည့္ ေသခ်ာသြားၿပီ ျဖစ္ေၾကာင္း ဖာဘရီဇီယို ရိုမာနိုက ေဖာ္ျပထားပါၿပီ။