Spots news

ပရီးမီးယားလိဂ်ရဲ့ ချိန်ပါကြီး နှစ်သင်းကို အသည်းခွဲလိုက် ပြန်တဲ့ အန်ကွန်ကူ

Unicode Version

ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီမှာ လိုက်ဇစ် အတွက် အထူးခြေစွမ်းပြ ကစားခဲ့သူ အန်ကွန်ကူကို မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီး အပါအဝင် ထိပ်တန်းကလပ် အသင်း အတော်များများက ခေါ်ယူဖို့ ပစ်မှတ်ထား နေပေမယ့် အန်ကွန်ကူကိုယ်တိုင်ကတော့ လိုက်ဇစ်မှာပဲ ဆက်ရှိနေဖို့ကို ရွေးချယ်ခဲ့ ပါတယ်။

အန်ကွန်ကူဟာ လိုက်ဇစ်အသင်းမှာ ၂၀၂၆ ခုနှစ်အထိ ဆက်ရှိနေမယ့် စာချုပ်သစ် တစ်ရပ်ကို လက်မှတ်ရေးထိုး ခဲ့တာလည်း ဖြစ်ပါတယ်။ အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ခံရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူ မိပေမယ့် လိုက်ဇစ်မှာ သူ့ရဲ့ ရည်မှန်းချက်တွေ မပြည့်မြောက်သေးတာကြောင့် အခုလို ရွေးချယ်ခဲ့ခြင်း ဖြစ်တယ်လို့လည်း အန်ကွန်ကူက ဆိုပါတယ်။

“ဥရောပ ထိပ်တန်းကလပ် အသင်းတွေရဲ့ စိတ်ပါဝင်စားမှုကို ခံယူရတာ တကယ်ကို ကျေနပ်စရာကောင်းပါတယ်။ ဒါပေမယ့် လိုက်ဇစ်မှာ ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေ ကလည်း မပြည့်မြောက်သေးပါဘူး။ DFB ပိုကယ်ဖလားကို ရရှိခဲ့ပြီးနောက် ကျွန်တော် နောက်ထပ် နောက်ထပ် အောင်မြင်မှုတွေ ထပ်မံရယူဖို့ ဆန္ဒပြင်းပြနေပါတယ်။ ”

” ဒါကြောင့် အခုလိုမျိုး အသင်းမှာ ဆက်ရှိနေဖို့ ရွေးချယ် ဖြစ်ခဲ့တာပါ။ လိုက်ဇစ်ဂျာစီကို ဆက်လက် ဝတ်ဆင်ခွင့် ရနေခြင်း အတွက်လည်း ကျွန်တော် ဂုဏ်ယူမိပါတယ်”လို့ အန်ကွန်ကူက ပြောကြား ခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ပြင်သစ်တိုက်စစ် ကစားသမား အန်ကွန်ကူဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီ၊ လိုက်ဇစ်အသင်း အတွက် ပြိုင်ပွဲစုံပွဲ ၅၀ ကစားပေးခဲ့ရာမှာ ၃၅ ဂိုးသွင်းပြီး ၁၉ ဂိုးဖန်တီးပေး နိုင်ခဲ့သူ ဖြစ်ပါတယ်။

Zawgyi Version

ၿပီးခဲ့တဲ့ႏွစ္ ေဘာလုံးရာသီမွာ လိုက္ဇစ္ အတြက္ အထူးေျခစြမ္းျပ ကစားခဲ့သူ အန္ကြန္ကူကို မန္ခ်က္စတာ ယူနိုက္တက္နဲ႕ ခ်ယ္လ္ဆီး အပါအဝင္ ထိပ္တန္းကလပ္ အသင္း အေတာ္မ်ားမ်ားက ေခၚယူဖို႔ ပစ္မွတ္ထား ေနေပမယ့္ အန္ကြန္ကူကိုယ္တိုင္ကေတာ့ လိုက္ဇစ္မွာပဲ ဆက္ရွိေနဖို႔ကို ေ႐ြးခ်ယ္ခဲ့ ပါတယ္။

အန္ကြန္ကူဟာ လိုက္ဇစ္အသင္းမွာ ၂၀၂၆ ခုႏွစ္အထိ ဆက္ရွိေနမယ့္ စာခ်ဳပ္သစ္ တစ္ရပ္ကို လက္မွတ္ေရးထိုး ခဲ့တာလည္း ျဖစ္ပါတယ္။ အသင္းႀကီးေတြရဲ႕ စိတ္ဝင္စားမႈကို ခံရတဲ့အတြက္ ဝမ္းေျမာက္ဂုဏ္ယူ မိေပမယ့္ လိုက္ဇစ္မွာ သူ႕ရဲ႕ ရည္မွန္းခ်က္ေတြ မျပည့္ေျမာက္ေသးတာေၾကာင့္ အခုလို ေ႐ြးခ်ယ္ခဲ့ျခင္း ျဖစ္တယ္လို႔လည္း အန္ကြန္ကူက ဆိုပါတယ္။

“ဥေရာပ ထိပ္တန္းကလပ္ အသင္းေတြရဲ႕ စိတ္ပါဝင္စားမႈကို ခံယူရတာ တကယ္ကို ေက်နပ္စရာေကာင္းပါတယ္။ ဒါေပမယ့္ လိုက္ဇစ္မွာ ကြၽန္ေတာ့္ရဲ႕ ရည္မွန္းခ်က္ေတြ ကလည္း မျပည့္ေျမာက္ေသးပါဘူး။ DFB ပိုကယ္ဖလားကို ရရွိခဲ့ၿပီးေနာက္ ကြၽန္ေတာ္ ေနာက္ထပ္ ေနာက္ထပ္ ေအာင္ျမင္မႈေတြ ထပ္မံရယူဖို႔ ဆႏၵျပင္းျပေနပါတယ္။ ”

” ဒါေၾကာင့္ အခုလိုမ်ိဳး အသင္းမွာ ဆက္ရွိေနဖို႔ ေ႐ြးခ်ယ္ ျဖစ္ခဲ့တာပါ။ လိုက္ဇစ္ဂ်ာစီကို ဆက္လက္ ဝတ္ဆင္ခြင့္ ရေနျခင္း အတြက္လည္း ကြၽန္ေတာ္ ဂုဏ္ယူမိပါတယ္”လို႔ အန္ကြန္ကူက ေျပာၾကား ခဲ့ပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ ျပင္သစ္တိုက္စစ္ ကစားသမား အန္ကြန္ကူဟာ ၿပီးခဲ့တဲ့ႏွစ္ ေဘာလုံးရာသီ၊ လိုက္ဇစ္အသင္း အတြက္ ၿပိဳင္ပြဲစုံပြဲ ၅၀ ကစားေပးခဲ့ရာမွာ ၃၅ ဂိုးသြင္းၿပီး ၁၉ ဂိုးဖန္တီးေပး နိုင္ခဲ့သူ ျဖစ္ပါတယ္။