Spots news

အမှုမှာ အနိုင်ရပြီး ယူနိုက်တက် တိုက်စစ်မှာ ပြန်လည် ပါဝင်နိုင်တော့မယ့် ဂရင်းဝုဒ်

Unicode Version

ဂရင်းဝုဒ်နဲ့ ပတ်သက်ပြီး စွဲချက်တင်မူအရ ဂရိတ်မန်ချက်စတာ ရဲများမှ အာမခံ(၆)လ အတွင်း အသေးစိတ် စုံစမ်း စစ်ဆေးမူများ ပြုလုပ်ခဲ့ကြပါတယ်။ ယင်းအချိန် တွင်းမှာ ဂရင်းဝုဒ်ဟာ နေအိမ်အကျယ်ဖြင့်သာ နေထိုင်ခဲ့ရပြီး ယင်းနိုင်ငံရဲ့ စည်းမျဥ်း အရ စွဲချက် တင်ခံရသူအား လျှော့ပါးသော ဝန်ဆောင်မူတို့ကို ဂရင်းဝုဒ်အား ဖြတ်တောက်ခဲ့ပါတယ်။

အဆက်သွယ် လုပ်ခြင်းမရှိ၊ ပြည်ပ ထွက်ခွာခွင့် မရ၊ အစရှိသဖြင့် တခြား မဖော်ပြထားသော အခွင့်ရေး တချို့လဲ ပိတ်ပင်ခံခဲ့ ရပါတယ်။ယူနိုက်တက် အသင်းဖက်ကလဲ ယင်းကစားသမားအား စုံစမ်း စစ်ဆေးနေစဥ် ကာလအတွင်း အသင်းမှယာယီ ထုတ်ပယ် ထားခဲ့ပါတယ်။

ယခုအခါ မနေ့ကရုံးချိန်မှာ ဂရိတ်မန်ချက်စတာရဲများမှ ထုတ်ပြန်ချက်များ အရ ”ဂရင်းဝုဒ်မှာနောက်ထပ် ပြစ်မူများအပြင်၊ စွဲချက် တင်ပြစ်မူများမှာလဲ သက်သေ အထောက်ထား ခိုင်လုံစွာမတွေ့ရှိသည့် အတွက် ယင်းစွဲချက်မှ လွတ်မြောက်နိုင်ကြောင်း ပြောခဲ့ပါတယ်။

သို့ပေမယ့်လဲ နောက်ဆုံး တစုံတရာ မထုတ်ပြန်ခင်မှာ ဂရင်းဝုဒ်အနေနဲ့ နေအိမ် အကျယ်ဖြင့်သာနေရမည် ဖြစ်ကြောင်း စသည်တို့ ပါဝင်ပါတယ်။ နောက်တစ်ပတ် အတွင်းမှာ ဆုံးဖြတ်ချက် ချမှတ်မည် ဖြစ်သည်။ ယင်းဆုံးဖြတ်ချက် အပေါ် ယူနိုက်တက် အသင်းက အထူးအလေးပေး စောင့်ဆိုင်းနေကြောင်းလဲ သိရပါတယ်။

Zawgyi Version



