Spots news

လာမယ့် ရာသီမှာ ကျောနံပါတ်သစ်ကို ပြောင်းလဲ ဝတ်ဆင်မယ့် ဘရူနို ဖာနန်ဒက်စ်

Unicode Version

ယခု‌ နွေရာသီ အပြောင်းအ‌ရွေ့မှာ အသင်းရဲ့ အဓိက ကစားသမား ၅ ယောက်ခန့် အသင်းမှ ထွက်ခွာသွားတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ကတော့ အသင်းကနေ ထွက်ခွာသွားတဲ့ အသင်းဖော်ဟောင်း မာတာရဲ့ ကျောနံပါတ် ၈ ကို လာမယ့် ဘောလုံးရာသီမှာ ပြောင်းလဲ ဝတ်ဆင် သွားမယ်လို့ သိရပါတယ်။

ပေါ်တူဂီ ကွင်းလယ် ကစားသမား ဖာနန်ဒက်စ်ဟာ စပို့တင်းမှာ ကစားခဲ့တဲ့ ၃ ရာသီလုံးကို ကျောနံပါတ် ၈ ကိုသာ ဝတ်ဆင်ခဲ့ ပေမယ့် ယူနိုက်တက်မှာတော့ ဂန္တဝင်ကျောနံပါတ် တစ်ခုဖြစ်တဲ့ နံပါတ် ၈ ကို မာတာက ချဲလ်ဆီးကနေ ရောက်လာတဲ့ ၂၀၁၄ ကတည်းက ပိုင်ဆိုင်ထားတာကြောင့် နံပါတ် ၁၈ ကို ယူခဲ့ရပါတယ်။

ဒါပေမယ့် ကွင်းလယ်လူ မာတာဟာ ယခုနွေရာသီ အပြောင်းအရွေ့မှာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီး အသင်းကနေ တရားဝင် ထွက်ခွာ သွားခဲ့ပြီ ဖြစ်ပါတယ်။ မာတာဟာ ယူနိုက်တက်မှာ ရှစ်နှစ်ကြာ ကစားခဲ့ပြီး အသင်းပရိတ်သတ်တွေရဲ့ အချစ်တော် ကစားသမား အဖြစ် ထွက်ခွာ သွားခဲ့တာပါ။

မာတာ ထွက်ခွာသွားပြီးနောက် အသင်းရဲ့ အဓိက ကစားသမား ဘရူနို ဖာနန်ဒက်စ်ဟာ ကျောနံပါတ် ၈ ကို လာမယ့် ရာသီမှာ ပြောင်းလဲ ဝတ်ဆင်မှာ ဖြစ်ပါတယ်။ ဘရူနိုဟာ ယူနိုက်တက်နဲ့ ကာလရှည် စာချုပ်သစ် ချုပ်ဆိုခဲ့တုန်းကလဲ ကျောနံပါတ် ၈ ကို လိုချင်တဲ့ ဆန္ဒရှိကြောင်း ဖြေခဲ့ဘူးပါတယ်။

ယူနိုက်တက်ဟာ ယခု နွေရာသီ အပြောင်းအရွေ့မှာ အသင်းရဲ့ စီနီယာ ကစားသမားတွေ ဖြစ်တဲ့ ကွင်းလယ်လူ ပေါ့ဘာ ၊ မာတာ ၊ မာတစ် ၊ လင်ဂတ် အပြင် တိုက်စစ်မှူး ကာဗာနီကိုလဲ အသင်းကနေ လက်လွှတ်ထားရပြီ ဖြစ်ပါတယ်။ သို့ပေမယ့် ကစားသမားသစ် ခေါ်ယူနိုင်ခြင်းတော့ မရှိသေးပါဘူး။

Zawgyi Version

ယခု‌ ေႏြရာသီ အေျပာင္းအ‌ေ႐ြ႕မွာ အသင္းရဲ႕ အဓိက ကစားသမား ၅ ေယာက္ခန႔္ အသင္းမွ ထြက္ခြာသြားတဲ့ မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ ကြင္းလယ္လူ ဘ႐ူနို ဖာနန္ဒက္စ္ ကေတာ့ အသင္းကေန ထြက္ခြာသြားတဲ့ အသင္းေဖာ္ေဟာင္း မာတာရဲ႕ ေက်ာနံပါတ္ ၈ ကို လာမယ့္ ေဘာလုံးရာသီမွာ ေျပာင္းလဲ ဝတ္ဆင္ သြားမယ္လို႔ သိရပါတယ္။

ေပၚတူဂီ ကြင္းလယ္ ကစားသမား ဖာနန္ဒက္စ္ဟာ စပို႔တင္းမွာ ကစားခဲ့တဲ့ ၃ ရာသီလုံးကို ေက်ာနံပါတ္ ၈ ကိုသာ ဝတ္ဆင္ခဲ့ ေပမယ့္ ယူနိုက္တက္မွာေတာ့ ဂႏၲဝင္ေက်ာနံပါတ္ တစ္ခုျဖစ္တဲ့ နံပါတ္ ၈ ကို မာတာက ခ်ဲလ္ဆီးကေန ေရာက္လာတဲ့ ၂၀၁၄ ကတည္းက ပိုင္ဆိုင္ထားတာေၾကာင့္ နံပါတ္ ၁၈ ကို ယူခဲ့ရပါတယ္။

ဒါေပမယ့္ ကြင္းလယ္လူ မာတာဟာ ယခုေႏြရာသီ အေျပာင္းအေ႐ြ႕မွာ ယူနိုက္တက္နဲ႕ စာခ်ဳပ္သက္တမ္း ကုန္ဆုံးခဲ့ၿပီး အသင္းကေန တရားဝင္ ထြက္ခြာ သြားခဲ့ၿပီ ျဖစ္ပါတယ္။ မာတာဟာ ယူနိုက္တက္မွာ ရွစ္ႏွစ္ၾကာ ကစားခဲ့ၿပီး အသင္းပရိတ္သတ္ေတြရဲ႕ အခ်စ္ေတာ္ ကစားသမား အျဖစ္ ထြက္ခြာ သြားခဲ့တာပါ။

မာတာ ထြက္ခြာသြားၿပီးေနာက္ အသင္းရဲ႕ အဓိက ကစားသမား ဘ႐ူနို ဖာနန္ဒက္စ္ဟာ ေက်ာနံပါတ္ ၈ ကို လာမယ့္ ရာသီမွာ ေျပာင္းလဲ ဝတ္ဆင္မွာ ျဖစ္ပါတယ္။ ဘ႐ူနိုဟာ ယူနိုက္တက္နဲ႕ ကာလရွည္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့တုန္းကလဲ ေက်ာနံပါတ္ ၈ ကို လိုခ်င္တဲ့ ဆႏၵရွိေၾကာင္း ေျဖခဲ့ဘူးပါတယ္။

ယူနိုက္တက္ဟာ ယခု ေႏြရာသီ အေျပာင္းအေ႐ြ႕မွာ အသင္းရဲ႕ စီနီယာ ကစားသမားေတြ ျဖစ္တဲ့ ကြင္းလယ္လူ ေပါ့ဘာ ၊ မာတာ ၊ မာတစ္ ၊ လင္ဂတ္ အျပင္ တိုက္စစ္မႉး ကာဗာနီကိုလဲ အသင္းကေန လက္လႊတ္ထားရၿပီ ျဖစ္ပါတယ္။ သို႔ေပမယ့္ ကစားသမားသစ္ ေခၚယူနိုင္ျခင္းေတာ့ မရွိေသးပါဘူး။